အလုပ်ခွင်အတွင်း သတ်မှတ်ထားသင့်တဲ့ စည်းမျဉ်းစည်းကမ်းများ

blank

         သင်ဟာ အလုပ်တစ်ခုကို နှစ်ရှည်လများလုပ်ပြီးတာတောင် အလုပ်မှာ အံမဝင်ဘဲ ပိုမိုခက်ခဲလာတယ်ဆိုရင် သင့်မှာလိုအပ်ချက်တွေရှိနေပါပြီ။ ဒါဟာသင့်ရဲ့ အလုပ်နဲ့ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ နည်းဥပဒေတွေကို ထဲထဲဝင်ဝင်နားမလည်သေးတာကြောင့်လည်းဖြစ်နိုင်ပါတယ်။

ဒါကြောင့် အလုပ်နဲ့ပက်သက်ပြီး သတ်မှတ်ထားသင့်တဲ့ စည်းမျဉ်းစည်းကမ်းလေးတွေကို ဂန္ထဝင် စာဖတ်ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်နော်။

၁။ သင်မလုပ်ချင်တဲ့အလုပ်ကို ငြင်းဆန်ဖို့ အားမနာပါနဲ့။

အလုပ်ခွင်မှာ အချိန်ပိုလုပ်ပေးတာဟာ သင့်ကိုမချမ်းသာစေနိုင်ပါဘူး။ ဒါကြောင့် သင်မလုပ်ချင်တဲ့အလုပ်တစ်ခုကို အလုပ်ရှင်ကိုအားနာတာကြောင့် လက်ခံလိုက်တာမျိုးမဖြစ်သင့်ပါဘူး။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၂။ သင်မလုပ်နိုင်တဲ့အလုပ်တွေကို လက်မခံပါနဲ့။

အလုပ်ရှင်သဘောကျအောင် သင်မလုပ်နိုင်တဲ့အရာတွေကို လုပ်ပြဖို့မလိုအပ်ပါဘူး။ သင်ရဲ့လုပ်နိုင်တဲ့အလုပ်အရေအတွက်ထက် စေ့စပ်သေချာစွာ ပြီးမြောက်ဖို့ပဲ အရေးကြီးပါတယ်။

၃။ အလုပ်ခွင်မှာ သင့်ကိုယ်သင်အပြည့်အဝဂရုစိုက်ပါ။

သင့်ရဲ့မနိုင်မနင်းအလုပ်တွေကြောင့် နေလည်စာမစားလိုက်ရဘဲ လွတ်သွားတာမျိုးတွေမဖြစ်ပါစေနဲ့။ သင့်ရဲ့ခန္ဓာကိုယ်ဟာ လုံလောက်တဲ့အဟာရမရှိရင် စိတ်သွားတိုင်းကိုယ်ပါနိုင်တော့မှာမဟုတ်ပါဘူး။

၎။ သင်လုပ်သလောက်မမျှော်လင့်ပါနဲ့။

ရာထူးတွေ၊ လစာတွေကို မျှော်ကိုးပြီးအလုပ်လုပ်တာဟာ သင့်ကိုပိုပြီး ပင်ပန်းစေပါတယ်။ ဒါကြောင့် စိတ်သန့်သန့်နဲ့ အစွမ်းကုန်ကြိုးစားလုပ်ကိုင်ပါ။ သင့်ရဲ့ကြိုးစားမှုနဲ့ထိုက်တန်တဲ့ အကျိုးကိုတော့ခံစားရမှာပါ။

၅။ အလုပ်တွေကို အလုပ်ထဲမှာပဲထားခဲ့ပါ။

သင့်ရဲ့အလုပ်ကိစ္စတွေကို အလုပ်မှာပဲ ထားခဲ့ပါ။ အလုပ်နဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေကို မရောထွေးပါစေနဲ့။ အားလပ်ချိန်တွေကို သင်နဲ့အနီးဆုံးမှာရှိတဲ့ အချစ်ဆုံးလူတွေအတွက်ပဲ အသုံးချပါ။

အလုပ်ကြိုးစားတာဟာ သင့်အတွက်ရော အလုပ်ရှင်အတွက်ပါ အကျိုးရှိစေပါတယ်။ ဒါပေမယ့် အလုပ်အတွက်နဲ့ပဲ အချိန်တွေ ကုန်ဆုံးသွားတာမျိုးမဖြစ်သင့်ပါဘူး။ ဒါကြောင့် အချိန်ပြည့်အလုပ်တွေနဲ့ပဲ နပမ်းလုံးမနေဘဲ ကျွန်မတို့ဘေးမှာရှိနေတဲ့ မိသားစု၊ အချစ်ဆုံးသူငယ်ချင်းတွေနဲ့ ပျော်ရွှင်စရာအချိန်လေးတွေ ဖန်တီးလိုက်ကြရအောင်နော်။