ကိုယ့်ကိုယ်ကိုကျေးဇူးတင်သင့်တဲ့ အကြောင်းရင်း(၁ဝ) ချက်

blank

ကျွန်မတို့အများစုတွေဟာ ကိုယ့်ကိုကူညီထောက်ပံ့ပေးတဲ့သူတွေ၊ ဆွေမျိုးမိဘဆရာသမားတွေ၊ မိတ်ဆွေသူငယ်ချင်းတွေကို အမြဲလိုလိုကျေးဇူးတင်စကားပြောလေ့ရှိကြတယ်။ ဒါပေမယ့် ဒီလောကကြီးမှာဒီအခြေအနေထိရောက်အောင် ကြိုးစားနိုင်ခဲ့တဲ့ ကိုယ့်ကိုယ်ကိုတော့ ကျေးဇူးတင်ဖို့ မေ့နေတတ်ကြပါတယ်။ ဒီတော့ ကိုယ့်ကိုယ်ကိုဘာကြောင့် ကျေးဇူးတင်သင့်တာလဲဆိုတာကို သိရှိနိုင်စေဖို့ အောက်ဖော်ပြပါ အကြောင်းရင်း(၁ဝ) ချက်ကို ဖတ်ရှုကြည့်ဖို့ နှိုးဆော်ပါရစေ။

၁။ ကိုယ်ချစ်ခင်ရသူတွေအတွက် ပိုကောင်းတဲ့သူဖြစ်လာအောင် ကြိုးစားခဲ့တဲ့အတွက် ကိုယ့်ကိုယ်ကိုကျေးဇူးတင်လိုက်ပါ။ ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၂။ ခက်ခဲတဲ့အချိန်တွေ၊ ပြဿနာတွေကြားမှာတောင် အရှုံးမပေးဘဲကြိုးစားခဲ့တဲ့အတွက် ကိုယ့်ကိုယ်ကိုကျေးဇူးတင်လိုက်ပါ။

၃။ သူများတွေ အားကိုးထိုက်တဲ့ ပုခုံးတစ်စုံကို ပိုင်ဆိုင်နေတဲ့အတွက် ကိုယ့်ကိုယ်ကိုကျေးဇူးတင်လိုက်ပါ။

၎။ ဖြစ်လာတာ၊ ဖြစ်မလာတာအသာထား၊ စိတ်ကူးအိပ်မက်တွေကို လက်တွေ့အကောင်အထည်ဖော်ဖို့ ကြိုးစားနေတဲ့အတွက် ကိုယ့်ကိုယ်ကိုကျေးဇူးတင်လိုက်ပါ။

၅။ ကိုယ်ချစ်ရတဲ့သူတစ်ယောက်ကို အကြောင်းတစ်ခုခုကြောင့် စွန့်လွှတ်ပစ်နိုင်အောင် ကြိုးစားခဲ့တဲ့အတွက် ကိုယ့်ကိုယ်ကိုကျေးဇူးတင်လိုက်ပါ။

၆။ ကိုယ့်အားနည်းချက်တွေကို ကိုယ်တိုင်အပြစ်မမြင်ဘဲ အကောင်းဆုံးကြိုးစားနိုင်ခဲ့လို့ ကိုယ့်ကိုယ်ကိုကျေးဇူးတင်လိုက်ပါ။

၇။ မှားခဲ့တဲ့အမှားတွေအပေါ် နောင်တရမနေဘဲ သင်ခန်းစာယူပြီး အကောင်းဆုံးကြိုးစားခဲ့တဲ့အတွက် ကိုယ့်ကိုယ်ကိုကျေးဇူးတင်လိုက်ပါ။

၈။ လူသားတိုင်းအပေါ် စာနာထောက်ထားပြီး ကြင်နာမှုတွေပေးခဲ့တဲ့အတွက် ကိုယ့်ကိုယ်ကိုကျေးဇူးတင်လိုက်ပါ။

၉။ လောကဓံရဲ့ ကျီစယ်မှုတွေကိုအပြုံးမပျက် ရင်ဆိုင်နိုင်ခဲ့တဲ့အတွက် ကိုယ့်ကိုယ်ကိုကျေးဇူးတင်လိုက်ပါ။

၁ဝ။ ကိုယ်လုပ်ခဲ့တဲ့ ဂုဏ်ယူစရာလုပ်ရပ်ကောင်းလေးတွေအတွက် ကိုယ့်ကိုယ်ကိုကျေးဇူးတင်လိုက်ပါ။

ဘယ်လိုလဲ… ဂန္ထဝင်စာဖတ်ပရိသတ်ကြီးရေ။ အရင်က ကိုယ့်ကိုယ်ကို ကျေးဇူးတင်ရကောင်းမှန်းမသိပေမယ့် အထက်မှာဖော်ပြခဲ့တဲ့ အကြောင်းရင်းလေးတွေကို ဖတ်ပြီးတဲ့နောက်မှာ ကိုယ့်ကိုယ်ကိုတင်နေတဲ့ကျေးဇူးတွေ ကြီးမားလှကြောင်းကိုသိရှိသွားကြမယ်လို့ မျှော်လင့်မိပါတယ်။ ဒါ့ကြောင့် ဘယ်လိုအခြေအနေတွေပဲကြုံရပါစေ၊ ကိုယ့်ကိုယ်ကို အပြစ်မတင်မိဘဲ ကျေးဇူးတင်စရာတွေကိုတွေးပြီး အကောင်းဆုံးကြိုးစားလိုက်ပါ။

ကိုယ့်ကိုယ်ကိုကျေးဇူးတင်တဲ့အနေနဲ့ ဒီစာစောင်လေးကို SHARE လိုက်ပါ။