သေးငယ်သော အစာအိမ်လေးများအတွက် ပြည့်ဝသောအာဟာရ

blank

မေမေတို့ရေ…

မေမေတို့ရဲ့ သားသားမီးမီးလေးတွေရဲ့ အစာအိမ်ဟာ လူကြီးတစ်ယောက်ရဲ့အစာအိမ်ထက် ၅ဆပိုမိုသေးငယ်တယ်ဆိုတာ သိပြီးကြပြီလား။ သေးငယ်တယ်ဆိုပေမယ့် မယုံနိုင်စရာက အာဟာရဓာတ်လည်း လူကြီးတွေထက် ၅ဆ ပိုမိုလိုအပ်တယ်လေ။

သားသားမီးမီးလေးတွေက အစာအနည်းငယ်သာ စားနိုင်ကြတာကြောင့် မိဘများအနေနဲ့ အာဟာရဓာတ်ပြည့်ဝတဲ့ အစာတွေကို ရွေးပြီးကျွေးဖို့က အင်မတန်အရေးပါပါတယ်။

ကလေးတစ်ယောက်ရဲ့ အာဟာရပြည့်ဝမှုအတွက် ရွေးချယ်သင့်တဲ့အစားအစာတွေကတော့

  • အသား၊ ဥအမျိုးမျိုး၊ နို့နှင့် နို့ထွက်ပစ္စည်း အစရှိတဲ့ အာဟာရဓာတ်ကြွယ်ဝစွာပါဝင်တဲ့ အစားအစာများ၊
  • အစာချေလွယ်ပြီး နူးညံ့တဲ့အပြင် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာများ၊
  • ကလေးကြီးထွားဖွံ့ဖြိုးမှုအတွက် လိုအပ်တဲ့အာဟာရဓာတ်တွေ ပါဝင်တဲ့ အစားအစာများ စသည်တို့ ဖြစ်ပါတယ်။မိခင်အများစုကတော့ သားသားမီးမီးတို့အတွက် ကိုယ်တိုင်ပဲ အိမ်မှာ ချက်ပြုတ်ကျွေးမွေးတတ်ကြပါတယ်။ ဒါပေမယ့် ဒီလိုချက်ပြုတ်ရာမှာ အရေးပါတဲ့ အာဟာရဓာတ်တွေ ကျန်မနေခဲ့ဖို့ကလည်း အထူးဂရုပြုရပြန်ပါတယ်။

    ခေတ်နဲ့အညီမိခင်အများစုကလည်း လုပ်ငန်းခွင်တွေမှာ ဦးစီးပြီးလုပ်ကိုင်နေကြပြီဆိုတော့ လွယ်ကူစွာဖျော်စပ်နိုင်ပြီး အာဟာရပြည့်စုံမျှတစွာပါဝင်တဲ့ ဖြည့်စွက်အာဟာရမှုန့်တွေကို မေမေတို့ ရွေးချယ်လာကြပါတယ်။

ဖြည့်စွက်အာဟာရမှုန့်တွေက မိခင်တွေအတွက် ပြင်ဆင်ကျွေးမွေးရာမှာ ပိုပြီးအဆင်ပြေစေသလို သားသားမီးမီးတို့အတွက်လည်း လိုအပ်တဲ့အာဟာရဓာတ်တွေကို ပေးစွမ်းနိုင်ပါတယ်။

နောက်တစ်ချက်အနေနဲ့ သားသားမီးမီးတို့ရဲ့ကြီးထွားဖွံ့ဖြိုးမှုအတွက် အဓိကအလိုအပ်ဆုံး သံဓာတ် (Iron) ပဲ ဖြစ်ပါတယ်။ 

သံဓာတ် (Iron) : သံဓာတ်ဟာ သွေးနီဥတွေရဲ့ အောက်စီဂျင်သယ်ယူမှုကို ပိုမိုတိုးမြှင့်ပေးပါတယ်။

  • ကလေးရဲ့ ဖွံ့ဖြိုးတိုးတက်မှု၊ ကြီးထွားမှုနဲ့
  • သင်ယူနိုင်မှုစွမ်းရည်တွေကို တိုးမြှင့်စေဖို့ အထောက်အကူပြုပေးပါတယ်။

သံဓာတ်လုံလောက်စွာ မရရှိတဲ့ ကလေးဟာ အရွယ်ရောက်လာတဲ့အခါမှာ anemia လို့ခေါ်တဲ့ သွေးအားနည်းရောဂါ ဖြစနိုင်ချေများပါတယ်။ ဒါကမြန်မာနိုင်ငံမှာ အဖြစ်တော်တော်များတဲ့ ရောဂါတစ်မျိုးပါ။

မိခင်များအနေနဲ့ သားသားမီးမီးလေးတွေကို ဒီရောဂါကနေ ဘယ်လိုကာကွယ်မလဲ။

ကလေးရဲ့ တစ်နေ့စာ အာဟာရမှာ CERELAC® Multigrain and Garden Vegetable ကို တစ်ပန်းကန်ခန့် ထည့်သွင်းကျွေးမွေးပါ။ ကလေးတစ်ယောက်နေ့စဉ်လိုအပ်တဲ့ သံဓာတ်ပမာဏရဲ့ ၅ဝ% ကျော်ကို ရရှိစေနိုင်ပါတယ်။ သံဓာတ်အပြင် ကလေးရဲ့ ဖွံ့ဖြိုးမှုအတွက်လိုအပ်တဲ့ ဇင့်ဓာတ်၊ ဗီတာမင် A၊ ဗီတာမင် C နဲ့ အခြား သတ္တုဓာတ်များစွာကိုလည်း ရရှိစေပါတယ်။

“အနာဂတ် ပိုမိုသာယာလှပစေဖို့ CERELAC Multi-grain နဲ့ သံဓာတ်ဖြည့်တင်းကြပါစို့”

သားသားမီးမီးတို့အတွက် ကြီးထွားဖွံ့ဖြိုးခြင်းဆိုင်ရာ ဗဟုသုတများနှင့် ဖေဖေမေမေတို့အတွက် စိတ်ဝင်စားဖွယ်ရာအုပ်ထိန်းမှု ဗဟုသုတများရရှိစေရန် ဂန္ထဝင်မဂ္ဂဇင်းနှင့် CERELAC® Multigrain and Garden Vegetable တို့မှ ပူးပေါင်းတင်ဆက်သည်။