သွယ်လျလှပတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်စေဖို့ အသုံးဝင်မယ့် လျှို့ဝှက်ချက်များ

blank
၁။ လက်တွေ့ကျတဲ့ ပန်းတိုင်တွေသတ်မှတ်ပါ။

တစ်ပတ်အတွင်း ပေါင် (၂ဝ) လောက်ချပစ်မယ်ဆိုတဲ့ မဖြစ်နိုင်တဲ့ ပန်းတိုင်တွေဟာ အမှန်တကယ်အကောင်အထည်ဖော်ချင်တဲ့စိတ်ကို ယုတ်လျော့စေပါတယ်။ ဒါကြောင့် ဝိတ်လျှော့ဖို့အတွက် ပန်းတိုင်တွေကို တဆင့်ခြင်း ချမှတ်ထားပြီး တစ်ထစ်ချင်းလျှောက်လှမ်းပါ။

၂။ မနက်စာကို အဝစားပြီး ညစားကို လျှော့စားပါ။

“မနက်စာကို ဘုရင်တစ်ပါးလိုစားပြီး ညစာကို သူတောင်းစားတစ်ယောက်လိုစားသောက်ပါ” ဆိုတဲ့ စကားပုံလေးအတိုင်းပါပဲ။ မနက်စာစားခြင်းဟာ ကျန်းမာရေးကိုကောင်းမွန်စေတဲ့အပြင် အဝလွန်ခြင်းကိုလည်း ကာကွယ်ပေးနိုင်စေပါတယ်။ ဒါကြောင့် တစ်နေ့လုံးတက်ကြွလန်းဆန်းစွာ အလုပ်လုပ်နိုင်ဖို့အတွက်  အာဟာရပြည့်ဝတဲ့အစားအစာတွေကို စားသောက်ဖို့လိုပါတယ်။

၃။ အဆာမလွန်အောင် သတိထားပါ။

အစားစားချိန် ကွာခြားခြင်းဟာ ဗိုက်ကိုအလွန်အမင်းဆာလောင်စေပါတယ်။ ဗိုက်ဆာလွန်းတဲ့အခါ သင့်ရဲ့ခန္ဓာကိုယ်အမှန်တကယ်လိုအပ်တာထက်ပိုပြီးတော့ စားမိတတ်ပါတယ်။ ဒါကြောင့် အစားစားတဲ့အခါ နည်းနည်းနှင့် မကြာခဏစားပေးတာက ပိုပြီးတော့ သင့်တော်ပါတယ်။

၎။ ကိုယ်တိုင်ချက်ပြုတ်စားသောက်ပါ။

ပြင်ပအစာအစာတွေဟာ အိမ်မှာချက်တဲ့အစားအစာတွေထက် ကယ်လိုရီပိုများတတ်ပါတယ်။ ပြည့်ဝဆီအသုံးပြုမှု၊ အချိုမှုန့်အသုံးပြုမှုစတာတွေက အလေးချိန်တိုးစေတာကြောင့် အာဟာရပြည့်ဝတဲ့အစားအစာတွေကို ကိုယ်တိုင်ချက်ပြုတ်စားသောက်ဖို့လည်း အရေးကြီးပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၅။  တစ်ပတ်စာနေထိုင်စားသောက်မှု ပုံစံတွေကို အစီအစဉ်ချမှတ်ထားပါ။

မိမိလုပ်ရမယ့် အလုပ်တွေကို တစ်ပတ်စာချမှတ်ထားပြီး ဆောင်ရွက်ထားခြင်းကလည်း မိမိရဲ့ရည်မှန်းချက်တွေကို အလျဉ်အမြန်အကောင်အထည်ဖော်နိုင်စေပါတယ်။ မိမိစားသောက်ချင်တဲ့ အစားအစာတွေရဲ့ ကယ်လိုရီတန်ဖိုး၊ အာဟာရတန်ဖိုးတွေကို ကြိုတင်တွက်ချက်စားသောက်ခြင်းကလည်း ဝိတ်လျှော့လိုသူများအတွက် အရေးကြီးတဲ့ အရာတစ်ခုဖြစ်ပါတယ်။

၆။ မိမိကိုယ်ကို ချီးမြောက်ပေးတဲ့ အစားအစာလေးတွေကို စားသောက်ပါ။

ဝိတ်ထိန်းဖို့အစားအသောက်တွေကို ဆင်ခြင်ပြီးစားသောက်သလိုပဲ အဆင့်တစ်ဆင့်ရောက်တိုင်းမှာ မိမိနှစ်သက်တဲ့ အစားအစာလေးကိုလည်း သင့်တင့်ရုံစားပြီး မိမိကိုယ်ကိုချီးမြှောက်သင့်ပါတယ်။

၇။ ပန်းကန်သေးသေးလေးတွေနဲ့ စားပါ။

ပန်းကန်သေးသေးတွေနဲ့ စားတာတဲ့အခါ ထမင်းနည်းနည်းလေးကလည်း ပန်းကန်အပြည့်ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် ဦးနှောက်ကို လှည့်စားဖို့အတွက် ပန်းကန်သေးသေးလေးတွေနဲ့ စားသင့်ပါတယ်။

၈။  အကောင်းမြင်ပါ။

အကောင်းမြင်စိတ်ဆိုတာ အရာရာကိုကျော်လွှားနိုင်စေတဲ့ အစွမ်းသတ္တိတစ်ခုဖြစ်ပါတယ်။ မိမိကိုယ်ကို ဝလွန်းသူလို့ စိတ်ပျက်နေမယ့်အစား မိမိရယူချင်တဲ့ ပန်းတိုင်တွေကို မြင်ယောင်ကြည့်ပြီး အားမွေးပါ။ လူတစ်ယောက်လှပဖို့အတွက် စိတ်နှလုံးကို တန်ဆာဆင်ဖို့ အရေးကြီးတယ်ဆိုတာကိုလည်း မမေ့ပါနဲ့။

၉။ စိတ်ဖိစီးမှုတွေကို လျှော့ချပါ။

လူသားတွေရဲ့ စိတ်ဟာ စိတ်ဖိစီးမှုများနေတဲ့အခါ လိုတာထက်ပိုပြီး စားချင်နေတတ်ပါတယ်။ ဒါကြောင့် ဝိတ်လျှော့ဖို့ စဉ်းစားနေတယ်ဆိုရင် စိတ်ဖိစီးမှုတွေကို လျှော့ကျစေတဲ့ ယောဂလေ့ကျင့်ခန်းလုပ်တာ၊ တရားထိုင်တာ၊ သီချင်းနားထောင်တာ စတာတွေကိုလည်း ပြုလုပ်ပေးပါ။

သဘောကျနှစ်ခြိုက်ရင် SHARE ပေးလိုက်ပါဦးနော်။