ဘဝတိုက်ပွဲကို အနိုင်လွှဲနိုင်ဖို့ ခန္ဓာကျန်းမာမှုနဲ့အညီ စိတ်ဓာတ်ကြံ့ခိုင်နိုင်ဖို့ ခွန်အားဖြည့်စကားများ။

blank

လူရယ်လို့ဖြစ်လာရင် “ဘဝ”ဆိုတဲ့တိုက်ပွဲကို ရှောင်လွှဲချင်လို့မရပါဘူး။ ဘဝ တိုက်ပွဲကို အနိုင်နွှဲဖို့ဆိုရင် ခန္ဓာကိုယ်တစ်ခုတည်း ကျန်းမာသန်စွမ်းနေလို့ မဖြစ်သေး ပါဘူး။ စိတ်ဓာတ်ကြံ့ခိုင်သန်စွမ်းဖို့လည်း အရေးကြီးလှပါတယ်။ ဒါကြောင့် ခန္ဓာကိုယ် အားပြည့်ဖို့ အားဆေးသောက်သလို စိတ်ခွန်အားပြည့်ဖို့ဆိုရင်လည်း အားဖြည့်ပေးမယ့် အတွေးအခေါ်တွေကို စားသုံးပေးဖို့လည်း လိုအပ်ပါတယ်။ အောက်မှာ ဖော်ပြပေးထား တာကတော့ ကျွန်မတို့ရဲ့ နေ့စဉ်ဘဝတွေမှာ အားမာန် အပြည့်နဲ့လှုပ်ရှားရုန်းကန်နိုင်ဖို့ အတွက် မှန်ကြည့်ပြီး မိမိကိုယ်မိမိ ပြောသင့်တဲ့ ခွန်အားဖြည့် စကားလုံးလေးတွေပဲ ဖြစ်ပါတယ်။

၁။  ငါက တန်ဖိုးရှိတဲ့လူတစ်ယောက်ပါ။

လူတိုင်းမှာ ဘဝအတွေ့အကြုံကိုယ်စီ၊ ဖြတ်သန်းမှုကိုယ်စီရှိကြတဲ့အတွက် တန်ဖိုးတွေလည်း ကိုယ်စီရှိကြပါတယ်။ ဒါကြောင့် သင်လည်း သင့်တန်ဖိုးကို ဘယ်တော့မှ လျှော့မတွက်လိုက်ပါနဲ့။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၂။ ငါ့မှာ စဉ်းစားတွေးခေါ်နိုင်စွမ်းရှိတယ်။

စဉ်းစားတွေးခေါ်တတ်လို့လည်း ဒီနေ့ဒီအချိန်မှာ သင်ဟာ သင်နဲ့ထိုက်တန်တဲ့ အလုပ်တစ်နေရာမှာ ကြိုးစားလုပ်ကိုင်ခွင့်ရနေတာပါ။ လုပ်ကိုင်ခွင့်ရထားတဲ့ “နေရာ”ကို တန်ဖိုးထားပြီး ဝီရိယအပြည့်နဲ့အကောင်းဆုံးကြိုးစားသင့်ပါတယ်။

၃။ ငါက အလုပ်တစ်ခုကို ဖြစ်မြောက်အောင် လုပ်ကိုင်နိုင်စွမ်းရှိသူဖြစ်တယ်။  

ယုံကြည်ချက်ရှိတာဟာ မတိုက်ရသေးတဲ့တိုက်ပွဲမှာ ကိုယ့်ကိုယ်ကို တစ်ဝက် အောင်မြင်အောင်လုပ်ပြီးတာနဲ့အတူတူပါပဲ။ သင့်ကိုယ်သင်  အလုပ်တစ်ခုကို ဖြစ်မြောက်အောင်လုပ်ကိုင်နိုင်စွမ်းရှိတယ်ဆိုတဲ့ ယုံကြည်စိတ်လေးသာရှိရင် ဘဝခရီးလမ်းမှာ ဘယ်လိုအခက်အခဲပဲ ကြုံကြုံ အောင်မြင်စွာ ကျော်ဖြတ်နိုင်မှာ သေချာပါတယ်။

၎။ ငါ့ရဲ့အချိန်တွေက တန်ဖိုးရှိတယ်။

လောကကြီးမှာ အစားပြန်မရနိုင်တဲ့အရာတွေထဲ “အချိန်”လည်းပါပါတယ်။ သင့်ရဲ့တန်ဖိုးရှိလှတဲ့အချိန်တွေကို သင်ဖြစ်ချင်တာတွေအတွက် သေချာစီမံသင့် ပါတယ်။

၅။ ငါက လွယ်လွယ်နဲ့အရှုံးပေးမယ့်သူမဟုတ်ဘူး။

ဘဝအမြင့်ဆုံးဆီ တက်လှမ်းဖို့ ကြိုးစားနေချိန်မှာ အားငယ်စိတ်ဆိုတာ အကြီးမားဆုံး ခလုတ်ကန်သင်းတစ်ခုပါ။ ဒါ့ကြောင့် သင့်ဘဝမှာအားငယ်စိတ်ကို ဘယ်တော့မှ အဝင်မခံဘဲ သင်ဘယ်တော့မှ ကျရှုံးမယ့်သူမဟုတ်ဘူးဆိုတဲ့စိတ်ကိုသာ မွေးမြူသင့်ပါတယ်။

၆။ လောကကြီးမှာ ငါတစ်ကိုယ်တည်းမဟုတ်ဘူး။

အနည်းဆုံးတော့ သင့်မှာသင့်ကိုချစ်တဲ့မိသားစုရှိတယ်။ သူငယ်ချင်းတွေရှိတယ်။ လုပ်ဖော်ကိုင်ဖက်တွေရှိပါတယ်။ ဒါ့ကြောင့်  သင့်ကိုအထီးကျန်အားငယ်စေမယ့် တစ်ယောက်တည်းဆိုတဲ့အတွေးကို မတွေးမိအောင် ရှောင်ရှားသင့်ပါတယ်။