အမျိုးသမီးထုကို ခြိမ်းခြောက်နေသော ကင်ဆာရောဂါ ၄ မျိုး

blank

ကင်ဆာရောဂါဖြစ်ပွားနိုင်ခြေဟာ မိသားစုမျိုးရိုး၊ ဘဝနေထိုင်မှုပုံစံနဲ့ ပတ်ဝန်းကျင်အပေါ်မှာ အများကြီးမူတည်နေပါတယ်။ မိသားစုမျိုးရိုးနဲ့ ပတ်ဝန်းကျင်ကို သင်ပြောင်းလဲလို့မရပေမယ့် သင့်ရဲ့နေထိုင်စားသောက်မှုပုံစံကိုတော့ သင်ကိုယ်တိုင်ပြုပြင်ဆင်ခြင်လို့ရပါတယ်။ အောက်မှာဖော်ပြပေးထားတာကတော့ ကမ္ဘာ့အမျိုးသမီးထုကို အသက်အန္တရာယ်အပေးနိုင်ဆုံး ကင်ဆာရောဂါ ၄ မျိုးအကြောင်းပဲဖြစ်ပါတယ်။

၁။ ရင်သားကင်ဆာ – တစ်ကမ္ဘာလုံးက ကင်ဆာဝေဒနာရှင်အမျိုးသမီးတွေရဲ့ ၂၆%ဟာ ရင်သားကင်ဆာ ခံစားနေရသူတွေပါ။ ကင်ဆာရောဂါအမျိုးမျိုးကြောင့်သေဆုံးသူ ၁၅%ဟာ ရင်သားကင်ဆာကြောင့် သေဆုံးရပါတယ်။ အမျိုးသမီး ၈ယောက်မှာ ၁ယောက်ဖြစ်ပွားနိုင်ချေရှိပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ပေးခြင်းဖြစ်သည်။

၂။ အဆုတ်နဲ့ လေပြွန်ကင်ဆာ – ကင်ဆာခံစားနေရသူအမျိုးသမီးတွေရဲ့ ၁၄%က အဆုတ်ကင်ဆာ ခံစားနေရသူတွေဖြစ်ပြီး ခံစားရသူတွေရဲ့ ၂၆%ဟာ သေဆုံးလျှက်ရှိနေပါတယ်။ အမျိုးသမီး ၁၆ယောက်မှာ ၁ယောက် ဖြစ်ပွားနိုင်ချေရှိပါတယ်။

၃။ အူမကြီးကင်ဆာ – ဒီရောဂါဟာ ကင်ဆာရောဂါရှင်တွေရဲ့ ၁ဝ% မှာ တွေ့ရပါတယ်။ ဒီရောဂါကြောင့် သေဆုံးသူတွေက ၉%ရှိပါတယ်။ ကင်ဆာဖြစ်ပွားနိုင်ခြေက ၁၉ယောက်မှာ ၁ယောက်ပါ။

၎။ သားအိမ်ကင်ဆာ – တစ်ကမ္ဘာလုံးက ကင်ဆာဝေဒနာရှင်အမျိုးသမီးတွေရဲ့ ၆%ဟာ သားအိမ်ကင်ဆာခံစားနေရပြီး ၃% ကတော့ သေဆုံးသွားကြပါတယ်။ ၄၁ယောက်မှာ ၁ယောက်သာဖြစ်ပွားနိုင်ချေရှိပါတယ်။