ကိုယ်ပိုင်အရည်အသွေးတွေ တိုးတက်မြင့်မားလာစေဖို့ နည်းလမ်းလေးများ

blank

           လူတိုင်းမှာ ရည်မှန်းချက်ပန်းတိုင်ကိုယ်စီ ရှိကြပါတယ်။  အောင်မြင်မှုပန်းတိုင်ဆီ မလျှော့သော ဇွဲလုံ့လတွေနဲ့ ဆက်လက်လျှောက်လှမ်းဖို့ အတွက်အသုံးဝင်မယ့် နည်းလမ်းအချို့ကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်လိုက်ပါတယ်။

၁။ သင့်ပန်းတိုင်ဆီကို ရောက်ဖို့ အလုပ်တစ်ခုကိုအောင်မြင်ပြီးမြောက်တိုင်း စာနဲ့ရေးပြီး ဘူးတစ်ခုထဲမှာထည့်ထားပါ။ စိတ်ဓာတ်ကျနေတဲ့အချိန်မှာ အဲ့ဒါလေးတွေ ပြန်ကြည့်ပြီး ကိုယ့်ကိုယ်ကို အားမွေးလိုက်ပါ။

၂။ သင်ပညာယူလို့ရနိုင်မယ့် လူတော်တွေများတဲ့ ပတ်ဝန်းကျင်မှာ နေထိုင်ပါ။ သင့်ထက်ပိုတော်တဲ့သူတွေနဲ့ အလုပ်တွဲလုပ်ပါ။

၃။ သင့်ရဲ့တိုးတက်မှုတွေကို မကြာခဏတိုင်းတာပါ။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ပေးခြင်းဖြစ်သည်။

၎။ သင့်ရဲ့ ကိုယ်ပိုင်အချိန်တွေမှာ ပညာရပ်အသစ်တွေလေ့လာဆည်းပူးရင်း ကုန်ဆုံးလိုက်ပါ။

၅။ သင့်ရဲ့ ရည်မှန်းချက်ပန်းတိုင်ကို တိတိကျကျသတ်မှတ်ပြီး လက်တွေ့အကောင်အထည်ဖော်လိုက်ပါ။

၆။ စိတ်တည်ငြိမ်အောင် တရားထိုင်ပါ။

၇။  ကျန်းမာရေးကိုလေ့လာလိုက်စားပါ။

၈။ စိတ်ဓာတ်ခွန်အား ရင့်သန်စေမယ့် စာအုပ်တွေ များများဖတ်ပါ။

၉။ အကောင်းမြင်စိတ်ရှိတဲ့လူတွေနဲ့ ပေါင်းသင်းဆက်ဆံပါ။

၁ဝ။ တခြားသူတွေကိုလည်း လက်တွဲကူညီပါ။ ဒီလိုလုပ်ခြင်းအားဖြင့် သင့်အတွင်းစိတ်ကို ကောင်းကျိုးဖြစ်စေတာကြောင့် နှစ်ဖက်စလုံးအတွက် အကျိုးရှိပါတယ်။

ဂန္ထဝင်စာဖတ်ပရိသတ်ကြီးရေ… သင့်ဆီမှာရော စိတ်ခွန်အားပေးနိုင်တဲ့ နည်းလမ်းကောင်းလေးတွေ ရှိနေလား။ Comment box မှာ ဆွေးနွေးပေးဖို့ ဖိတ်ခေါ် ပါရစေရှင်။