ကလေးတွေရဲ့ အနာဂတ်အတွက် ကျောင်းသားမိဘများဖတ်ဖို့ Singapore က ကျောင်းအုပ်ကြီးတစ်ယောက်ရဲ့ အိတ်ဖွင့်ပေးစာ။

blank

လေးစားရပါသော ကျောင်းသားမိဘများခင်ဗျား

သိပ်မကြာခင်အချိန်အတွင်းမှာပဲ ကလေးတွေရဲ့ စာမေးပွဲတွေ စတင်တော့မှာဖြစ်ပါတယ်။ ခင်ဗျားတို့ရဲ့ ကလေးတွေ အမှတ်ကောင်းကောင်းရအောင် ဖြေနိုင်ပါ့မလားဆိုပြီး ခင်ဗျားတို့ စိုးရိမ်ပူပန်နေမယ်ဆိုတာလည်း ကျွန်တော်နားလည်ပါတယ်။

ဒါပေမယ့် တစ်ခုတော့ သတိရစေချင်ပါတယ်ခင်ဗျာ။ စာမေးပွဲဖြေရမယ့် ကလေးတွေထဲမှာ သင်္ချာကိုစိတ်မဝင်စားတဲ့ အနာဂတ်မှာကျော်ကြားမယ့် အနုပညာရှင်လောင်းတွေ ပါပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

သမိုင်းနဲ့ အင်္ဂလိပ်စာပေကို ဂရုမပြုတဲ့ အနာဂတ်ရဲ့ စီးပွားရေးလုပ်ငန်းရှင်လောင်းတွေ ပါပါတယ်။

ဓာတုဗေဒဘာသာရပ်အမှတ် ဘယ်လောက်ရရ အမှုမထားတဲ့ နာမည်ကျော်လာမယ့် ဂီတပညာရှင်လောင်းတွေ ပါပါတယ်။

ရူပဗေဒပညာရပ်ကို မလေ့လာချင်တဲ့ အနာဂတ်ကြယ်ပွင့် အားကစားသမားလက်သစ်တွေ ပါပါတယ်။

တကယ်လို့ ခင်ဗျားတို့ရဲ့ သားသမီးက အမှတ်များများရရင်တော့ ဒါဟာ သူတို့တော်လို့ပေါ့။ ဒါပေမယ့် ခင်ဗျားတို့ရဲ့သားသမီးက အမှတ်များများရအောင် မဖြေနိုင်ခဲ့ဘူးဆိုရင်တော့ သူတို့လေးတွေရဲ့ ဂုဏ်သိက္ခာနဲ့ ကိုယ့်ကိုယ်ကိုယုံကြည်မှုကို ပျက်ပြားလောက်တဲ့ထိ မဆူပူဖို့ ကျွန်တော်တောင်းဆိုပါရစေ။

စာမေးပွဲအမှတ်ထက် ပိုပြီးကောင်းတဲ့ အောင်မြင်မှုရလဒ်တွေက သူတို့လေးတွေရဲ့ဘဝမှာ ရှိလာဦးမှာပါ။ ဒီတော့ ဒီစာမေးပွဲလေးအတွက်နဲ့ သူတို့ရဲ့ ပင်ကိုယ်အရည်အချင်းတွေကို ချိုးနှိမ်တာမျိုး မဖြစ်ပါစေနဲ့။ အမှတ်ဘယ်လောက်ပဲရရ သူတို့ကို ချစ်နေမယ့်အကြောင်း၊ စာမေးပွဲအမှတ်စာရင်းကို ကြည့်ပြီး သူတို့ရဲ့လုပ်နိုင်စွမ်းကို ဝေဖန်မှာ မဟုတ်ကြောင်း ပြောပြပေးပါ။ ကျွန်တော် ဒီလိုပြောတာ မိဘချင်းကိုယ်ချင်းမစာလို့ မဟုတ်ပါဘူး။

ခင်ဗျားတို့ရဲ့အားပေးမှုက လူငယ်တစ်ယောက်ကို လောကကြီးရဲ့အောင်နိုင်သူဖြစ်ဖို့ သိပ်ကို အထောက်အကူဖြစ်စေပါတယ်။ စာမေးပွဲမှာ အမှတ်နည်းတာက သူတို့ရဲ့စိတ်ကူးအိပ်မက်တွေနဲ့ အရည်အချင်းတွေကို ပျောက်ကွယ်မသွားစေနိုင်ဘူးဆိုတာတော့ ယုံကြည်လိုက်ပါဗျာ။

ပြီးတော့ ဆရာဝန်နဲ့ အင်ဂျင်နီယာတွေကပဲ ဘဝမှာ အောင်မြင်ပြီး ပြည့်စုံပျော်ရွှင်နေတဲ့သူတွေလို့ မတွေးလိုက်ပါနဲ့။ ကိုယ်ဝါသနာပါတဲ့ကဏ္ဍမှာ အောင်မြင်အောင်ကြိုးစားနိုင်တဲ့သူကသာ လောကကြီးမှာ တကယ်အောင်မြင်ပြီး ပျော်ရွှင်ရတဲ့သူတွေပါ။

ကျေးဇူးတင်ရှိစွာဖြင့်

ကျောင်းအုပ်ဆရာကြီး