အသက်(၂ဝ)ကျော်အရွယ်မှာ ဘက်စုံအောင်မြင်တဲ့ ဘဝတစ်ခုပိုင်ဆိုင်ဖို့ နေနည်းလေးများ

blank

အသက် ၂ဝကျော်အရွယ်မှာ ပညာရေးနဲ့ပတ်သက်ပြီး အောင်မြင်မှုရစေဖို့

၁။ သင်လိုချင်တဲ့ဘွဲ့နဲ့ သင်ရလာမယ့်ဘွဲ့ကို ထပ်တူကျအောင်ကြိုးစားပါ။ သင့်ရဲ့ဘွဲ့လတ်မှတ်က သင်လိုချင်တဲ့အလုပ်ရဖို့ အထောက်အကူတစ်ခုဖြစ်အောင် ကြိုးစားပါ။

၂။ ပညာရေးကို ဆက်လက်ဆည်းပူးချင်တယ်၊ နောက်ထပ်ဘွဲ့တွေ လိုချင်သေး တယ်ဆိုရင် လက်ရှိအချိန်မှာ အကောင်းဆုံးကြိုးစားလိုက်ပါ။

၃။ ပညာရပ်တစ်ခုကို ကျွမ်းကျင်စွာ တတ်မြောက်ဖို့ စာတွေ့အပြင် လက်တွေ့ လေ့ကျင့်မှုပါ လိုအပ်ပါတယ်။ ဒါကြောင့် စာသင်ခန်းထဲမှာချည်း ထိုင်မနေဘဲနဲ့ ကျောင်းချိန်ပြင်ပမှာပါ ကြိုးစားလေ့ကျင့်ပါ။  ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

အသက် ၂ဝကျော်အရွယ်မှာ အလုပ်အကိုင်နဲ့ပတ်သက်ပြီး အောင်မြင်မှုရစေဖို့

၁။ အဆိုးရွားဆုံးလို့ထင်ရတဲ့ အလုပ်မှာတောင် သင်ယူစရာသင်ခန်းစာတွေ ရှိနေတတ်တာကြောင့် သင့်လက်ရှိအလုပ်ကနေ သင်ယူစရာရှိတာကို သင်ယူပါ။

၂။ ဘာ့ကြောင့် ဒီအလုပ်လုပ်နေတာလဲဆိုတာကို သိအောင်ကြိုးစားပါ။ “ငွေ”ကြောင့်ဆိုရင် သင့်ပျော်ရွှင်မှုတွေ၊ အချိန်တွေ၊ ဝါသနာတွေကို စတေးရမယ်။ “ပျော်ရွှင်မှု”ကြောင့်ဆိုရင်တော့ သင်ရနိုင်မယ့်ဝင်ငွေတွေကို စတေးရလိမ့်မယ်။

၃။ အပိုဝင်ငွေရနိုင်မယ့် အပြင်အလုပ်လေးတွေကို လုပ်ပါ။

၎။ မိတ်ဆွေသစ်၊ အဆက်အသွယ်သစ်၊ အခွင့်အလမ်းသစ်တွေကို အမြဲမပြတ်ရှာဖွေပါ။

၅။ သင်မလုပ်ဖူးတဲ့အလုပ်တွေ၊ သင်မလုပ်နိုင်ဘူးလို့ထင်နေတဲ့အလုပ်တွေကို စွန့်စား လုပ်ဆောင်လိုက်ပါ။

၆။ သိသင့်တာထက် ပိုသိအောင်ကြိုးစားပါ။

၇။ သင့်အလုပ်ရှင်၊ သင့်အထက်လူကြီးတွေ ဘယ်လောက်ပဲဆိုးဆိုး၊ မျက်နှာပျက် လောက်အောင်ထိ ဆက်ဆံရေးပျက်သွားတာမျိုးမလုပ်မိအောင် ရှောင်ကြဉ်ပါ။

အသက် ၂ဝကျော်အရွယ်မှာ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေကြား ဆက်ဆံရေးကောင်းမွန်စေဖို့

၁။ သင့်မိသားစုဝင်တွေအတွက် သင်ဟာ အရေးပါနေပါတယ်။  ပြီးတော့ သင့်အခြေ အနေတိုင်းအတွက် သူတို့က အမြဲအသင့်ရှိနေတတ်တာကြောင့် သူတို့ကို အသိအမှတ် ပြုပြီး ကျေးဇူးတင်ပါ။

၂။ သင့်မိဘတွေ ပြောသမျှဆုံးမစကားတွေ၊ ဆူပူမှုလေးတွေက သင့်ကို အကောင်းဆုံး ဖြစ်စေချင်တဲ့စေတနာတွေဆိုတာကို နားလည်ပါ။

၃။ သင့်ရွေးချယ်ဆုံးဖြတ်မှုတစ်ခုခုနဲ့ ပတ်သက်ပြီး သင့်မိသားစုဝင်တွေ လက်မခံဘူး ဆိုရင် သင့်ဘက်က အလျှော့ပေးလိုက်ပါ။

၎။ သင့်သူငယ်ချင်းတွေအတွက် အချိန်ပေးပါ။ အလုပ်တာဝန်တွေ၊ မိသားစုအရေးတွေနဲ့ မဖိစီးခင် ဒီအသက်အရွယ်လေးမှာ သူငယ်ချင်းတွေနဲ့ ပျော်ရွှင်စွာ သွားလာစားသောက်ပါ။

၅။ မစစ်မှန်တဲ့သူငယ်ချင်းတွေကို သင့်ဘဝထဲက ပယ်ဖျက်လိုက်ပါ။

၆။ ချစ်သူရသွားလို့ သူငယ်ချင်းတွေကို မေ့သွားတဲ့သူမဖြစ်အောင် သတိပြုပါ။

၇။ သင့်ဘဝအတွက် အရေးကြီးတဲ့လူတွေအတွက် အဓိပ္ပာယ်ရှိတဲ့သူတစ်ယောက် ဖြစ်အောင်နေပါ။

၈။ သင်လိုချင်တဲ့သူငယ်ချင်းပုံစံအတိုင်း သင်လည်း တစ်ပါးသူအပေါ် ဆက်ဆံပါ။

အသက် ၂ဝကျော်အရွယ်မှာ အချစ်ရေးနဲ့ပတ်သက်ပြီး အဆင်ပြေပျော်ရွှင်စေဖို့

၁။ သင့်ကိုယ်သင် အရင်ချစ်ပါ။ ဦးစားပေးပြီး တန်ဖိုးထားပါ။

၂။ သင့်အတွက် မသင့်တော်တဲ့သူတစ်ယောက်ကို ချစ်မိနေပြီဆိုရင် ခံစားချက်တွေကို မြန်မြန်ရုပ်သိမ်းလိုက်ပါ။

၃။ သင့်ချစ်သူက သင့်ကြောင့် သူ့ရဲ့အကျင့်ဆိုးတွေကို ပြောင်းလဲပစ်လိုက်မယ်လို့ ယုံကြည်နေတာကို ရပ်လိုက်ပါ။

၎။ တစ်စုံတစ်ယောက်ရဲ့ ရင်ခွင်ထဲကို ဝင်တော့မယ်ဆိုရင် အဲ့ဒီရင်ခွင်က သင့်အတွက် အမှန်တကယ်ပျော်ရွှင်စေတဲ့နေရာလားဆိုတာ သေချာဆန်းစစ်ပါ။

၅။ တစ်ယောက်တည်းနေရတဲ့ အချိန်တွေမှာ ပျော်ပျော်နေပါ။ တစ်ခါတလေမှာ ရည်းစားမရှိတဲ့ဘဝက ပိုလွတ်လပ်ပါတယ်။

၆။ တစ်စုံတစ်ယောက်ကြောင့် သင့်အသည်းကွဲတော့မလိုဖြစ်နေတယ်ဆိုရင် သင့်ကို ဘယ်သူကမှ မနာကျင်စေရအောင် ကိုယ့်ကိုယ်ကို ကာကွယ်ပါ။

၇။ အချစ်ဆိုတာ ပေးသလောက် ပြန်မရတတ်ပါဘူး။ ဒါကြောင့် အဆိုးဆုံးအခြေ အနေထိတွေးပြီး ကြိုတင်ပြင်ဆင်ထားပါ။

အသက် ၂ဝကျော်အရွယ်မှာ ဘဝရဲ့ကဏ္ဍအသီးသီးနဲ့ပတ်သက်ပြီး အောင်မြင်မှုရစေဖို့

၁။ တစ်ခုခုကို လိုချင်ပြီဆိုရင် ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် အရယူမယ်လို့ ကိုယ့်ကိုယ်ကို ကတိပေးပြီး ရအောင်ယူလိုက်ပါ။

၂။ အမှားတွေကနေ သင်ခန်းစာယူပါ။ သင်မှားတတ်တဲ့ပုံစံကိုသိတဲ့အခါ နောက်တစ်ခါ ထပ်မမှားအောင် ဆင်ခြင်ပါ။

၃။ သင်တကယ်အကူအညီလိုအပ်နေပြီဆိုရင် ဘယ်သူ့ကိုမဆို ရှက်ရွံ့စိတ်မထားဘဲ အကူအညီတောင်းပါ။

၎။ ဆိုးဝါးတဲ့အခြေအနေတွေ ကြုံလာရရင်တောင် ရည်မှန်းချက်ကို လက်မလွှတ် လိုက်ပါနဲ့။

၅။ သင့်ကို စိတ်ရင်းနဲ့ကူညီတဲ့သူတွေအပေါ်မှာ အခွင့်အရေးမယူမိအောင် ဆင်ခြင်ပါ။

၆။ ပေးစရာရှိတဲ့အကြွေးတွေ၊ အခကြေးငွေတွေကို အချိန်မီပေးပါ။

၇။ ဝင်ငွေထွက်ငွေကို သေချာစီမံပါ။

၈။ သင်တတ်နိုင်သလောက် ငွေပမာဏကို ပုံမှန်စုဆောင်းထားပါ။

၉။ ပြည်တွင်းပဲဖြစ်ဖြစ်၊ ပြည်ပပဲဖြစ်ဖြစ် ခရီးထွက်နိုင်သလောက်ထွက်ပါ။ အတွေ့အကြုံသစ်တွေကို စုဆောင်းပါ။

၁ဝ။ သင့်ဘဝကို သူများတွေရဲ့ဘဝနဲ့ နှိုင်းယှဉ်ပြီး စိတ်အားငယ်နေတတ်တဲ့အကျင့်ကို စွန့်လွှတ်လိုက်ပါ။

၁၁။ အခုအရွယ်မှာ လွတ်လပ်ပျော်ရွှင်စွာနေပါ။ ဒီလိုမဟုတ်ရင် အသက် ၃ဝကျော်မှ နောင်တရနေလိမ့်မယ်။

၁၂။ အလုပ်ကို ကြိုးစားပမ်းစားလုပ်သလို အိပ်ရေးဝဝအိပ်ဖို့လည်း သတိရပါ။

၁၃။ ဖြေရှင်းရခက်တဲ့ ပြဿနာတွေကြုံလာရတိုင်း အတိတ်ကဖြေရှင်းခဲ့တဲ့ ပြဿနာ တွေကို စဉ်းစားလိုက်ပါ။ ထိုပြဿနာတွေ၊ အခက်အခဲတွေကို ကျော်ဖြတ်နိုင်ခဲ့တဲ့ အကြောင်းကို စဉ်းစားပြီး စိတ်ခွန်အားယူလိုက်ပါ။

၁၄။ တစ်နေ့မှာ တစ်ခါလောက်တော့ သင်ကျေးဇူးတင်သင့်တဲ့အရာတွေအကြောင်းကို စဉ်းစားပါ။

၁၅။ ဘဝမှာ ဘယ်အရာမဆိုဖြစ်လာနိုင်တယ်ဆိုတာကို ယုံကြည်ထားပါ။