အိပ်ရာဝင်ခါနီး ခြေဖဝါးကိုနှိပ်နယ်ပေးခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများ

blank

ခန္ဓ္ဓာကိုယ်အတွင်းပိုင်းက အင်္ဂါအစိတ်အပိုင်းတွေ ကျန်းမာစေဖို့ ခန္ဓာကိုယ်ပြင်ပကနေနှိပ်နယ်ပေးလို့ရပါတယ်။ နှိပ်နယ်ခြင်းဟာ အတွင်းအင်္ဂါတွေကို ကျန်းမာစေရုံသာမက ခန္ဓာကိုယ်တစ်ခုလုံးက အကြောအခြင်တွေကိုလည်း ပြေလျော့စေပါတယ်။

ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုချင်းစီကလာတဲ့ အကြောတွေဟာ ခြေထောက်မှာ စုဆုံပါတယ်။ ဒါ့ကြောင့်ခြေဖဝါးမှာ ခန္ဓာကိုယ်အစိတ်အပိုင်းအသီးသီးကို ကိုယ်စားပြုတဲ့ အမှတ်အသားနေရာလေးတွေရှိပါတယ်။ သင်အိပ်ရာဝင်ခါနီး ခြေဖဝါးကိုနှိပ်နယ်ပေးတာဟာ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ကျန်းမာရေးအပေါ် ကောင်းကျိုးသက်ရောက်စေပြီး ကျန်းမာရေးပိုမိုကောင်းမွန်လာသလို ခံစားရစေပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ပေးခြင်းဖြစ်သည်။

ခြေဖဝါးကို နှိပ်နယ်ပေးခြင်းဖြင့် ရရှိနိုင်သောကောင်းကျိုးများ

  •  သွေးလည်ပတ်မှုအားကောင်းစေတယ်။
  • ကြွက်သားနာကျင်မှုကို လျှော့ချပေးတယ်။
  • ရောဂါမျိုးစုံကို ကာကွယ်ပေးနိုင်တယ်။
  • အသားအရေကျန်းမာလှပစေတယ်။
  • လက်တစ်အက်ဆစ် (lactic acid) ကို ဖယ်ရှားပေးတယ်။
  • ကိုယ်ဝန်ဆောင်မိခင်များဖြစ်တတ်တဲ့ ခြေလက်ဖောရောင်ခြင်းကို လျော့ကျစေတယ်။
  • ခြေလက်တုန်ယင်ခြင်းကို ကာကွယ်ပေးတယ်။
  • ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုချင်းစီရဲ့ လုပ်ဆောင်ချက်တွေကို ကောင်းမွန်စေတယ်။
  • ချွေးထွက်အောင် လှုံ့ဆော်ပေးတယ်။
  • သွေးထဲက အဆီတွေကို ချေဖျက်ပေးတယ်။
  • အစာချေစနစ်ကို ကောင်းမွန်စေတယ်။
  • ခန္ဓာကိုယ်တစ်ရှူးတွေကြား သွေးလည်ပတ်စီးဆင်းမှုကို မြှင့်တင်ပေးတယ်။
  • ခန္ဓာကိုယ်အတွင်းက ဇီဝရုပ်ဖြစ်ပျက်မှုကို မြန်ဆန်စေတယ်။
  • လှုပ်ရှားမှုများတဲ့အခါဖြစ်တတ်တဲ့ ကိုယ်လက်ညောင်းညာခြင်းတွေကို လျော့ကျစေတယ်။
  • ပန်းနာရင်ကြပ်၊ ခေါင်းမူး၊ ခေါင်းကိုက်ခြင်းနဲ့ စိတ်ဖိစီးမှုတွေကနေ ကာကွယ်ပေးပါတယ်။

မှတ်ချက် ။       ။ မနှိပ်နယ်ခင် သင့်ခြေဖဝါးကို မွှေးရနံ့ပါတဲ့ လိုးရှင်း သို့မဟုတ် အဆီတစ်ခုခုလိမ်းပြီးမှ နှိပ်ပါ။ ခြေဖဝါးကြမ်းခြင်း၊ အသားမာတက်ခြင်းတို့ကိုပါ သက်သာစေပါတယ်။

သိသိသာသာကောင်းကျိုးခံစားချင်ရင် နေ့တိုင်း ၁ဝမိနစ်မှ ၁၅မိနစ်ခန့် နှိပ်နယ်ပေးပါ။

ကျန်းမာရေးအတွက်အထောက်အကူဖြစ်စေတာကြောင့် သူငယ်ချင်းတွေဖတ်ဖို့ SHARE ပေးလိုက်ပါ။