သင့်ကိုသင် မြတ်နိုးပါ။ အားနည်းချက်တွေကို အသိအမှတ်ပြုပါ။

blank

          အားနည်းချက်တစ်ခုကြောင့် ကိုယ့်ကိုယ်ကို အားမလို အားမရ ဖြစ်နေတယ်ဆိုရင် ဒီလိုဖြစ်နေတာဟာ သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ ဖွင့်မ ပြောဖြစ်ကြပေမယ့် ကျွန်မတို့တွေအားလုံးဟာ ကိုယ့်အားနည်းချက်တွေအတွက် မချင့်မရဲ ဖြစ်နေတတ်ကြပြီး မလုံမလဲခံစားနေတတ်ကြပါတယ်။

ဒီလိုခံစားချက်တွေကနေ ရုန်းထွက်နိုင်ဖို့က ကိုယ့်ကိုယ်ကိုယ် ချစ်တတ်ဖို့လိုပါတယ်။ ဂန္ထဝင်မဂ္ဂဇင်းကနေ ဒီတစ်ပတ်အတွက် တင်ဆက်ပေးထားတဲ့ နည်းလမ်းလေးတွေကတော့ ကိုယ့်ကိုယ်ကို ချစ်တတ်စေဖို့ လိုက်နာသင့်တဲ့ နည်းလမ်းလေးတွေပဲဖြစ်ပါတယ်။

၁။ ကိုယ့်ကိုယ်ကို အထင်အမြင်သေးစေတဲ့အတွေးတွေကို စွန့်လွှတ်လိုက်ပါ။

၂။ ပင်ကိုယ်စိတ်ရင်းအတိုင်းပဲ ပြုမူနေထိုင်ပါ။ ငိုစရာရှိရင် ငိုပစ်လိုက်ပါ။ ရယ်စရာရှိရင် အားရပါးရ ရယ်မောလိုက်ပါ။

၃။ မိမိအတွက် ကောင်းကျိုးဖြစ်စေတဲ့အလုပ်တွေကိုပဲ လုပ်ပါ။

၎။ အရာရာထက် ကိုယ့်ကိုယ်ကို ဦးစားပေးပြီး ဂရုစိုက်ပါ။

၅။ ခံစားနာကျင်ရမှာကို မကြောက်ပါနဲ့။ နာကျင်မှုတွေကနေ သင်ခန်းစာယူလိုက်ပါ။

၆။ သင့်ရဲ့ စိတ်အချရဆုံး အဖော်မွန်က သင်ကိုယ်တိုင်ပဲဆိုတာ သတိရပါ။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၇။ ခံစားချက်တွေကို မျိုသိပ်မထားဘဲ ထုတ်ဖော်ပြသပါ။

၈။ အရာရာတိုင်းကို စည်းဘောင်သတ်မှတ်ပြီး လုပ်ကိုင်ပါ။ လူမှုရေးမှာရော၊ အလုပ်ခွင်မှာပါ သင်လက်ခံနိုင်တဲ့ စည်းဘောင်တစ်ခု သတ်မှတ်ထားပါ။

၉။ သင့်စိတ်ကူးထဲက ဖြစ်ချင်သမျှဆန္ဒတွေကို မငြင်းပယ်ဘဲ ဖြစ်အောင် ကြိုးစားပါ။

၁ဝ။ ဘဝဟာ ပြိုင်ပွဲတစ်ခုဖြစ်ပြီး မဖြစ်မနေအရှုံးပေးရမယ်ဆိုရင် ကိုယ့်ကိုယ်ကိုပဲ အရှုံးပေးပါ။

၁၁။ မှန်ကန်တဲ့စကားကိုသာ ပြောဆိုပါ။

၁၂။ သင်ဟာ မွေးကတည်းက ရိုးသားဖြူစင်တဲ့သူတစ်ယောက်ဆိုတာ သတိရပါ။

၁၃။ ကိုယ့်ကိုယ်ကို အမြဲတမ်းမေးခွန်းတွေ ထုတ်ပါ။ ဘာလိုအပ်နေလဲ၊ ဘာကြောင့် ခံစားနေရတာလဲ၊ စသဖြင့်ပေါ့။

၁၄။ ကိုယ့်ရဲ့ သိစိတ်နဲ့ မသိစိတ်ကို ရင်းနှီးယဉ်ပါးအောင် လေ့ကျင့်ပါ။ မသိစိတ်က ပြောသမျှစကားတွေကို ကြားအောင် နားထောင်ပါ။

၁၅။ ဒုက္ခတွင်းထဲရောက်တော့မယ့်အချိန်မှာ သူတစ်ပါးကို ဆွဲတင်ဖို့ အရင်မကြိုးစားဘဲ၊ ကိုယ့်ကိုယ်ကို ပြုတ်မကျအောင် အရင်ဂရုစိုက်လိုက်ပါ။ သင်တွင်းအပေါ်ကိုရောက်မှ တွင်းထဲကျတော့မယ့်သူကို ဆွဲတင်နိုင်မှာမဟုတ်လား။

၁၆။ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် သင့်ဘဝကို မနစ်မြုပ်ပါစေနဲ့။ ဆက်လက် ရှင်သန်နိုင်ဖို့ နည်းလမ်းရှာပါ။

၁၇။ သင့်ဘဝရဲ့ အကောင်းဆုံးပဲ့ကိုင်ရှင်ဖြစ်ဖို့ သင်ကိုယ်တိုင်ကြိုးစားလိုက်ပါ။

၁၈။ အတတ်ပညာတစ်ခုခုကို ကျွမ်းကျင်ဖို့ အချိန်တိုင်း လေ့ကျင့်ပါ။

၁၉။ ဘယ်လိုအမှားမျိုးကိုပဲ ကျူးလွန်မိပါစေ၊ ကိုယ့်ကိုယ်ကို အရင်ဆုံး ခွင့်လွှတ် လိုက်ပါ။

၂ဝ။ သင့်ဘဝထဲကို သင်မျှော်လင့်မထားတဲ့အရာတွေ ဝင်ရောက်လာတဲ့အခါ အသာတကြည်ပဲလက်ခံလိုက်ပါ။

၂၁။ သင့်ရဲ့ ကံကြမ္မာကို သင်ကိုယ်တိုင်ပဲ ဖန်တီးပါ။

၂၂။ တောင်းပန်စကားပြောဖို့ ဘယ်တော့မှ မတွန့်ဆုတ်ပါနဲ့။

၂၃။ စိတ်ညစ်စရာကိစ္စတွေကြုံလာရတဲ့အခါ သင်တစ်ယောက်တည်း ဒီလိုစိတ်ညစ်နေရတာ မဟုတ်ဘူးဆိုတာ သတိရလိုက်ပါ။ လူတိုင်းမှာ သူ့အပူနဲ့သူရှိပါတယ်။

၂၄။ သင့်ကိုသင်ရော အခြားသူတွေကိုပါ သနားကြင်နာပါ။

၂၅။ ဘဝမှာ ကြုံလာသမျှ ဝမ်းနည်းစရာတွေ၊ ပျော်စရာတွေ၊ ရယ်မောစရာတွေ၊ ငိုစရာတွေ၊ လိုချင်တာတွေ၊ မလိုချင်တာတွေ အားလုံးကို လက်ခံလိုက်ပါ။

၂၆။ ပြီးပြည့်စုံရမယ်ဆိုတဲ့ အတ္တကို စွန့်လွှတ်လိုက်ပါ။ လောကမှာ ဘယ်သူမှ ပြီးပြည့်စုံတယ်လို့ မရှိပါဘူး။

ဂန္ထဝင်စာဖတ်ပရိသတ်ကြီးလည်း ဒီနည်းလမ်းလေးတွေကို အသုံးချပြီး ကိုယ့်ကိုယ်ကို ချစ်တတ်အောင်ကြိုးစားလိုက်ပါလို့ တိုက်တွန်းလိုက်ပါတယ်ရှင်။

သင့်အတွက် အသုံးဝင်တဲ့ ဒီစာစောင်လေးကို သူငယ်ချင်းတွေဖတ်ဖို့ SHARE လိုက်ပါနော်။