ပူပင်ကြောင့်ကျမှုတွေကင်းတဲ့ဘဝကို ဖန်တီးလိုပါသလား။ ဒီနည်းလမ်းလေးတွေကို ဖတ်ကြည့်ပါ။

blank

ပျော်ရွှင်မှုဆိုတာ အစစအရာရာပြီးပြည့်စုံနေတဲ့ ဘဝတစ်ခုကိုဆိုလိုတာမဟုတ်ပါဘူး။

မပြည့်စုံမှုတွေကြားထဲမှာ ပိုင်ဆိုင်ထားတဲ့အရာတွေကို တန်ဖိုးထားနှစ်သက်တာကိုခေါ်တာပါ ပရိသတ်ကြီးရေ…

စိန်ခေါ်မှုတွေများပြားလှတဲ့ ယနေ့ခေတ်ကြီးမှာ ကျွန်မတို့ရဲ့ နေ့စဉ်ဘဝတွေမှာ စိတ်ဖိစီးမှုတွေများနေတာကို အနည်းနဲ့အများခံစားနေရပါတယ်။ ဒါ့ကြောင့် ပေါ့ပါးပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်ချင်တယ်ဆိုရင် စိတ်ဖိစီးမှုတွေကိုလျှော့ချပြီး ပူပန်မှုတွေကိုခဝါချထားဖို့လိုပါတယ်။ ဂန္ထဝင်ပရိသတ်ကြီးအတွက် စိတ်ဖိစီးမှုတွေကို လျှော့ချနိုင်မယ့် နည်းလမ်းလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်ရှင်။

၁။ အခြေအနေတွေကို လက်ခံတတ်ပါ။               

အရေးကြီးတဲ့ အစည်းအဝေးတစ်ခုကို သွားနေရင်း ကားတွေပိတ်မိနေတဲ့အခါ အစည်းအဝေးကို နောက်ကျတော့မယ်ဆိုတာ သေချာနေပြီဆိုပါစို့။ စိတ်ပူပန်ပြီးပျာယာခတ်နေမလား။ သွေးအေးအေးနဲ့ဖြေရှင်းမလား။ စိတ်ပူပန်နေတာဟာ ပြဿနာကိုဖြေရှင်းလို့မရပေမယ့် သင့်တစ်နေ့တာလုံးကို ကမောက်ကမဖြစ်နေတော့မှာတော့သေချာနေပါပြီ။

ဒါ့ကြောင့် အခြေအနေအရပ်ရပ်ကို အမှန်အတိုင်းလက်ခံနိုင်အောင် ပထမဆုံးစိတ်အေးအေးထားပါ။  အစည်းအဝေးနောက်ကျမယ်ဆိုတဲ့အကြောင်းကို လုပ်ဖော်ကိုင်ဖက်တွေကို အသိပေးထားပါ။ ကားထဲမှာထိုင်ပြီး စိတ်ပူနေမယ့်အစား ကားလမ်းရှင်းသွားဖို့ ကိုယ်တက်နိုင်တဲ့ဖက်က ကူညီပေးလိုက်ပါ။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၂။ ကိုယ်ဝင်မပါဘဲ အဆင်ပြေသွားမယ့် ကိစ္စရပ်တွေကိုဆိုရင် လွှတ်ထားလိုက်ပါ။

တစ်ချို့အငြင်းပွားစရာကိစ္စတွေ၊ စိတ်ပူပန်စရာကိစ္စတွေကို တုန့်ပြန်မနေဘဲ လွှတ်ထားလိုက်ပါ။ ကိုယ်မတတ်နိုင်တဲ့ ကိစ္စတွေကို လိုက်ခံစားပြီး စိတ်ပူပန်နေတာဟာ ကိုယ့်ရဲ့တန်ဖိုးရှိတဲ့ အချိန်တွေနဲ့ စွမ်းအင်တွေကို ဖြုန်းတီးရာကျစေပါတယ်။

၃။ မေ့ပစ်ပါ။

တစ်ချို့ပြဿနာတွေက ဖြေရှင်းလို့မရနိုင်ပါဘူး။ ဖြေရှင်းလို့မရနိုင်တဲ့ ပြဿနာတွေကို တွေးပူနေတာဟာ ကိုယ်နဲ့မတော်တော့တဲ့ အင်္ကျီတွေကိုသိမ်းထားတာနဲ့တူပါတယ်။ ဒါ့ကြောင့် ကိုယ်ဖြေရှင်းလို့မရတဲ့အရာတွေကို မေ့ပစ်လိုက်ပါ။

၎။ စိတ်ပူပန်မှုတွေကို လျော့ပါးစေတဲ့အလုပ်တွေကိုလုပ်ပါ။

စိတ်တည်ငြိမ်စေဖို့

  • လေ့ကျင့်ခန်းလုပ်ပါ။
  • တရားထိုင်ပါ။
  • စာအုပ်ဖတ်ပါ။
  • အာဟာရပြည့်ဝအောင်စားသောက်ပါ။
  • အိပ်ရေးဝဝအိပ်ပါ။

ယနေ့ခေတ်မှာ စိတ်ဖိစီးမှုတွေကို လူတိုင်းနီးပါး ခံစားနေရပါတယ်။  မိမိရဲ့ အတွင်းစိတ်တွေခိုင်မာနေတဲ့အခါ စိတ်ဖိစီးမှုတွေတိုင်းကို ခုခံနိုင်တာကြောင့် စိတ်ဓာတ်ကို ခိုင်မာအောင် လေ့ကျင့်မွေးမြူပါ။ ခံစားချက်တွေကို မိမိအနီးနားကလူတွေကို ဖွင့်ဟပြောပြပါ။ ပူပန်မှုတွေကို မျှဝေခံစားပါ။ အရာရာမပြည့်စုံနိုင်တဲ့ဘဝမှာ စိတ်ဖိစီးပူပန်နေမယ့်အစား အရာရာတိုင်းကို အရှိအတိုင်းလက်ခံပြီး လက်ရှိဘဝကိုတန်ဖိုးထားလိုက်တဲ့အခါ ဘဝဟာနေပျော်စရာဖြစ်လာပါလိမ့်မယ်။

သင်ချစ်တဲ့လူတွေကို ပေါ့ပါးတဲ့နေ့ရက်တွေလက်ဆောင်ပေးချင်တယ်ဆိုရင် ဒီစာစောင်လေးကို SHARE ပေးလိုက်ပါနော်။