ရင်သားကင်ဆာကင်းဝေးစေဖို့ စားသောက်သင့်သည့် အစားအစာများ

blank

၁။ ကြက်သွန်ဖြူ – ကြက်သွန်ဖြူမှာပါဝင်တဲ့ allium ဆိုတဲ့ဒြပ်ပေါင်းက အကျိတ်ဖြစ်ပွားမှုနဲ့ ရင်သားကင်ဆာဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။

၂။ သလဲသီး – သလဲသီးမှာပါဝင်တဲ့ polyphenol ဓာတ်ဟာ ကင်ဆာဖြစ်ပွားမှုကို ကာကွယ်ပေးပါတယ်။

၃။ အစိမ်းရင့်ရောင် ဟင်းရွက်များ – အစိမ်းရင့်ရောင်အရွက်တွေမှာ အမျှင်ဓာတ်၊ ဗီတာမင် ဘီ၊ ကလိုရိုဖီးလ် အစရှိတဲ့ ဓာတ်တွေက ရင်သားကင်ဆာဆဲလ်တွေကို သေစေနိုင်ပါတယ်။

၎။ ဆဲလ်မွန်ငါး – ဆဲလ်မွန်ငါးတွေမှာပါဝင်တဲ့ အိုမီဂါ-3၊ ဗီတာမင် B12 နဲ့ ဗီတာမင် D တို့ဟာ ဆဲလ်တွေရဲ့ ကြီးထွားမှုကို ပုံမှန်ဖြစ်စေပြီး ရင်သားကင်ဆာဖြစ်ပွားမှုကို ကာကွယ်ပေးပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၅။ ပန်းဂေါ်ဖီစိမ်းsulforophane နဲ့ indoles ဓာတ်တွေပါဝင်တဲ့ ပန်းဂေါ်ဖီစိမ်းဟာ ရင်သားကင်ဆာဖြစ်ပွားမှုနှုန်းကို လျော့ကျစေနိုင်တဲ့အပြင် ဆီးအိတ်ကင်ဆာနဲ့ အဆုတ်ကင်ဆာတွေကိုပါ ကာကွယ်ပေးနိုင်ပါတယ်။

၆။ လက်ဖက်ရည်ကြမ်း – လက်ဖက်ရည်ကြမ်းကို တစ်နေ့ ၂ခွက် ပုံမှန်သောက်သုံးသူတွေဟာ ရင်သားကင်ဆာဖြစ်ပွားနိုင်မှု မရှိသလောက်နည်းပါးပါတယ်။

၇။ ငရုတ်ကောင်း – ငရုတ်ကောင်းမှာ ရင်သားကင်ဆာရောဂါကို တိုက်ဖျက်ပေးနိုင်မယ့် phytochemical ဓာတ်နဲ့ အခြားအာဟာရဓာတ်တွေ များစွာပါဝင်ပါတယ်။

၈။ နနွင်း – ရင်သားကင်ဆာကိုတိုက်ဖျက်ပေးနိုင်တဲ့ curcumin လို့ခေါ်တဲ့ဓာတ်ပေါင်းတစ်မျိုးကို နနွင်းမှာ အများဆုံးတွေ့ရပါတယ်။

၉။ သစ်ကြားသီးphytosterols နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ များစွာပါဝင်တဲ့ သစ်ကြားသီးကလည်း ရင်သားကင်ဆာ ကာကွယ်ပေးနိုင်ပါတယ်။

၁ဝ။ ဘယ်ရီသီးများ – စတော်ဘယ်ရီ၊ ဘလူးဘယ်ရီ၊ ကရမ်ဘယ်ရီ စတဲ့ ဘယ်ရီမျိုးနွယ်အသီးတွေမှာလည်း ရင်သားကင်ဆာဆဲလ်တွေကို မဖြစ်ပေါ်အောင်တားဆီးပေးနိုင်တဲ့ ဓာတ်သတ္တိတွေ ပါဝင်ပါတယ်။

၁၁။ နှံစားပြောင်း – နှံစားပြောင်းအနွယ်ဝင်တွေဖြစ်တဲ့ ဘာလီ၊ ဂျုံ၊ ပြောင်း၊ ဆန်လုံးညို တို့ဟာလည်း ရင်သားကင်ဆာဆဲလ်တွေကို တိုက်ဖျက်ပေးနိုင်ပါတယ်။

၁၂။ ပဲစေ့အမျိုးမျိုး – ရင်သားကင်ဆာဖြစ်ပွားစေနိုင်တဲ့ အခြေအနေတွေကို လျှော့ချပေးနိုင်တဲ့ အစားအစာတွေမှာ ပဲအမျိုးမျိုးလည်းပါဝင်ပါတယ်။

ရင်သားကင်ဆာ မဖြစ်ပွားစေဖို့ အရက်နဲ့ ပြန်လည်သန့်စင်ထားတဲ့ ကာဗွန်ဟိုက်ဒရိတ်တွေကို ရှောင်ရှားသင့်ပါတယ်။
ကျန်းမာရေးပညာပေးစာစောင်လေးကို သူငယ်ချင်းတွေအတွက် SHARE ပေးလိုက်ပါ။