ဆံကေသာနဲ့ အသားအရေကို လှပစေနိုင်တဲ့ စောင်းလျားသီးရဲ့ အစွမ်းသတ္တိများ

blank
ဆံကေသာလှပစေခြင်းကောင်းကျိုးများ

၁။ စောင်းလျားသီးမှာပါဝင်တဲ့ antioxidants တွေနဲ့ ဗီတာမင် C ဓာတ်က ဆံပင်ကျွတ်ခြင်း၊ ဆံပင်ဖြူခြင်းကို ကာကွယ်ပေးပါတယ်။

၂။ ဆံကေသာကို ရှည်လျားသန်စွမ်းစေတဲ့ ဗီတာမင် B-complex များစွာပါဝင်တာကြောင့် ဆံပင်အရှည်မြန်ပြီး ထူထဲသန်စွမ်းစေပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

အသားအရေလှပခြင်းကောင်းကျိုးများ

၁။ စောင်းလျားသီးစားခြင်း၊ (သို့) စောင်းလျားသီးနဲ့ မျက်နှာပေါင်းတင်ခြင်းက မျက်နှာပေါ်က ဝက်ခြံတွေကို ပျောက်ကင်းစေပြီး အဆီပြန်ခြင်းကို ကင်းဝေးစေပါတယ်။

၂။ သွေးသားကို သန့်စင်ပေးပြီး အသားအရေကို တောက်ပဖြူဝင်းစေတယ်။ ဇင့်ဓာတ်ပါဝင်တာကြောင့် ဝက်ခြံမဖြစ်ပေါ်အောင် ကာကွယ်ပေးတဲ့အပြင် အသားအရေကို တင်းရင်းပြီး နုပျိုလှပစေပါတယ်။

စောင်းလျားသီးကြိုက်တဲ့ပျိုမေလေးတွေ SHARE လိုက်ပါဦးနော်။