နေ့ရက်တိုင်းမှာ ပျော်ရွှင်ဖွယ်ဘဝလေး ပိုင်ဆိုင်နိုင်စေဖို့

blank

ဘဝမှာ ကိစ္စအသေးအဖွဲလေးတစ်ခုကြောင့် စိတ်ဓာတ်ကျဝမ်းနည်းနေပြီဆိုရင် ဘဝမှာရှိခဲ့ဖူးတဲ့ ပျော်ရွှင်စရာ အခိုက်အတန့်လေးတွေကို မေ့သွားတတ်ကြပါတယ်။ ဒါ့ကြောင့် စိတ်ညစ်ဝမ်းနည်းမနေဘဲ ကိုယ့်ကိုယ်ကို ပြန်လည်ထူမတ်လိုက်ပါ။ မျက်နှာမှာ အပြုံးတစ်ပွင့်ဆင်မြန်းပြီး နေ့ရက်တိုင်းကို ခမ်းနားအောင်ကြိုးစားလိုက်ပါ။

၁။ ဒီအချိန်မှာ သင့်ဘဝအမှောင်ကျသလိုခံစားနေရတာနဲ့ပဲ အရင်ကသင်ပိုင်ဆိုင်ဖူးတဲ့ ဆုလာဘ်တွေကို မေ့မပစ်လိုက်ပါနဲ့။ ဝမ်းနည်းစရာအချိန်တွေပြီးဆုံးသွားပါပြီ။ သင့်အနာဂတ်နေ့ရက်တွေမှာ ရရှိလာမယ့် ကောင်းတဲ့အရာတွေအတွက် သင့်ဘဝကိုခမ်းနားအောင် ပြင်ဆင်ထားပါ။

၂။ သင့်ကိုပျော်ရွှင်စေတဲ့သူ၊ သင့်ကိုပျော်ရွှင်စေတဲ့အရာတွေကို သင်အိပ်ရာမဝင်ခင်ချရေးလိုက်ပါ။ အိပ်စက်နေချိန်မှာတောင် သင်ပျော်ရွှင်နေရမှာပါ။

၃။ မနက်တိုင်း အိပ်ရာစောစောထပါ။ စိတ်အပန်းဖြေပါ။ နေ့သစ်တစ်နေ့ရဲ့ ပျော်စရာအချိန်ကိုခံစားပါ။ အရသာရှိတဲ့ မနက်စာစားပါ။ တစ်နေ့လုံး သင်ပျော်ရွှင်နေမှာပါ။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

၎။ သင်ပိုင်ဆိုင်ထားတဲ့ အရာတွေအတွက် ကျေးဇူးတင်တတ်တဲ့စိတ်အမြဲရှိပါ။

၅။ ကိုယ့်ကိုယ်ကို အကောင်းဆုံးပြုမူဆက်ဆံပါ။

၆။ သင့်အိမ်ကို သန့်ရှင်းသပ်ရပ်ပြီး ရှုချင်စဖွယ်ဖြစ်အောင် ပြင်ဆင်ပါ။ ပန်းလေးတွေနဲ့အလှဆင်ပါ။

၇။ သင်အနှစ်သက်ဆုံး သီချင်းမြူးမြူးလေးတစ်ပုဒ်ဖွင့်ပြီး စည်းချက်ညီညီ ကပါ။ ကခုန်ခြင်းက သင့်စိတ်ကိုလန်းဆန်းစေပြီး ပျော်ရွှင်စေပါတယ်။

၈။ သင်ချစ်ခင်ရသူ၊ မိတ်ဆွေတွေကို သင့်စိတ်ကူးအိပ်မက်တွေဝေမျှပါ။ သင်လည်းပျော်ရွှင်မှာပါ။

၉။ သင့်စိတ်ကိုပေါ့ပါးပျော်ရွှင်စေတဲ့ အလုပ်တစ်ခုခုလုပ်ပါ။ မရည်ရွယ်ထားတဲ့ အလုပ်တစ်ခုလုပ်ပါ။ ပန်းခြံထဲမှာ ခြေဗလာနဲ့လမ်းလျှောက်တာမျိုး၊ ဆံပင်ပုံစံဆန်းဆန်းပြောင်းပစ်လိုက်တာမျိုး လုပ်ပါ။ သင့်ဘဝကြီးဘယ်လောက်ပျော်စရာကောင်းလဲဆိုတာ နားလည်လာပါလိမ့်မယ်။

၁ဝ။ ဘဝမှာ ဘာအဖြစ်အပျက်တွေနဲ့ပဲ ကြုံရပါစေ၊ ပျော်ရွှင်စွာဖြတ်ကျော်နိုင်ဖို့က သင့်ခံယူချက်နဲ့ပဲဆိုင်တာပါ။

ဂန္ထဝင်ပရိသတ်ကြီးရေ… သင့်ရဲ့ဘဝကို ခမ်းနားအောင်၊ ပျော်ရွှင်အောင်လုပ်နိုင်မယ့် လျှို့ဝှက်နည်းလမ်းလေးတွေရှိရင်လည်း ဝေမျှပါဦးနော်။