မိန်းမသားတိုင်း ဖတ်ထားသင့်တဲ့ PMS ဆိုင်ရာဗဟုသုတများ

blank

Premenstrual Syndrome (PMS) ဆိုတာ တချို့အမျိုးသမီးတွေ  ရာသီမလာခင်မှာ ဖြစ်လေ့ရှိတဲ့ ရောဂါလက္ခဏာတွေပါ။ ရာသီမလာခင် စိတ်အပြောင်းအလဲမြန်ခြင်း၊ ရင်သားတင်းရင်းနာကျင်ခြင်း၊ အလွန်အကျွံစားသောက်ချင်စိတ်ဖြစ်ပေါ်ခြင်း၊ မောပန်းခြင်းနဲ့ စိတ်ဓာတ်ကျခြင်းတွေက PMS ဝေဒနာတွေဖြစ်ပါတယ်။ ကမ္ဘာပေါ်က အမျိုးသမီးထုကြီးရဲ့ ၇၅% ဟာ PMS ဝေဒနာတွေကို ခံစားနေရတယ်လို့လည်း သိရှိရပါတယ်။

PMS ရောဂါလက္ခဏာအမျိုးမျိုးရှိပါတယ်။ နေထိုင်စားသောက်မှု၊ ပတ်ဝန်းကျင်ကိုလိုက်ပြီး အမျိုးသမီးတစ်ဦးနဲ့တစ်ဦး PMS လက္ခဏာတွေ မတူညီကြပါဘူး။ တချို့အမျိုးသမီးတွေ ဖြစ်လေ့ဖြစ်ထရှိတဲ့ PMS လက္ခဏာတွေကို တင်ပြပေးလိုက်ပါတယ်ရှင်။

စိတ်ပိုင်းဆိုင်ရာ PMS လက္ခဏာများ

  • စိတ်ဖိစီးခြင်းနဲ့ စိုးရိမ်ပူပန်ခြင်း
  • စိတ်ဓာတ်ကျခြင်း
  • စိတ်အပြောင်းအလဲမြန်ခြင်း၊ စိတ်ဆတ်ခြင်း၊ ဒေါသဖြစ်လွယ်ခြင်း
  • ခံတွင်းပျက်ခြင်း၊ အစာစားချင်စိတ်ပြောင်းလဲခြင်း
  • အိပ်မပျော်ခြင်း
  • အာရုံစူးစိုက်နိုင်မှုလျော့နည်းခြင်း

ရုပ်ပိုင်းဆိုင်ရာ PMS လက္ခဏာများ

  • အဆစ်အမြစ်နဲ့ ကြွက်သားနာကျင်ခြင်း
  • ခေါင်းကိုက်ခြင်း
  • မောပန်းလွယ်ခြင်း
  • ခန္ဓာကိုယ်အလေးချိန်တိုးလာခြင်း
  • ဝမ်းဗိုက်တင်းပြီး ပူလာခြင်း
  • ရင်သားတင်းရင်းနာကျင်ခြင်း
  • ဝက်ခြံထွက်ခြင်း
  • ဝမ်းမမှန်ခြင်း

လက္ခဏာတွေ၊ ဝေဒနာတွေ ဘယ်လောက်ပဲပြင်းထန်ပါစေ၊ ရာသီစလာပြီး ၄ရက်ကြာတဲ့အခါမှာ အလိုလို သက်သာသွားတတ်ပါတယ်။ အမျိုးသမီးအနည်းစုလောက်သာ PMS ဝေဒနာကို ကာလကြာရှည်စွာခံစားရပြီး premenstrual dysphoric disorder (PMDD) ဆိုတဲ့ ပိုပြီးပြင်းထန်တဲ့ ဝေဒနာကို ခံစားရတတ်ပါတယ်။

PMS ဝေဒနာတွေကို မခံစားဘဲ ရာသီကာလတွေကို အပြုံးမပျက်ကျော်ဖြတ်နိုင်ဖို့ဆိုတာ နေ့စဉ်လှုပ်ရှားမှု၊ အစားအသောက်တွေကို ကျန်းမာရေးနဲ့ ညီညွတ်အောင် ထိန်းသိမ်းနိုင်ရပါမယ်။ PMS ကို ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ Prim E ကို တစ်နေ့တစ်လုံး ပုံမှန်သောက်သုံးပေးဖို့ပါပဲ။

Prim E မှာ အမျိုးသမီးတွေအတွက်လိုအပ်တဲ့ Evening Primrose Oil နဲ့ အခြား အာဟာရဓာတ်များစွာပါဝင်ပါတယ်။ Evening Primrose Oil ဟာ ရင်သားအကျိတ်ဖြစ်ပေါ်ခြင်းနဲ့ မီးယပ်ရောဂါတွေကိုကာကွယ်ပေးတဲ့အပြင် သွေးသားကို လှပသန့်စင်စေပါတယ်။ အပျိုဖော်ဝင်စအရွယ်ကနေ သွေးဆုံးကိုင်ချိန်အထိ သောက်သုံးနိုင်ပါတယ်။ Prim E ကို သောက်သုံးခြင်းကြောင့် PMS၊ ရာသီလာချိန်နာကျင်ကိုက်ခဲခြင်းနဲ့ သွေးဆုံးကိုင်ဝေဒနာတွေကို ကြိုတင်ကာကွယ်ပေးပါတယ်။ ဒါကြောင့် Prim E ဟာ ပျိုမေတို့ရဲ့ နေ့ရက်တိုင်းအတွက် အဖော်မွန်ဆိုရင်လည်း မမှားနိုင်ပါဘူးရှင်။

စာချစ်သူတို့ရဲ့ ကျန်းမာရေးဗဟုသုတအတွက် ဂန္ထဝင် မဂ္ဂဇင်း နှင့် ပျိုမေတို့ရဲ့ ကျန်းမာခြင်းအတွက် အလိုအပ်ဆုံးဆေးစွမ်းကောင်းတစ်လက်ဖြစ်တဲ့ Prim-E မှ ပူးပေါင်း ရေးသားတင်ဆက်ခြင်း ဖြစ်သည်။