နိုင်ငံတကာက သားဖွားမီးယပ်ပညာရှင်တွေကတော့ ရာသီလာစဉ်မှာ ဒါလေးတွေမလုပ်ဖို့ တားမြစ်ထားပါတယ်။

blank

ကျွန်မတို့ ပျိုဖော်စဝင်ကတည်းက ကျွန်မတို့ရဲ့ မိခင်၊ အစ်မစတဲ့သူတွေက ရာသီလာနေစဉ်မှာ ရှောင်သင့်တဲ့အချက်လေးတွေကို တီးတိုးဆုံးမခဲ့ကြတယ်။ မတူညီတဲ့ ဓလေ့ထုံးတမ်း၊ တောတောင်သဘာဝ၊ ရာသီဥတုကိုလိုက်ပြီး ရာသီလာစဉ်မှာ ရှောင်ကြဉ်တဲ့အချက်လေးတွေကလည်း အနည်းငယ်စီကွဲပြားကြပါတယ်။ ဒါကြောင့် မတူညီတဲ့ အယူအဆတွေကြောင့် ဘယ်အချက်တွေကို ရှောင်ကြဉ်ရမယ်ဆိုတာကို ဝေခွဲမရဖြစ်နေတဲ့ ဂန္ထဝင်စာချစ်သူ လုံမပျိုတို့အတွက် နိုင်ငံတကာ သွားဖွားမီးယပ်ပညာရှင်တွေပြောပြတဲ့ ရာသီလာနေစဉ်ရှောင်ကြည်သင့်တဲ့ အရာတချို့ကို တင်ဆက်ပေးလိုက်ပါတယ်ရှင်။

၁။ အပူအစပ်နဲ့ အငံတွေကို အလွန်အမင်း စားသောက်ခြင်းမပြုပါနဲ့။

၂။ ကဖိန်းဓာတ်ပါတဲ့ အစားအသောက်တွေကို အလွန်အမင်းစားသောက်ခြင်းမပြုပါနဲ့။

၃။ ရာသီလာနေစဉ်မှာ ရောဂါကူးစက်ဖို့ ပိုမိုလွယ်ကူတာကြောင့် အကာအကွယ်မသုံးဘဲ လိင်ဆက်ဆံခြင်း မပြုလုပ်ပါနဲ့။

၎။ မိန်းမကိုယ်အတွင်းပိုင်းအထိ အလွန်အမင်း ပွတ်တိုက်ဆေးကြောခြင်း မပြုလုပ်ပါနဲ့။

၅။ အမွေးနံ့ပါတဲ့ မိန်းမကိုယ်သန့်စင်ဆေးရည်တွေကို အသုံးမပြုပါနဲ့။

၆။ ရာသီစက်ဝန်း နာကျင်ကိုက်ခဲမှုတွေကို သက်သာစေတဲ့  ဆေးဝါးတွေကို မှီဝဲသောက်သုံးဖို့ မတွန့်ဆုတ်ပါနဲ့။

၇။ Pad ကို အချိန်အကြာကြီး မလဲလှယ်ဘဲ ဝတ်ဆင်ထားခြင်း မပြုလုပ်ပါနဲ့။

၈။ ပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရှားမှုတွေ၊ အလေးအပင် မ တာမျိုးတွေကို မပြုလုပ်ပါနဲ့။

၉။ ခန္ဓာကိုယ်ကို နွေးနွေးထွေးထွေးနေဖို့ မမေ့ပါနဲ့။

၁ဝ။ တင်းကြပ်လွန်းတဲ့ ဂျင်းဘောင်းဘီတွေ၊ သန့်ရှင်းမှုမရှိတဲ့ အတွင်းခံဘောင်းဘီတွေကို မဝတ်ဆင်ပါနဲ့။

စာချစ်သူပျိုမေတို့ရေ…
ရာသီစက်ဝန်းကာလတွေကို ပျော်ရွှင်ကျန်းမာစွာဖြတ်သန်းနိုင်ဖို့ဆိုတာ မိန်းကလေးတိုင်းအတွက် အရေးကြီးတဲ့အခန်းကဏ္ဍတစ်ခုပဲဖြစ်ပါတယ်။ ဒါကြောင့် ကျန်းမာရေးကို ဂရုစိုက်တတ်တဲ့ မိန်းကလေးတိုင်းဟာ Prim_E ကို တစ်နေ့တစ်လုံးမှန်မှန်သောက်သုံးကြပါတယ်။ ရာသီစက်ဝန်းကာလမှာ ကြုံတွေရတဲ့ နာကျင်ကိုက်ခဲမှုတွေကို လျော့ပါးသက်သာစေတဲ့အပြင် သားအိမ်ကိုသန့်စင်ပေးနိုင်ခြင်း၊ အသားအရေကိုဝင်းပကြည်လင်စေခြင်း၊ စိတ်ကိုကြည်လင်လန်းဆန်းစေခြင်း အစရှိတဲ့ အကျိုးကျေးဇူးပေါင်းများစွာရှိနေတဲ့ Prim-E ဟာ ပျိုမေတိုင်းအတွက် မိတ်ဆွေကောင်းတစ်ပါးပဲ မဟုတ်လား။

ဒါကြောင့်….
သွက်လက်ထက်မြက်တဲ့ မိန်းကလေးတိုင်းရဲ့ နောက်ကွယ်မှာ Prim_E ရှိတယ်လို့ ညွှန်းဆိုပါရစေရှင်။
စာချစ်သူတို့ရဲ့ ကျန်းမာရေးဗဟုသုတအတွက် ဂန္ထဝင် မဂ္ဂဇင်း နှင့် ပျိုမေတို့ရဲ့ ကျန်းမာခြင်းအတွက် အလိုအပ်ဆုံးဆေးစွမ်းကောင်းတစ်လက်ဖြစ်တဲ့ Prim-E မှ ပူးပေါင်း ရေးသားတင်ဆက်ခြင်း ဖြစ်သည်။