မိခင်လောင်းတို့ သိထားဖို့ ကိုယ်ဝန်ဆောင်ဝေဒနာများကို ပျောက်ကင်းစေမယ့် နည်းလမ်းကောင်းများ

blank
Portrait of happy two beautiful asian pregnant women, posing together
၁။ ပျို့အန်ခြင်း

ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ ပထမဆုံးခံစားရမှာက ပျို့အန်ခြင်းပါ။ ကိုယ်ဝန်ရှိစကနေ ရက်သတ္တပတ်ပေါင်းများစွာအထိ ပျို့အန်တာတွေ ဖြစ်တတ်ပါတယ်။ ဒီလို ပျို့အန်တာတွေကို သက်သာစေဖို့

  • ပရိုတင်းဓာတ်ကြွယ်ဝစွာပါဝင်တဲ့ ပဲအမျိုးမျိုး၊ ဗာဒံစေ့ နဲ့ ဂျင်းများများစားပါ။
  • လက်ဖက်ရည်ကြမ်းသောက်ပါ။
  • တစ်နေ့ကို ရေ (၈) ခွက်အထိ သောက်ပါ။
  • နေ့ခင်းဘက်တွေမှာ အစားကို နည်းနည်းနဲ့ မကြာခဏစားပါ။
  • ဗီတာမင် B6 သောက်ပါ။
၂။ မောဟိုက်ခြင်း

ကိုယ်ဝန်သည်တွေ ခံစားရတဲ့ နောက်ထပ်ဝေဒနာတစ်မျိုးကတော့ မောပန်းခြင်းနဲ့ ညဘက်အိပ်မပျော်ခြင်းပဲ ဖြစ်ပါတယ်။ ဗိုက်ထဲက သက်ရှိလူသားလေးတစ်ယောက်ရဲ့ ကြီးထွားမှုကို ထောက်ပံ့ပေးနေရတာကြောင့် ခန္ဓာကိုယ်မှာ စွမ်းအင်တွေ အကုန်မြန်ပြီး မောဟိုက်နွမ်းလျနေတတ်ပါတယ်။ မောဟိုက်တာတွေကို သက်သာစေဖို့

  • ပင်ပင်ပန်းပန်းအလုပ်တွေကို မလုပ်ပါနဲ့။
  • ခန္ဓာကိုယ်ကို သက်တောင့်သက်သာ ဖြစ်အောင်နေပါ။
  • တစ်နေ့တာလုံးအတွက် လိုအပ်တဲ့ စွမ်းအင်ကိုရရှိဖို့ အစားကို မကြာခဏစားပါ။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။
၃။ ခေါင်းကိုက်ခြင်း

ကိုယ်ဝန်ရှိကာစ ပထမ ၃လအတွင်းမှာ ဟော်မုန်းအပြောင်းအလဲနဲ့ သွေးလည်ပတ်မှု ပြောင်းလဲတာတွေကြောင့် ခေါင်းမူးခေါင်းကိုက်တာတွေကို ခံစားရတတ်ပါတယ်။ စိတ်ဖိစီးမှုတွေကြောင့်လည်း ခေါင်းကိုက်တာမျိုးဖြစ်တတ်ပါတယ်။ ခေါင်းကိုက်တာကို သက်သာစေဖို့

  • စိတ်ဖိစီးမှုတွေကို လျှော့ချပါ။
  • ရေများများသောက်ပါ။
  • လေကောင်းလေသန့်များများရှူပါ။
၎။ ဝမ်းချုပ်ခြင်းနဲ့ လေနာခြင်း

ကိုယ်ဝန်ရှိတဲ့အခါ progesterone ဆိုတဲ့ ဟော်မုန်းတွေ ဖြစ်ပေါ်လာပြီး အစာချေစနစ်ကို နှေးကွေးစေပါတယ်။ ကိုယ်ဝန်ဆောင်ကာလရဲ့ နောက်ဆုံး ၂လမှာ ဗိုက်ထဲက ကလေးရဲ့ တွန်းကန်မှုကြောင့် အစာဟောင်းအိမ်ကို ဖိထားသလိုဖြစ်စေပြီး ဝမ်းချုပ်တာတွေ၊ လေနာတာတွေ ဖြစ်တတ်ပါတယ်။ ဒီလိုဝမ်းချုပ်တာတွေ၊ လေနာတာတွေကို သက်သာစေနိုင်ဖို့

  • ရေများများသောက်ပါ။
  • အမျှင်ဓာတ်ပါတဲ့ အသီးအရွက်တွေ များများစားပါ။
  • အူတွေကို လှုံ့ဆော်ပေးနိုင်ဖို့ လမ်းများများလျှောက်ပါ။

ဂန္ထဝင်စာဖတ်ပရိသတ် မိခင်လောင်းတို့ရေ…ကိုယ်ဝန်ဆောင်ကာလဟာ ခက်ခဲကောင်း ခက်ခဲပါလိမ့်မယ်။ ဒါပေမဲ့ ကိုယ်ဝန်ဆောင်ကာလအဆုံးမှာ ရလာမယ့် ဆုလာဘ်က ဘဝအတွက် အကြီးမားဆုံးပြောင်းလဲမှုနဲ့ အကြီးမားဆုံးပျော်ရွှင်မှုဖြစ်တာကြောင့် သိပ်ကို အဖိုးထိုက်တန်ပါတယ်။

သားကောင်းရတနာ၊ သမီးကောင်းရတနာလေးတွေ ဖွားမြင်နိုင်ပါစေဖို့ ဂန္ထဝင်မဂ္ဂဇင်းမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။

အခြားမိခင်လောင်းတွေအတွက် မျှဝေပေးတဲ့သဘောနဲ့ SHARE ပေးလိုက်ပါနော်။