ပူပြင်းတဲ့ရာသီဥတုအတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ ရေချိုးနည်းလေးများ

blank

ရာသီဥတုပူပြင်းလှတဲ့ကာလမှာ နည်းနည်းလေး လှုပ်ရှားလိုက်တာနဲ့ ချွေးတွေအရမ်းထွက်လာတတ်တာ စိတ်ကသိကအောက်ဖြစ်စရာပါ။ ချွေးထွက်တဲ့အပြင် အရေပြားကပါ အဆီတွေပြန်၊ ဖုန်မှုန့်တွေထွက်နဲ့ အရေပြားကို ထိခိုက်စေပါတယ်။ ရာသီဦးတုရဲ့ အပူဒဏ်ကို အံတုနိုင်ဖို့၊ အရေပြားကို သန့်ရှင်းစင်ကြယ်စေဖို့ အကောင်းဆုံးနည်းလမ်းကတော့ ရေအေးအေးလေးနဲ့ ရေချိုးခြင်းပါပဲ။ ဒီတစ်ပတ်မှာတော့ နွေရာသီအတွက် အကောင်းဆုံးရေချိုးနည်းလေးတွေ တင်ဆက်ပေးလိုက်ပါတယ်ရှင်။

နည်းလမ်း ၁ ။       ။ သဘာဝပစ္စည်းများနှင့်ရေချိုးခြင်း။

ဘာမှမပါတဲ့ ရိုးရိုးရေနဲ့ပဲရေချိုးမယ့်အစား သဘာဝပစ္စည်းလေးတွေနဲ့ ရေချိုးတာက ကျန်းမာရေးနဲ့ အသားအရေအလှအပကို ပိုပြီးအထောက်အကူပြုပါတယ်။ ဥပမာ- အနံ့သင်းတဲ့ နှင်းဆီပွင့်ဖတ်လေးတွေ၊ ခန္ဓာကိုယ်ကို လန်းဆန်းစေတဲ့ သစ်ဥသစ်ဖုလေးတွေပေါ့။ ရနံ့ကုထုံးနဲ့ ရေချိုးခြင်းကလည်း ခန္ဓာကိုယ်ကို လန်းဆန်းစေပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

နည်းလမ်း ၂ ။       ။ ရေအေးနဲ့ရေချိုးခြင်း။

နွေရာသီအပူဒဏ်ကို အံတုနိုင်ဖို့ အေးမြတဲ့ရေလေးနဲ့ ရေချိုးတာက အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။ နွေရာသီနေပူဒဏ်ကြောင့် ပိုက်ကလာတဲ့ရေက တစ်ခါတလေ ပူနွေးနေတတ်ပါတယ်။ ထိုရေထဲကို ရေခဲတုံး (သို့) သံပုရာရည်အနည်းငယ်ထည့်ပြီး ရေချိုးပါက တစ်နေ့တာလုံးအေးမြမှုကို ပေးစွမ်းနိုင်ပါတယ်။

နည်းလမ်း ၃ ။       ။ အချိန်အကြာကြီး ရေချိုးခြင်း။

နွေရာသီမှာ ခန္ဓာကိုယ်အတွင်းရော အပြင်မှာပါ ပူနေတဲ့အတွက် အေးမြသွားအောင် အချိန်ကြာကြာလေး ရေစိမ်ချိုးဖို့လိုအပ်ပါတယ်။ ဒီလိုအချိန်အကြာကြီး ရေချိုးခြင်းက တစ်နေ့တာလုံး ပင်ပန်းမှုတွေကိုလည်း ပြေလျော့စေနိုင်ပါတယ်။

နည်းလမ်း ၄ ။       ။ ဆပ်ပြာမြှုပ်တွေနဲ့စိမ်ပြီး ရေချိုးခြင်း။

ရေချိုးကန်ထဲမှာ ပူရှိန်းဓာတ်ပါတဲ့ ဆပ်ပြာရည်ကိုထည့်ဖျော်ပြီး ဆပ်ပြာမြှုပ်တွေနဲ့ ရေချိုးခြင်းကလည်း နွေရာသီမှာဖြစ်တတ်တဲ့ အရေပြားပြဿနာတွေကို သက်သာစေနိုင်ပါတယ်။

နည်းလမ်း ၅ ။       ။ တစ်နေ့ကို ရေ (၂) ကြိမ်ချိုးခြင်း။

ပူပြင်းရာသီဥတုမှာ တစ်နေ့ကို ရေ၂ကြိမ်ချိုးဖို့ လိုအပ်ပါတယ်။ နွေရာသီမှာ ခန္ဓာကိုယ်ဟာ ချွေးထွက်၊ အဆီပြန်ပြီး ဖုန်မှုန့်တွေ ကပ်နေတတ်ပါတယ်။ ထိုအရာတွေကို ဖယ်ရှားပစ်ဖို့ မနက်တစ်ခါ၊ ညတစ်ခါ ပုံမှန်ရေချိုးဖို့ လိုအပ်ပါတယ်။

နည်းလမ်း ၆ ။       ။ ညနေခင်းမှာ ရေချိုးခြင်း။

နွေရာသီရဲ့ ပူပြင်းတဲ့ညတွေမှာ ကောင်းမွန်စွာ အိပ်စက်နိုင်ဖို့ ညနေခင်းဘက်မှာ ရေချိုးသင့်ပါတယ်။ ဒါမှ တစ်ညလုံးအေးမြနေပြီး အရေပြားမှာ အညစ်အကြေးတွေကင်းစင်စေမှာ ဖြစ်ပါတယ်။

နည်းလမ်း ၇ ။       ။ ပုံမှန်ရေချိုးခြင်း။

တချို့ကလေးတွေနဲ့ ဆယ်ကျော်သက်လေးတွေဟာ နွေရာသီမှာတောင် ရေချိုးဖို့ ပျင်းရိနေတတ်ကြပါတယ်။ ရေချိုးခြင်းဟာ ခန္ဓာကိုယ်မှာရှိတဲ့ အညစ်အကြေးတွေကို သန့်ရှင်းစေနိုင်ရုံသာမက ခန္ဓာကိုယ်ရဲ့အပူချိန်ကိုပါ ထိန်းညှိပေးနိုင်ပါတယ်။ ဒါ့ကြောင့် နေ့တိုင်းပုံမှန် ရေချိုးသင့်ပါတယ်။

ဂန္ထဝင်စာဖတ်ပရိသတ်ကြီးရေ… သင့်သူငယ်ချင်းတွေသိအောင်လည်း ဒီနည်းလမ်းလေးတွေကို SHARE ပေးလိုက်ပါဦးနော်။