ညအိပ်စက်တဲ့အခါမှာ ဘာကြောင့် လက်ဝဲဘက်ကို စောင်းအိပ်သင့်တာလဲ

blank
beautiful young woman sleep on the bed

အိပ်စက်ခြင်းပုံစံတွေက ကျွန်မတို့ရဲ့ကျန်းမာရေးကို ပိုမိုကောင်းမွန်စေတယ်ဆိုတာ သိပါသလား… ဂန္ထဝင်စာဖတ်ပရိသတ်ကြီးရေ။ ကျွန်မတို့ဘဝသက်တမ်းရဲ့ သုံးပုံတစ်ပုံကို အိပ်စက်ခြင်းနဲ့ ကုန်ဆုံးကြပါတယ်။ အိပ်စက်တဲ့အခါမှာ အသင့်တော်ဆုံးနဲ့ ကျန်းမာရေးကို အထောက်အကူ အပြုနိုင်ဆုံး အိပ်စက်ပုံကတော့ လက်ဝဲဘက်ကို စောင်းအိပ်ခြင်းပါပဲ။ ဘာကြောင့်လဲဆိုတာကို အောက်မှာ ဆက်လက်ဖတ်ရှုကြည့်ရအောင်နော်။

၁။ နှလုံးကျန်းမာရေးကို ကောင်းမွန်စေတယ်။

လက်ဝဲဘက်ကို စောင်းအိပ်တဲ့အခါ အဆုတ်ကနေနှလုံးကို သွေးတွေ ပိုမိုပေးပို့နိုင်ပါတယ်။ အဲဒီအခါမှာ နှလုံးကနေ သွေးတွေကိုပိုမိုရရှိပြီး ခန္ဓာကိုယ်တစ်ခုလုံးကို များများပို့လွှတ်ပေးနိုင်ပါတယ်။ ဒါကြောင့် လက်ဝဲဘက်ကိုစောင်းအိပ်ခြင်းက သွေးလည်ပတ်မှုကို ကောင်းမွန်စေတဲ့အပြင် နှလုံးကျန်းမာရေးကိုပါ ကောင်းမွန်စေပါတယ်။

၂။ ညဘက်မှာ ရင်ပူခြင်းကို လျှော့ချပေးတယ်။

အစားမှားလို့ပဲဖြစ်ဖြစ်၊ ရောဂါတွေကြောင့်ပဲဖြစ်ဖြစ် ညဘက်မှာ ရင်တွေပူပြီး အိပ်မပျော်ဖြစ်နေရင် လက်ဝဲဘက်ကို စောင်းအိပ်လိုက်ပါ။ လက်ဝဲဘက်ကို စောင်းအိပ်ခြင်းက အစာအိမ်ကနေ အစာဟောင်းတွေပြန်တက်လာတာမျိုး၊ အပုပ်ရိုက်တာမျိုးမဖြစ်အောင် ကာကွယ်ပေးပြီး ရင်ပူတာကို သက်သာစေပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ အသည်းကို ကျန်းမာစေတယ်။

အသည်းဆိုတာ ခန္ဓာကိုယ်ရဲ့ ညာဘက်မှာ တည်ရှိပါတယ်။ လက်ဝဲဘက်ကိုစောင်းအိပ်တဲ့အခါ အသည်းကိုဝင်ရောက်လာတဲ့ အဆိပ်အတောက်တွေ၊ အညစ်အကြေးတွေကို စုပုံမနေစေဘဲ အသည်းကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

၎။ အညစ်အကြေးစွန့်စနစ်ကို အထောက်အကူပြုစေတယ်။

အူသိမ်နဲ့ အူမကြီးတို့ဆုံတဲ့နေရာက ခန္ဓာကိုယ်ရဲ့ လက်ဝဲဘက်မှာရှိတာကြောင့် လက်ဝဲဘက်ကိုစောင်းအိပ်တဲ့အခါ ကမ္ဘာ့ဆွဲအားသက်ရောက်မှုက အညစ်အကြေးတွေကို ပိုမိုလွယ်ကူစွာ စွန့်ထုတ်နိုင်အောင် ကူညီပေးနိုင်ပါတယ်။

၅။ သရက်ရွက် (spleen) ကို ကောင်းမွန်စွာ အလုပ်လုပ်စေတယ်။

သရက်ရွက် (spleen) ဆိုတာ သွေးတွင်းက မကောင်းတဲ့အရည်တွေကို စစ်ထုတ်ပေးတဲ့ အင်္ဂါတစ်ခုဖြစ်ပြီး ခန္ဓာကိုယ်ရဲ့ လက်ဝဲဘက်အခြမ်းမှာ တည်ရှိပါတယ်။ လက်ဝဲဘက်ကို စောင်းအိပ်တဲ့အခါမှာ သွေးတွေကို သရက်ရွက်ဆီ များများပေးပို့နိုင်ပြီး သွေးထဲကအညစ်အကြေးတွေကို ပိုမိုစစ်ထုတ်စေနိုင်ပါတယ်။

ကျန်းမာရေးအသိပေးစာစောင်လေးကို SHARE လိုက်ပါ။