သွားကျန်းမာချင်လား။ ဒီအစားအစာတွေကို စွန့်လွှတ်လိုက်ပါ။

blank
cartoon tooth and dentist and black or yellow tooth with beer and smoke

၁။ ချိုလွန်းတဲ့ အစားအစာတွေကို စားသောက်ခြင်း – ချိုတဲ့အစားအစာတွေမှာ ပါဝင်တဲ့ သကြားဓာတ်တွေကို ဘက်တီးရီးယားတွေဖြိုခွဲရာမှတဆင့် သွားပိုးစားခြင်း၊ သွားကိုက်ခြင်းတို့ ဖြစ်ပေါ်တတ်ပါတယ်။

၂။ ရေခဲနဲ့ အေးလွန်းတဲ့အစားအစာတွေကို ကိုက်စားခြင်း – အေးလွန်းတဲ့ အစားအစာ (ဥပမာ- ရေခဲ၊ ရေခဲမုန့်၊ ရေခဲချောင်း) နဲ့ မာလွန်းတဲ့အစားအစာတွေကို ကိုက်စားတဲ့အခါ သွားအပေါ်ယံလွှာ ပျက်စီးတတ်ပြီး အက်ကွဲကြောင်းလေးတွေ ဖြစ်ပေါ်လာပြီး သွားကို ပျက်စီးစေပါတယ်။

၃။ ချဉ်တဲ့အစားအစာတွေကိ စားခြင်း – ချဉ်တဲ့အစားအစာတွေမှာ အက်ဆစ်ဓာတ်တွေပါဝင်ပါတယ်။ ထိုအက်ဆစ်တွေက သွားပေါ်မှာ စုပုံလာတဲ့အခါ သွားကြွေလွှာကို တိုက်စားပြီး သွားပျက်စီးခြင်းကို ဖြစ်ပေါ်စေပါတယ်။

၎။ သကြားပါတဲ့ ကော်ဖီ၊ လက်ဖက်ရည်သောက်ခြင်း –  သဘာဝအတိုင်း သောက်သုံးရင်တော့ လက်ဖက်ရည်တို့ ကော်ဖီတို့ဆိုတာ ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေပါတယ်။ ဒါပေမယ့် သကြားတို့၊ နို့ဆီတို့ထည့်ပြီး သောက်တယ်ဆိုရင်တော့ အချိုဓာတ်ကြောင့် သွားပိုးစားရာမှတဆင့် သွားကို ပျက်စီးစေပါတယ်။

၅။ ဆီကြော်မုန့်တွေကို တမြုံ့မြုံ့ဝါးခြင်း – ဥပမာ- အာလူးကြော်ပေါ့။ အာလူးကြော်ကို စကားပြောရင်း၊ တီဗွီကြည့်ရင်း တမြုံ့မြုံ့နဲ့ ဝါးတတ်ကြပါတယ်။ အာလူးကြော်မှာပါဝင်တဲ့ ကစီဓာတ်တွေက သွားကြားထဲမှာ ကျန်ရှိနေတတ်ပြီး သွားပိုးစားခြင်းနဲ့ သွားအခေါင်းပေါက်ဖြစ်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။

၆။ ဆိုဒါပါဝင်တဲ့ ဖျော်ရည်တွေကို သောက်သုံးခြင်း – ကိုကာကိုလာ၊ gas ပါတဲ့ ဖျော်ရည်တွေနဲ့ ကိုယ်အလေးချိန်ထိန်းပေးတဲ့ ဖျော်ရည်တွေမှာ ပါဝင်တဲ့ သကြားဓာတ်က သွားမှာ အချိုဓာတ်တွေကို စုပုံစေပြီး ဆိုဒါက ဘက်တီးရီးယားတွေကို သကြားဓာတ်ဖြိုခွဲရာမှာ အထောက်အကူပေးပါတယ်။ ဒါ့ကြောင့် ဆိုဒါပါဝင်တဲ့ဖျော်ရည်တွေကို သောက်သုံးခြင်းက သွားကို ထိခိုက်ပျက်စီးစေပါတယ်။

၇။ အရက်သောက်ခြင်း – အရက်အလွန်အကျွံသောက်သုံးခြင်းက ရေငတ်၊ ခံတွင်းခြောက်ရုံသာမက ခံတွင်းကထွက်တဲ့ သွားရည်ပမာဏကို လျော့နည်းစေပါတယ်။ သွားရည်ပမာဏလျော့နည်းခြင်းကြောင့် သွားဖုံးရောဂါကို ဖြစ်စေနိုင်ပြီး ခံတွင်းကင်ဆာကိုပါ ဖြစ်စေနိုင်ပါတယ်။

၈။ ဆေးလိပ်သောက်ခြင်း – ဆေးလိပ်မှာ ပါဝင်တဲ့ နီကိုတင်းနဲ့ အခြားဓာတုပစ္စည်းတွေက သွားနှင့်ခံတွင်းကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပါတယ်။

၉။ ကွမ်းစားခြင်း – ကွမ်းယာမှာ ပါဝင်တဲ့ ထုံး၊ နှပ်ဆေးနဲ့ အခြားပါဝင်ပစ္စည်းတွေက သွားနှင့်ခံတွင်းကို ထိခိုက်စေပြီး သွားချိုးတက်ခြင်၊ သွားကျိုးခြင်းနှင့် ပါးစောင်ကင်ဆာတွေကို ဖြစ်ပွားစေပါတယ်။

သွားနှင့်ခံတွင်းအတွက် အကောင်းဆုံး သွားတိုက်တံကို ရွေးချယ်တော့မယ်ဆိုရင် နော်ဝေးနိုင်ငံထုတ် Jordan အမှတ်တံဆိပ် Target Teeth & Gums အမျိုးအစား သွားတိုက်တံကို ရွေးချယ်ဝယ်ယူဖို့ အကြံပေးပါရစေ။ တပြေးညီတည်းမဟုတ်ဘဲ ထိပ်စွန်းဘက်မှာ ပိုမိုရှည်ထွက်နေတဲ့ brush ဒီဇိုင်း၊ သေးသွယ်တဲ့ လက်ကိုင်၊ ပါးလွှာတဲ့ bristle အမျှင်လေးတွေက သန့်ရှင်းဖို့ခက်တဲ့ သွားကြားနေရာတွေအထိ ဝင်ရောက်သန့်ရှင်းပေးနိုင်ပြီး သွားကိုဖြူဝင်းခိုင်မာစေပါတယ်။ သင့်သွားကျန်းမာရေးအတွက် အကောင်းဆုံးအဖော်မွန်က Jordan ပါ။

စာဖတ်ပရိသတ်ကြီး သွားကျန်းမာရေးကောင်းမွန်စေရန် ရည်ရွယ်လျက် ဂန္ထဝင်မဂ္ဂဇင်းနှင့် Jordan Toothbrush တို့မှ ပူးပေါင်းတင်ဆက်သည်။