အရသာလည်းကောင်း၊ ကျန်းမာရေးနဲ့လည်း ညီညွတ်တဲ့ ဖျော်ရည်ပြုလုပ်နည်းများ

blank
၁။ ပူစီနံလက်ဖက်ရည်ကြမ်း

လက်ဖက်ရည်ကြမ်းက အဆီစုပုံခြင်းကို ကာကွယ်ပေးတယ်။ ပူစီနံနဲ့ ရှောက်သီးကတော့ ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်ပျက်မှုကို အားကောင်းစေတယ်။

  • လက်ဖက်ရည်ကြမ်း ၇ခွက်ကို ရေကရားထဲထည့်ပါ။
  • ပူစီနံရွက် လက်တစ်ဆုပ်ခန့်နဲ့ အပြားလိုက်လှီးထားတဲ့ ရှောက်သီး ၂ပြားထည့်ပါ။
  • ထိုရေခရားကို ရေခဲသေတ္တာထဲမှာ တစ်ညထားပါ။
  • နောက်တစ်နေ့မနက်ကစပြီး တစ်ပတ်လုံးသောက်နိုင်ပါတယ်။
၂။ စတော်ဘယ်ရီဖျော်ရည်

စတော်ဘယ်ရီက ဇီဝဖြစ်ပျက်မှုကို တိုးမြှင့်ပေးပြီး နို့နဲ့ဖျော်ထားတဲ့အတွက် ပရိုတင်းဓာတ်ကို ဖြည့်တင်းပေပြီး ကြွက်သားတွေကို သန်မာစေပါတယ်။

  • အဆီထုတ်ထားတဲ့နွားနို့ ၅ဝဝ ml
  • စတော်ဘယ်ရီသီး တစ်ခွက်၊
  • ကွေကာအုပ်တစ်ထုပ်၊
  • သဘာဝဒိန်ချဉ်တစ်ခွက် တို့ကို ဖျော်ရည်စက်ထဲမှာ ရောမွှေပြီး သောက်သုံးပါ။  ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။
၃။ သီးစုံဖျော်ရည်

သစ်သီးစုံဖျော်ရည်ဖြစ်တာကြောင့် အရသာအထူးကောင်းမွန်ပြီး ဂရိတ်ဖရုများများ ထည့်ဖျော်ထားတာကြောင့် ခန္ဓာကိုယ်က အဆီပိုတွေကို ဖယ်ရှားပေးပါတယ်။

  • ဂရိတ်ဖရုနှစ်လုံးကို အရည်ညှစ်ထားပါ။
  • ဂရိတ်ဖရုရည်၊ နာနတ်သီး ၂စိတ်၊ စတော်ဘယ်ရီသီး တစ်ခွက်စာကို ရေခွက် တစ်ဝက်ခန့်နဲ့ ဖျော်ရည်စက်ထဲမှာ ရောမွှေပြီး သောက်သုံးနိုင်ပါတယ်။
၎။ ပန်းသီးဖျော်ရည်

ပန်းသီးက ခန္ဓာကိုယ်အတွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး စွမ်းအင်တွေကို ဖြည့်စွမ်းပေးနိုင်ပါတယ်။ ပန်းသီးမှာ အဆီပိုတွေကိုချေဖျက်နိုင်တဲ့အစွမ်းသတ္တိတွေလည်း ပါဝင်နေပါတယ်။

  • သဘာဝဒိန်ချဉ်တစ်ခွက်၊
  • အစိတ်စိတ်ပိုင်းထားတဲ့ ပန်းသီးတစ်လုံး၊
  • ပျားရည်တစ်ဇွန်း၊
  • ဗာဒံ့စေ့အနည်းငယ်၊
  • သစ်ကြံပိုးခေါက်မှုန့်အနည်းငယ်၊
  • အဆီထုတ်ထားတဲ့ နွားနို့ 500 ml တို့ကို ဖျော်ရည်စက်ထဲမှာ သမအောင် ရောမွှေပြီး သောက်သုံးနိုင်ပါတယ်။
၅။ လက်ဖက်စိမ်းနဲ့ ဟင်းခတ်အမွှေးအကြိုင်ဖျော်ရည်

လက်ဖက်စိမ်းနဲ့ ဟင်းခတ်အမွှေးအကြိုင်အနည်းငယ်ကို ပေါင်းစပ်လိုက်တဲ့အခါ ကျန်းမာအရေးအတွက် အကျိုးပြုတဲ့ ဖျော်ရည်လေးတစ်ခွက် ဖြစ်လာပါတယ်။ လက်ဖက်စိမ်း၊ ငရုတ်ကောင်း၊ သစ်ကြံပိုးခေါက်တို့က ဇီဝဖြစ်ပျက်မှုကို မြှင့်တင်ပေးပြီး ပျားရည်ကတော့ ခန္ဓာကိုယ်အတွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။

  • ရေနွေးကြမ်းတစ်ခွက်ထဲကို ပျားရည်အနည်းငယ်ထည့်ပါ။
  • ငရုတ်သီးမှုန့်ပါလေကာနဲ့ သစ်ကြံပိုးခေါက်အနည်းငယ်တို့ကိုပါ ရောထည့်ပြီး သောက်သုံးနိုင်ပါတယ်။
၆။ ချောကလက်ဖျော်ရည်

ကိုယ်လက်လေ့ကျင့်ခန်းမလုပ်ခင် ၁နာရီအလိုမှာ ချောကလက်ဖျော်ရည်သောက်သုံးခြင်းက ပရိုတင်းဓာတ်ကိုဖြည့်တင်းပေးပြီး စွမ်းအင်တွေကို တိုးပွားစေပါတယ်။

  • သကြားမပါတဲ့ ချောကလက်မှုန့်
  • အဆီထုတ်ထားတဲ့နွားနို့ 500 ml
  • ကွေကာအုတ် အနည်းငယ်
  • ကော်ဖီမှုန့်အနည်းငယ်
  • ပျားရည်တို့ကို ဖျော်ရည်စက်ထဲမှာ ထည့်မွှေပြီး သောက်သုံးနိုင်ပါတယ်။

ဂန္ထဝင်ပရိသတ်ကြီးရေ…။ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ဇီဝဖြစ်ပျက်မှုတွေ ကောင်းမွန်စွာ လည်ပတ်နေမှ ရောဂါကင်းစင်ပြီး သက်ရှည်ကျန်းမာနေမှာ ဖြစ်ပါတယ်။ အထက်ပါဖျော်ရည်တွေအပြင် အုန်းစိမ်းရည်နဲ့ ဘလက်ကော်ဖီ စတဲ့ဖျော်ရည်တွေကလည်း ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ နေ့ရက်တိုင်းမှာ ပျော်ရွှင်ကျန်းမာစေဖို့ အဲဒီဖျော်ရည်တွေကို မနက်စာစားတဲ့အချိန်တိုင်းမှာ သောက်သုံးပေးသင့်ပါတယ်။

ကြိုက်နှစ်သက်တယ်ဆိုရင် SHARE လိုက်ပါ။