အစားအစာတွေကို တွဲဖက်စားသုံးခြင်းက တစ်မျိုးတည်းစားတာထက် အရသာပိုကောင်းသလို စနစ်တကျ စီမံတတ်မယ်ဆိုရင် ကျန်းမာလှပပြီး ကိုယ်အလေးချိန်ကိုလည်း ကျဆင်းစေနိုင်ပါတယ်။ ဒါကြောင့် ဂန္ထဝင်ရဲ့ပျိုမေများအတွက် တွဲဖက်စားသုံးခြင်းဖြင့် အဆီကျစေမယ့်အစားအစာများနဲ့ တွဲဖက်စားရင် အဆီမကျစေတဲ့အစားအစာများကို ဗဟုသုတအဖြစ် ရေးသားတင်ဆက်လိုက်ပါတယ်။
၁။ အသီးအရွက်နဲ့ ကြက်ဥပြုတ်
ကြက်ဥက ဝိတ်ကျစေရုံသာမက အမြင်အာရုံကို ကောင်းမွန်ပြီး အရေပြားအတွက် အာဟာရ ဖြစ်စေတဲ့ Carotenoid ကို စုပ်ယူနိုင်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်အဆီကျစေဖို့ အရွက်သုပ်ကို စား တဲ့အခါ ကြက်ဥပြုတ်၊ ဒါမှမဟုတ် ကြက်ဥချက်ကိုပါ တွဲဖက်စားသုံးပေးသင့်ပါတယ်။
၂။ တူနာငါးနဲ့ ချင်း(ဂျင်း)
ချင်း(ဂျင်း)ဟာ အစာအိမ်ကို ရှင်းစေပြီး ရောင်ရမ်းစေတဲ့အင်ဇိုင်းဓာတ်တွေကို တားဆီးပေးပါ တယ်။ တူနာငါးကတော့ ဝမ်းဗိုက်အဆီတွေသိုလှောင်မှုကို ဆီးကြိုဟန့်တားပေးနိုင်တဲ့ Omega-3 ပါ ဝင်ပါတယ်။ ပေါင်ချိန်များများလျှော့ချလိုသူများအတွက်တော့ အကောင်းဆုံး အစားအစာဖြစ်ပါတယ်။
၃။ ဟင်းနုနွှယ်နဲ့ ထောပတ်ဆီ
ထောပတ်ဆီဟာ ကိုလက်စထရောအဆင့်ကို တိုးတက်ကောင်းမွန်အောင်ပြုလုပ်ပေးနိုင်သလို ဗီတာမင်-B၊ ဗီတာမင်-E နဲ့ ပိုတက်ဆီယမ်ဓာတ်တွေလည်း ပါဝင်နေပါတယ်။ ဟင်းနုနွှယ်ကတော့ ကယ်လိုရီပါဝင်မှုပမာဏအလွန်နည်းပါးတဲ့အတွက် အဆီကျလိုသူများအတွက်တော့ အစာစားလို စိတ်ကို နှိမ်နင်းပေးမယ့် စူပါတွဲဖက်အစားအစာပဲဖြစ်ပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။
၎။ ငရုတ်ကောင်းစေ့နဲ့ ပဲသီး
တစ်ပတ်မှာ ပဲသီးတစ်ကြိမ်ပါဝင်အောင် စားသုံးပေးခြင်းက အဆီကျစေပါတယ်။ ငရုတ် ကောင်းစေ့နဲ့ တွဲဖက်စားမယ်ဆိုရင်တော့ သကြားဓာတ်နဲ့ ကယ်လိုရီတွေအများဆုံးစုပ်ယူတဲ့ ကစီ ဓာတ်ကဲ့သို့ အကျိုးဆက်တွေကို လုံးဝလျှော့ချပေးနိုင်ပါတယ်။
၅။ ဖရဲသီးနဲ့စပျစ်သီး
ဖရဲသီးက သဘာဝအရည်ရွှမ်းတဲ့သစ်သီးတစ်မျိုးဖြစ်ပြီး အဆီတွေသိုလှောင်ထားခြင်းကို ကူညီဟန့်တားပေးသလို စပျစ်သီးကတော့ အဆီတွေစုဝေးနေခြင်းကို လျှော့ချရာမှာ ကူညီပေးတဲ့ antioxidant ဓာတ်ပါဝင်ပါတယ်။ ဝဖြိုးခြင်းကို ရပ်တန့်မယ်ဆိုရင်တော့ သင့်တော်လှတဲ့ တွဲဖက် အစားအစာပဲဖြစ်ပါတယ်။
၆။ ကြက်သားနဲ့ ငရုတ်သီးမှုန့်
ပရိုတိန်းဓာတ်ပြည့်ဝစွာပါဝင်တဲ့ ကြက်သားဟာ စားပြီးရင် အကြာကြီး ကျေနပ်တင်းတိမ်နေစေ သလို စားသမျှရဲ့ ကယ်လိုရီပမာဏအနည်းငယ်သာ အစာအိမ်ထဲရောက်ရှိစေပါတယ်။ ငရုတ်သီးမှုန့် ကတော့ အဆီတွေကို လောင်ကျွမ်းစေပြီး အစာစားလိုစိတ်ကို နှိမ်နင်းပေးပါတယ်။
၇။ အာလူးနဲ့ ငရုတ်ကောင်းမှုန့်
အာလူးဟာ စားပြီးရင် ကြာကြာတင်းတိမ်နေစေသလို ပိုတက်စီယမ်ဓာတ်လည်း ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ငရုတ်ကောင်းမှုန့်ကတော့ အဆီဆဲလ်အသစ်တွေဖြစ်ပေါ်မှုကို ဟန့်တားပေးပါ တယ်။ ဒါကြောင့် အဆီကျလိုတယ်ဆိုရင် ထောပတ်နဲ့ တခြားအဆာပလာတွေမပါဘဲ ကင်ထားတဲ့ အာလူး၊ ဒါမှမဟုတ် အာလူးပြုတ်နဲ့ ငရုတ်ကောင်းမှုန့်ကို တွဲဖက်စားပေးသင့်ပါတယ်။
၈။ ကော်ဖီနဲ့ သစ်ကြမ်းပိုးခေါက်
သစ်ကြမ်းပိုးမှာ ဗိုက်ခေါက်ထူတာကို လျှော့ချပေးနိုင်တဲ့ antioxidant ကြွယ်ဝစွာပါဝင်နေ ပါတယ်။ ကော်ဖီကတော့ အစာစားလိုစိတ်ကို လျှော့ချပေးတဲ့အတွက် အဆီကျဖို့ဆိုရင်တော့ အရ သာရှိတဲ့သစ်ကြမ်းပိုးကော်ဖီကို တစ်နေ့တစ်ခွက် ပုံမှန်သောက်ပေးသင့်ပါတယ်။
ပျိုမေတို့ရေ… အဆီကျစေတဲ့တွဲဖက်အစားအစာတွေအကြောင်းသိရုံနဲ့ မလုံလောက်သေးပါဘူး။ အဆီချရာမှာ အဟန့်အတားဖြစ်စေတဲ့ ရှောင်ကြဉ်စရာတွဲဖက်အစားအစာလေးတွေအကြောင်းလည်း သိထားဖို့ လိုအပ်ပါသေးတယ်။ အဲ့ဒီအစားအစာတွေကတော့…
- ပရိုတိန်းနဲ့ ကာဗိုဟိုက်ဒရိတ်ဓာတ်။ (ဥပမာ- ဟမ္ဘာဂါ)
- ပရိုတိန်းနဲ့ ကစီဓာတ်။ (ဥပမာ- ကြက်သားနဲ့ပါစတာ)
- ကစီဓာတ်နဲ့ သကြား။ (ဥပမာ- အာလူးနဲ့ ခရမ်းချဉ်ရည်)
- သကြားနဲ့ အဆီ။ (ဥပမာ- ရေခဲမုန့်၊ ဒါမှမဟုတ် မီးကင်ထားတဲ့အစားအစာများ)
- သစ်သီးနဲ့ တခြားသောအစားအစာများ။ (ဥပမာ- စတော်ဘယ်ရီနဲ့ ရေခဲမုန့်)
အားလုံးလည်း ကျန်းမာလှပပြီး အဆီကင်းသွယ်လျတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။
စာစောင်လေးကို ပြန်လည်မျှဝေဖို့ SHARE လိုက်ပါဦးနော်။