ကျန်းမာသောကိုယ်ခန္ဓာကို ပိုင်ဆိုင်ဖို့ သွားနှင့်ခံတွင်းကို ဂရုစိုက်စို့

blank

၁။ သွားတိုက်ပါ။

မနက်စာစားပြီးချိန်နဲ့ ညအိပ်ရာမဝင်ခင်အချိန်၊ တစ်နေ့ကိုနှစ်ကြိမ်သွားတိုက်ပါ။ သွားမျက်နှာပြင်အရှေ့နဲ့ အနောက်၊ သွားဖုံးပတ်လည်၊ ပါးစောင်နှစ်ဖက်နဲ့လျှာကိုလည်း သေချာစွာ ပွတ်တိုက်ပေးပါ။

သတိပြုရန်- နူးညံ့သော ဘရက်ရှ်ပါရှိတဲ့ သွားတိုက်တံကို အသုံးပြုပါ။ သွားဖုံးသားပျက်စီးလောက်အောင် ကြမ်းကြမ်းတမ်းတမ်းမပွတ်တိုက်ပါနဲ့။

၂။ သွားကြားထိုးကြိုးကို အသုံးပြုပါ။

သွားတိုက်တံ မရောက်နိုင်တဲ့နေရာတွေမှာ ကပ်ကျန်နေတတ်တဲ့ စားကြွင်းစားကျန်များကို သွားကြားထိုးကြိုးသုံးပြီး ဖယ်ရှားပါ။ သန့်ရှင်းခြောက်သွေ့တဲ့ ကြိုးတစ်စကို ခပ်ရှည်ရှည်ဖြတ်ပြီး သွားဖုံးအရင်းနဲ့သွား အောက်ခြေပတ်လည် C – ပုံသဏ္ဍာန်နေရာတွေမှာ သန့်ရှင်းရေးပြုလုပ်ပေးပါ။

သတိပြုရန်- သွားကြားထိုးကြိုးအသုံးပြုခြင်းကို တစ်ရက်မှာတစ်ကြိမ်သာပြုလုပ်သင့်ပါတယ်။

၃။ မျှတစွာ စားသောက်ပါ။

အစားအသောက်တွေကလည်း သွားတွေအပေါ် အကျိုးသက်ရောက် စေတာကြောင့် သွားနဲ့ခံတွင်းကျန်းမာရေးအတွက် မျှတစွာစားသောက် တတ်ဖို့ လည်း အရေးကြီးပါတယ်။

သတိပြုရန်- အချိုလွန်ကဲသော အစားအစာများနဲ့ဖျော်ရည်များကို ရှောင်ကြဉ်ပါ။ ကော်ဖီ၊လက်ဖက်ရည်နဲ့ ဖျော်ရည်များကို ပိုက်ဖြင့်သောက်သုံးခြင်းကလည်း သွားဝါခြင်းကိုကာကွယ်နိုင်ပါတယ်။

၎။ သွားကြိတ်ခြင်းကို ရှောင်ကြဉ်ပါ။

တချို့သူတွေဟာ စိတ်ဖိစီးမှုများတဲ့အခါမျိုးတွေနဲ့ အာရုံစိုက်ရတဲ့အခါမျိုး တွေမှာ သွားကြိတ်တတ်ကြပါတယ်။ အဲဒီအချိန်မှာ ပါးစပ်ကို စက္ကန့်အနည်းငယ်ကြာ အောင် အကျယ်ကြီးဖွင့်ပြီးကိုင်ထားခြင်းဖြင့် သွားကြိတ်မိခြင်းကို ဟန့်တားလို့ ရပါတယ်။ သွားဆရာဝန်ဆီမှာလည်း အကြံပြုချက်တွေ တောင်းခံသင့်ပါတယ်။

သတိပြုရန်- စိတ်ဖိစီးမှုကိုလျှော့ချပါ။

၅။ သွားဖုံးရောဂါလက္ခဏာတွေကို ဂရုစိုက်ပါ။

သွားဖုံး ယားယံ၊နာကျင်ခြင်း၊ သွားဖုံးယောင်ခြင်း၊ ပါးစပ်နာခြင်း၊ အသက်ရှူရခက်ခဲခြင်းနဲ့ သွားတိုက်တဲ့အခါ သွားရင်းတွေကနေ သွေး ထွက်ခြင်းတွေဟာ သွားဖုံးရောဂါရဲ့ လက္ခဏာတွေပါ။

သတိပြုရန်- အချိန်မီကုသမှုလိုအပ်တဲ့အတွက် သွားဆရာဝန်နဲ့ပြသပါ။

၆။ သွားနဲ့ခံတွင်းဆိုင်ရာ ကျန်းမာရေးဗဟုသုတများကို သိရှိအောင်လုပ်ပါ။

သွားနဲ့ခံတွင်းကျန်းမာရေးအတွက် သိထားသင့်တဲ့အချက်များကို လေ့လာထားပါ။ သွားကျန်းမာရေးဟာ ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ ကင်ဆာအပြင် တခြားသော ကျန်းမာရေးပြဿနာတွေနဲ့ ဆက်စပ်နေတဲ့အတွက် သွားကျန်းမာရေးကို အထူးဂရုစိုက်ပါ။

သတိပြုရန်- အနည်းဆုံး ခြောက်လတစ်ခါလောက် သွားဆရာဝန်နဲ့ ပြသပြီး သွားနဲ့ ခံတွင်းကို စစ်ဆေးမှုပြုလုပ်ပါ။

ကာကွယ်ခြင်းဟာ ကုသခြင်းထက်ထိရောက်ပါတယ်” တဲ့ပရိသတ်ကြီးရေ…။ နူးညံ့တဲ့ သွားပွတ်တံမွေးတွေနဲ့ ပြုလုပ်ထားပြီး ကလေးတွေအတွက် သီးသန့်၊ လူကြီးတွေအတွက် သီးသန့် ဒီဇိုင်းထုတ်ထားတဲ့ Jordan သွားပွတ်တံကို သုံးပြီး သွားကျန်းမာရေးဂရုစိုက်ဖို့ ပထမခြေလှမ်းကို စတင်လိုက်ကြရအောင်နော်။ “ပြုံးလိုက်တိုင်းလှတဲ့ သွားလေးတွေနဲ့အတူ ကျန်းမာတဲ့နေ့စဉ်ဘဝကို ပိုင်ဆိုင်ဖို့ Jordan ကိုအဖော်ပြုစို့”

စာဖတ်ပရိသတ်တို့ သွားကျန်းမာရေးအကြောင်း ဗဟုသုတများရရှိစေရန် ရည်ရွယ်ပြီး Jordan မှ ရေးသားတင်ဆက်သည်။