စပ်စုသောကောင်လေးနှင့် လျှို့ဝှက်သောဂူထဲမှ ထူးထူးဆန်းဆန်းမြည်သံအကြောင်း

blank

တစ်ခါက တောင်ကုန်းတစ်ခုနဲ့နီးတဲ့ရွာလေးတစ်ရွာမှာ သိပ်ကိုစပ်စုတတ်တဲ့  အသက်(၉) နှစ်အရွယ် ကောင်လေးတစ်ယောက်ရှိတယ်တဲ့။ သူဟာ သူသိချင်တာကို မသိရမချင်း မရရအောင် စုံစမ်းမေးမြန်းတတ်တဲ့ စပ်စပ်စုစုကလေးလေးတစ်ယောက်ပေါ့။ တစ်နေ့….  ကောင်လေးသူ့အိမ်ရှေ့မှာ ဆော့နေတုန်း တောင်ထိပ်ကနေ ကျယ်လောင်တဲ့ အသံတစ်သံကိုကြားလိုက်သတဲ့။ တောင်ပေါ်ကနေတောင်အောက်အထိကြားရတာဆိုတော့ ဘာများဖြစ်နေမလဲဆိုပြီး စပ်စုချင်သွားတာပေါ့။ ဒါနဲ့ပဲ သူဟာသူ့အမေနားကို ကပြာကယာပြေးသွားပြီး  “အမေအဲဒါဘာသံလဲ၊ တောင်ကုန်းထိပ်ကကြားရတဲ့အသံကြီးအမေရဲ့” လို့ အမောတကောနဲ့မေးလိုက်သတဲ့။ သူ့အမေကတော့  သူ့ကိုစပ်စုရန်ကောဆိုတဲ့အကြည့်နဲ့ကြည့်ပြီး

“ခြင်္သေ့အသံနေမှာ…တစ်ယောက်တည်းလျှောက်လျှောက်မသွားနဲ့ ကြားလား” ပြီးစလွယ်ဖြေလိုက်သတဲ့။ ကောင်လေးကတော့  သူကြားတဲ့အသံဟာ ခြင်္သေ့အသံမဟုတ်ဘူးဆိုတာ တပ်အပ်သိနေတာကြောင့် သူ့အမေရဲ့စကားကို လက်မခံချင်ဘူးပေါ့။ သူ့အမေသူ့ကို တစ်ခုခုဖုံးကွယ်ထားတယ်ဆိုတာကိုလည်း သူသိနေတယ်လေ။

နောက်တစ်နေ့မနက်မှာတော့ သူဟာ  သူ့အမေမနှိုးခင်မှာ တိတ်တဆိတ်ထပြီး တောင်ပေါ်ကို စူးစမ်းစိတ်အပြည့်နဲ့ တက်လာခဲ့တော့တယ်။ တောင်ပေါ်ကိုရောက်တဲ့အခါမှာတော့ ဂူတစ်ခုရှေ့မှာ တောကျောင်းလေးဆောက်ပြီး သတင်းသုံးနေတဲ့ ဘုန်းကြီးတစ်ပါးကိုတွေ့သတဲ့။ သက်တော်ကြီးပြီထင်ရတဲ့ ဘုန်းဘုန်းဟာ ကောင်လေးကို မနှစ်မြို့တဲ့ အကြည့်နဲ့ကြည့်ပြီး “ဟဲ့လူလေး ဘာလာလုပ်တာလဲ” လို့ ဘောက်ဆတ်ဆတ်နဲ့မေးလိုက်တယ်တဲ့။ စပ်စုတတ်တဲ့ကောင်လေးကတော့ ဘုန်းဘုန်းရဲ့ မနှစ်မြို့မှုကို ဂရုမစိုက်ဟန်နဲ့ ထူးဆန်းတဲ့အသံကြားရတဲ့အကြောင်း အဲဒါဘာသံလဲသိချင်လို့ တောင်ပေါ်ကိုတက်လာတဲ့အကြောင်း၊ ဘုန်းဘုန်းအနေနဲ့ အဲဒီအသံအကြောင်းသိရင် သူ့ကိုပြောပြစေလိုကြောင်းပြောလိုက်တယ်တဲ့။

ဘုန်းဘုန်းက သူ့ကို မနှစ်သက်တဲ့အကြည့်နဲ့ကြည့်ပြီး…

“မင်းဟာလေ… ကလေးကလေးလိုမနေဘူး။ သိပ်ကိုစပ်စုတာပဲ။ အဲဒီအသံအကြောင်းကို ငါကပေါက်ကရလူတွေကိုပြောပြတာမဟုတ်ဘူး။ အဲဒီအကြောင်းသိချင်ရင် မင်းကိုယ်တိုင်က ဘုန်းကြီးဖြစ်နေဖို့လိုမယ်ကွ။ ကဲ… သွားတော့ကောင်လေး… ဘုန်းဘုန်းတရားထိုင်ဖို့ အချိန်ရောက်ပြီ” လို့ပြောလိုက်သတဲ့။

ကောင်လေးဟာ ပြန်သာပြန်ခဲ့လိုက်ရပေမယ့် သူသိချင်တဲ့ အဖြေကိုမသိရလို့ သိပ်တော့မကျေနပ်ဘူးပေါ့။

နှစ်တွေကြာလာခဲ့ပေမယ့် တောင်ပေါ်ကအသံကလည်း ကြားမြဲ ကောင်လေးကလည်း ဇွဲမလျှော့ဘဲ အသံကြားရတိုင်း တောင်ပေါ်ကိုတက်ပြီး ဘုန်းဘုန်းကိုမေးမြဲ မေးဆဲပေါ့။ ဘုန်းဘုန်းကလည်း ဇွဲကြီးစွာနဲ့ပဲ

“မင်းက ဘုန်းကြီးမှမဟုတ်တာ” လို့ငြင်းပြီး ကောင်လေးကိုနှင်လွတ်မြဲပေါ့။ ကောင်လေးဟာအသက်တွေကြီးလာ ရုပ်တွေပြောင်းလာပေမယ့် တောင်ပေါ်ကအသံကိုစိတ်ဝင်စားတာကတော့ လျော့မသွားဘူးပေါ့။ ရွာထဲကလူကြီးသူမတွေကို လိုက်မေးပေမဲ့ အားလုံးကတညီတညာတည်း “ ဘုန်းကြီးဝတ်မှသိလိမ့်မယ်” လို့ပြောကြတယ်။

စပ်စပ်စုစုကောင်လေးရဲ့ဘဝမှာလည်း အဲဒီအကြောင်းသိရမယ်ဆိုတဲ့ ပြင်းပြတဲ့အိပ်မက်တစ်ခုပဲ ရှိတော့တယ်တဲ့။ တစ်နေ့မှာတော့သူဟာ  ဆုံးဖြတ်ချက်တစ်ခုကို ပိုင်ပိုင်နိုင်နိုင်ချမှတ်လိုက်သတဲ့။

နောက်တစ်နှစ်အသံကိုကြားရတဲ့အခါ ဘုန်းကြီးကိုရအောင် မေးမယ်။ မေးလို့မရရင် သူဘုန်းကြီးဝတ်ပစ်မယ်ပေါ့။  ဒီလိုနဲ့တစ်ရက်မှာတော့ တောင်ကုန်းပေါ်ကအသံလေးကို ကြားရတော့သတဲ့။ သူဟာသူ့အမေကို ခွင့်ပန်၊ အသင့်ဝယ်ထားတဲ့ သင်္ကန်းကိုယူပြီး ဘုန်းကြီးကျောင်းကိုအားတက်သရော ချီတက်သွားတော့သတဲ့။ သူ့အမေကလည်း သူ့သားရဲ့အကြောင်းကိုသိသူမို့ ခွင့်ပြုပေးလိုက်ရတာပေါ့။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ကောင်လေးဝမ်းသာအားရတက်လာပြီး တောင်ပေါ်ကိုရောက်တဲ့အခါမှာတော့ ဘုန်းဘုန်းက သူ့ကိုတွေ့တွေ့ချင်းပဲ “ ကောင်လေး… မင်းလက်မလျှော့သေးဘူးလား၊ မင်းကိုယ်တိုင်က ဘုန်းကြီးတစ်ယောက်မဟုတ်ဘဲ အဲဒါကိုသိခွင့်မရှိဘူးလို့ ကျုပ်ဘယ်နှခါပြောရမလဲ” လို့ လေသံမာမာနဲ့ပြောလိုက်တာပေါ့။

ကောင်လေးက စိတ်ပိုင်းဖြတ်ထားတဲ့အသံနဲ့

“တင်ပါ့ဘုရား… တပည့်တော်သိပါတယ်။ ဒါကြောင့်လည်း သာသနာ့ဘောင်ကိုဝင်ဖို့ သင်္ကန်းကိုတစ်ခါတည်း ယူခဲ့တာပါဘုရား။ တပည့်တော်ရဲ့ဘဝမှာ ဒီမေးခွန်းရဲ့အဖြေကိုမှ မသိရင် ဘာအဓိပ္ပါယ်မှမရှိသလို ခံစားနေရပါတယ်ဘုရား။ သွားလည်းဒီစိတ်၊ စားလည်းဒီစိတ်နဲ့ နေမထိထိုင်မသာနဲ့ နေရခက်နေမယ့်အတူတူ သာသနာ့ဘောင်ထဲဝင်တာက ပိုကောင်းပါတယ်ဘုရား။ တပည့်တော်ကို အခုတစ်ခါတည်းသာ ရဟန်းအဖြစ်လက်ခံပါတော့ဘုရား။ ပြီးရင်တော့ တပည့်တော်ကို အဲဒီအသံကြားနေရတဲ့ဆီကို လိုက်ပြပါဘုရား”လို့ လျှောက်လိုက်သတဲ့။

ဘုန်းဘုန်းကလည်း သူ့ဆန္ဒကိုလိုက်လျောပြီး သူ့ကိုသာသနာ့ဘောင်ထဲကို သွတ်သွင်းလိုက်တော့တာပေါ့။ ကိုရင်တစ်ဖြစ်လဲကောင်လေးဟာ ဝမ်းသာအားရနဲ့ သော့တွေကိုကိုင်ပြီး ဂူထဲကိုဝင်သွားတော့တာပေါ့။ သော့တစ်ချောင်း၊နှစ်ချောင်း၊သုံးချောင်းလုံးဖွင့်ပြီးချိန်မှာတော့ သူ့ရင်တွေ လှုပ်ခုန်သွားခဲ့တယ်….

သူဟာငယ်စဉ်ကတည်းက သိချင်နေတဲ့ လျှို့ဝှက်ချက်လေးကတော့…….

“ပြောပြရအောင် သင်က ဘုန်းကြီးမှ မဟုတ်တာ”

“HAPPY APRIL FOOLS”

စိတ်မဆိုးကြေးနော်…..။

သင့်သူငယ်ချင်းတွေအတွက် SHARE ပေးဖို့မမေ့နဲ့နော်။