အခက်အခဲဆိုတာ ခြေရာတိုင်းဖို့မဟုတ်ပါ။

blank

လူတိုင်းလူတိုင်းမှာ အခက်အခဲကိုယ်စီရှိကြပါတယ်။   အတိတ်က နာကျင်စေခဲ့တဲ့ဒဏ်ရာတွေက လူတစ်ယောက်ရဲ့ဘဝကို ပိုမိုကောင်းမွန်အောင်၊ ပိုမိုပြီးပညာဉာဏ်ပြည့်ဝလာအောင် စွမ်းဆောင်ပေးနိုင်တာကြောင့် ဒဏ်ရာတွေနဲ့ပြည့်နေတဲ့ လူတွေရဲ့ဘဝတွေက တစ်ခါတစ်လေမှာ ပိုလို့တောင် တောက်ပနေပါသေးတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

သာမန်ဘဝလေးမှာလည်း အခက်အခဲတွေ၊ ပူဆွေးမှုတွေ ရှိနိုင်ပါတယ်။ အောင်မြင်ချမ်းသာနေတဲ့ ဘဝမှာလည်း မိသားစုအခက်အခဲတွေ၊ လူမှုရေးအခက်အခဲတွေရှိနိုင်ပါတယ်။ တစ်ခါတလေမှာ ဘာမှမရှိလို့ ခက်ခဲသလို၊ တစ်ခါတလေမှာ အရာအားလုံးရှိနေပေမယ့်လည်း ခက်ခဲရပါတယ်။ ဘဝဆိုတာ အခက်အခဲတွေနဲ့ပြည့်နှက်နေတဲ့ တောအုပ်ကြီးတစ်ခုလိုပါပဲ။

လူတိုင်းမှာကိုယ်ပိုင်အခက်အခဲကိုယ်စီ ရှိကြပါတယ်။ တစ်ယောက်ရဲ့ဘဝကို တစ်ယောက်က အပေါ်ယံကြည့်ပြီး ကိုယ့်ဘဝအခက်အခဲတွေအပေါ် အားငယ်စိတ်ဝင်နေဖို့ မလိုပါဘူး။ ဘဝဆိုတာ ခက်ခဲမှုချင်းပြိုင်ဆိုင်ဖို့ မဟုတ်ပါဘူး။ တစ်ယောက်ရဲ့ အခက်အခဲတွေကို တစ်ယောက်ကကူညီဖြေရှင်းပေးဖို့ပါ။