သင့်အသည်းကို ကိုယ်ရံတော်လိုကာကွယ်ပေးမယ့် အာဟာရပြည့်အစားအစာများ

blank
၁။ထောပတ်သီး

ထောပတ်သီးတွေဟာ သဘာဝကပေးတဲ့ အသည်းသန့်စင်ပစ္စည်းပါ။ ထောပတ်သီးမှာ ပါဝင်တဲ့  glutathione၊ ဗီတာမင် E နဲ့ ဗီတာမင် C  က အသည်းမှာရှိနေတဲ့ အဆိပ်အတောက်တွေကို လုံးဝဖယ်ရှားပေးနိုင်ပြီး အသည်းပျက်စီးခြင်းနဲ့ အသည်းရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

၂။ ကြက်သွန်ဖြူ

ကြက်သွန်ဖြူမှာပါဝင်တဲ့ arginine နဲ့ selenium ဓာတ်ဟာ သွေးကြောတွေကို သန့်စင်ပေးပြီး အသည်းအတွင်းက သွေးဖိအားကို လျော့ကျစေပါတယ်။ ဒါ့အပြင် ကြက်သွန်ဖြူမှာ ဗီတာမင် C နဲ့ ဗီတာမင် B6 ပါဝင်တာကြောင့် ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေနိုင်ပါတယ်။

၃။ လက်ဖက်စိမ်း

လက်ဖက်စိမ်းမှာ catechins လို့ခေါ်တဲ့ antioxidants တွေ များစွာပါဝင်တာကြောင့် အသည်းရဲ့ လုပ်ဆောင်မှုတွေကို ပုံမှန်လည်ပတ်စေပြီး အသည်းကျန်းမာရေးအတွက် အထောက်အကူဖြစ်စေပါတယ်။

၎။ သံပရိုသီး

သံပရိုသီးမှာ ဗီတာမင် C ဓာတ်များစွာပါဝင်တဲ့အပြင် အသည်းနဲ့ အစာချေလမ်းကြောင်းမှာရှိတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တဲ့ အစွမ်းသတ္တိတွေလည်း ရှိနေပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၅။နနွင်း

နနွင်းမှာ curcumin ဓာတ်များစွာပါဝင်ပါတယ်။ Curcumin ဓာတ်ဟာရောင်ရမ်းခြင်းတွေကို သက်သာစေပြီး သည်းခြေအိတ်ရဲ့ လုပ်ဆောင်မှုတွေကို ကောင်းမွန်စေပါတယ်။ ဒါ့အပြင် အသည်းရဲ့ ဆဲလ်အသစ်ဖြစ်ပေါ်မှုကို မြန်ဆန်စေပြီး အသည်းမှာရှိနေတဲ့ အစာအဆိပ်တွေနဲ့ အရက်အဆိပ်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။

၆။သစ်ကြားသီး

အသည်းအတွင်းက အန္တရာယ်ဖြစ်စေတဲ့ အမိုးနီးယားတွေကို ဖယ်ရှားနိုင်ဖို့ သစ်ကြားသီးကို ပုံမှန်စားပေးသင့်ပါတယ်။ သစ်ကြားသီးမှာ အမိုင်နိုအက်ဆစ်၊ omega-3 fatty အက်ဆစ်နဲ့ glutathione တို့ပါဝင်တာကြောင့် အသည်းမှာရှိတဲ့ free radical တွေကို ဖယ်ရှားနိုင်ပြီး အသည်းကို ပိုမိုကျန်းမာစေပါတယ်။

၇။ ဂရိတ်ဖရု

ဂရိတ်ဖရုမှာ ဗီတာမင် Cနဲ့ glutathione ဓာတ်များစွာ ပါဝင်တာကြောင့် အသည်းကို ကျန်းမာစေပြီး ကိုယ်ခံအားကို ကောင်းမွန်စေနိုင်ပါတယ်။

၈။ အစိမ်းရောင် အသီးအရွက်များ

အသည်းကျန်းမာဖို့ဆိုရင် အစိမ်းရောင် အသီးအရွက်တွေကို စားနိုင်သလောက် စားပေးသင့်ပါတယ်။ အစိမ်းရောင်အသီးအရွက်တွေမှာ antioxidants တွေ များစွာပါဝင်တာကြောင့် ခန္ဓာကိုယ်အတွင်းက ဓာတုအဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး အသည်းတွင်းမှာရှိတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်ပမာဏကို မြင့်တက်စေပါတယ်။

ကျန်းမာရေးစာစောင်လေးကို SHARE ပြီး ကျန်းမာရေးကုသိုလ်ယူလိုက်ပါ။