ခြင်အန္တရာယ်ကင်းဝေးစေမယ့် အစွမ်းထက် ဗီတာမင် B1

blank

နွေရာသီရောက်လာပြီနော်။

ခြင်တွေလည်း ပေါလာပြီပေါ့။ ခြင်တွေကိုလည်း မသတ်ချင်။ ခြင်အကိုက်ခံရခြင်းရဲ့ နောက် ဆက်တွဲရောဂါတွေကိုလည်းကြောက်။ ခြင်လိမ်းဆေးတွေရှိပေမဲ့ အဲ့ဒီ လိမ်းဆေးတွေရဲ့ အနံ့နဲ့နောက် ဆက်တွဲဆိုးကျိုးတွေကလည်း မသေး။ ခြင်ဖျန်းဆေးဆိုတာလည်း ခဏခဏ အသုံးမပြုသင့်တဲ့အခါ ခြင်ဟာ လူတွေရဲ့ နေ့စဉ်ဘဝအတွက် အနှောင့်အယှက်တစ်ခု ဖြစ်လာပါတော့တယ်။

ဒါပေမဲ့ အခုတော့ ပူစရာမလိုတော့ပါဘူး။

သင်က လာပါလို့ ခေါ်ရင်တောင် ခြင်တွေက ထွက်ပြေးမယ့် နည်းလမ်းကောင်းလေးတစ်ခု ရှိ နေပါပြီ။ အဲ့ဒါကတော့ ဗီတာမင် B1 လို့ လူတွေက ခေါ်ကြတဲ့  Thiamine ပါပဲ။ ခန္ဓာကိုယ်အတွက် အ လွန်အရေးကြီးတဲ့ ဗီတာမင်တစ်မျိုးဖြစ်ပြီး  ကြက်ဥ၊ ဂျုံမှုန့်၊ အသည်း၊ ကညွှတ်၊ ကစော်၊ ကိုက်လန်နဲ့ ဆန်လုံးညိုလို အစားအသောက်တွေထဲမှာ ရှာဖွေတွေ့ရှိနိုင်ပါတယ်။ ဗီတာမင် B1 ဟာ စိတ်ဖိစီးမှုတွေ ကို တိုက်ဖျက်ပေးပြီး ကိုယ်ခံအားကို တိုးမြှင့်ပေးပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ဒါ့အပြင် ဗီတာမင် B1 ဟာ ရေနဲ့ဖျော်တဲ့ဗီတာမင်တွေထဲ ပါဝင်ပြီး ခန္ဓာကိုယ်အတွက် အသုံးမ လိုတဲ့အရည်တွေကို ဖယ်ထုတ်ပေးတာကြောင့် များများစားမိမှာကိုလည်း ပူစရာမလိုပါဘူး။ ခြင်တွေ ဟာ ဗီတာမင် B1 ရဲ့အနံ့ကို မနှစ်သက်ကြတဲ့အတွက် ဗီတာမင် B1 စားသုံးထားတဲ့သူကို မကိုက်ဘဲ ဝေးဝေးပြေးကြပါတယ်။

ကဲ… သင်လည်း ဒီနည်းလမ်းလေးကို စမ်းကြည့်ချင်တယ်ဆိုရင်တော့ ဗီတာမင် B1 လို့ခေါ်တဲ့ Thiamin ကို တစ်ရက်ကို 100 mg စားသုံးပေးသွားပါ။ နှစ်ပတ်ကြာတဲ့အခါ ခြင်တွေကို ရိုက်ထုတ်နေရ တဲ့ အကြိမ်ရေ သိသိသာသာလျော့နည်းသွားတာကို တွေ့ရပါလိမ့်မယ်။ အားလုံးလည်း ခြင်အန္တရာယ် မှ ကင်းဝေးကြပါစေနော်။

ဒီနည်းလမ်းလေးကို ပြန်လည်မျှဝေဖို့ SHARE လိုက်ပါဦး။