ယနေ့ကမ္ဘာကို တုန်လှုပ်စေတဲ့ ဇီကာဗိုင်းရပ်စ်အကြောင်း သိကောင်းစရာများ

blank

၁။ ဇီကာဗိုင်းရပ်စ် ကူးစက်ခံရတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေမှာ မွေးရာပါချို့ယွင်းချက်ရှိတဲ့ ကလေးတွေ မွေးဖွားနိုင်ပါတယ်။

၂။ ဇီကာဗိုင်းရပ်စ်ကို ကာကွယ်နိုင်တဲ့ဆေး အခုထိ မတွေ့သေးပါဘူး။

၃။ ဇီကာဗိုင်းရပ်စ်ကူးစက်ခံရသူအများစုဟာ ခြင်ကိုက်ခံရရာမှ တဆင့် ကူးစက်ခံရခြင်းဖြစ်ပါတယ်။

၎။ ဇီကာဗိုင်းရပ်စ်ဟာ အပူချိန်မြင့်လေ ကူးစက်မှုနှုန်းပိုများလေ ဖြစ်ပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေားသားတင်ဆက်သည်။

၅။ နေရာစိမ်းတွေကို သွားတဲ့အခါ ရောဂါပိုးကူးစက်မခံရအောင် ပိုမိုဂရုစိုက်သင့်ပါတယ်။

၆။ ဇီကာဗိုင်းရပ်စ် ကူးစက်ခံရပြီဆိုရင် သာမန်ဖျားတာ၊ မျက်လုံးနီရဲတာ၊ ခေါင်းကိုက်တာ၊ ခြေလက်နာကျင်တာ စတဲ့ ရောဂါလက္ခဏာလေးတွေပဲ ပြတတ်ပါတယ်။

၇။ ကူးစက်ခံရသူတွေရဲ့ ၈ဝ%ကတော့ ဘာရောဂါလက္ခဏာမှ မပြပါဘူး။

၈။ ဇီကာဗိုင်းရပ်စ်ဟာ လိင်မှတဆင့် ကူးစက်နိုင်ပါတယ်။

၉။ သွေးနဲ့ ခန္ဓာကိုယ်ကထွက်တဲ့ အခြားအရေတွေကနေလည်း ကူးစက်နိုင်ပါတယ်။

၁ဝ။ ရောဂါပိုးကူးစက်ခံထားသူတွေအနေနဲ့ သားသမီးမရအောင် သားဆက်ခြားသင့်ပါတယ်။

၁၁။ ဇီကာဗိုင်းရပ်စ်ဟာ ကူးစက်ပျံ့နှံ့လွယ်ပါတယ်။

၁၂။ ရောဂါပိုးကူးစက်ခံရတဲ့ မိခင်ကနေ မွေးဖွားလာတဲ့ကလေးမှာ ဉာဏ်ရည်မမီခြင်း၊ လူစဉ်မမီခြင်း၊ ကျန်းမာရေးမကောင်းခြင်း စတဲ့ ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။

၁၃။ ဇီကာဗိုင်းရပ်စ်ကူးစက်ခံရသူအချို့ဟာ အကြောသေပြီး လေဖြတ်သည်အထိ ဖြစ်နိုင်ပါတယ်။

ကျန်းမာရေးသတိပေးတဲ့အနေနဲ့ လက်ဆင့်ကမ်း SHARE လိုက်ပါ။