အောင်မြင်သူတွေရဲ့ အားပေးစကားများ

blank
” ပန်းတိုင်တစ်ခုရောက်တိုင်း တစ်သက်လုံး ရပ်နေရတော့မယ်ဆိုတာ မဟုတ်ပါဘူး။ နောက်ပန်းတိုင်တစ်ခုစီ ဆက်လက်လျှောက်လှမ်းပါ။ စိတ်ထဲက ဖြစ်ချင်တာကို ဖန်တီးအကောင်အထည်ဖော်ပါ။ ” – ချက်ခ် ပလာနစ်ခ် (Chuck Palahniuk)

၁။ အလုပ်တစ်ခုကို မနေ့ကလုပ်ခဲ့တာထက် ပိုကောင်းအောင်လုပ်နိုင်ရမယ်လို့ ကိုယ့်ကိုယ်ကို စိန်ခေါ်ပြီး အကောင်းဆုံးကြိုးစားပါ။

၂။ နေ့သစ်ရဲ့ အလင်းရောင်ကို ခံယူချင်တဲ့စိတ်နဲ့ အကောင်းဆုံးကြိုးစားပါ။

၃။ ကိုယ့်ကိုယ်ကို ပြဿနာတစ်ခုကို ဖြေရှင်းပေးနိုင်မယ့်သူလား၊ ပိုမိုကြီးထွားလာအောင်လုပ်မယ့်သူလားဆိုတာကို သုံးသပ်ရင်း အကောင်းဆုံး ရပ်တည်နိုင်အောင်ကြိုးစားပါ။

၎။ ကိုယ့်ကိုယ်ကို ကမ္ဘာနဲ့ရင်ဘောင်တန်းပြီး အလုပ်လုပ်နေတဲ့သူတစ်ယောက်လို ခံယူပြီး ကိုယ့်အရည်အသွေးမြင့်တက်အောင် အမြဲတစေ အကောင်းဆုံးကြိုးစားပါ။

၅။ သူတစ်ပါးရဲ့ ကူညီမှုတွေတိုင်းကိုလည်း ကျေးဇူးတင်အသိအမှတ်ပြုရင်း အကောင်းဆုံးကြိုးစားပါ။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၆။ မည်သည့်အလုပ်ကိုမဆို ပါရမီရှင်တစ်ယောက်အဆင့်ထိရောက်အောင် အမြဲမပြတ်လေ့ကျင့်ရင်း အကောင်းဆုံးကြိုးစားပါ။

၇။ မယောင်ရာဆီလူးတဲ့ အပိုအလုပ်တွေမလုပ်ဘဲ အရေးကြီးတဲ့ အလုပ်တွေကို အားစိုက်ပြီး အကောင်းဆုံးကြိုးစားပါ။

၈။ လဲကျသွားခဲ့ရင်တောင် ကိုယ်ထူကိုယ်ထအကျင့်နဲ့ ပြန်လည်ရှင်သန်ပြီး အကောင်းဆုံးကြိုးစားပါ။

၉။ မိမိကိုယ်ကိုနဲ့ သူတစ်ပါးအပေါ်ပေးထားတဲ့ကတိတွေကို မြဲမြံစွာ စောင့်ထိန်းရင်း အကောင်းဆုံးကြိုးစားပါ။

၁ဝ။ ရိုးရိုးကျင့် မြင့်မြင့်ကြံပြီး အကောင်းဆုံးကြိုးစားပါ။

၁၁။ သူများက သင့်အပေါ်မျှော်လင့်ထားတာထက် ပိုပြီးကောင်းတဲ့ရလဒ်တွေအတွက် အကောင်းဆုံးကြိုးစားပါ။

၁၂။ ဘယ်တော့ဖြည့်ဖြည့် မပြည့်တဲ့ ပညာဝမ်းစာကို အချိန်ပေးရှာဖွေရင်း အကောင်းဆုံးကြိုးစားပါ။

၁၃။ သင့်မိသားစုနဲ့ သင့်အိမ်အတွက် အထောက်အပံ့ကောင်းဖြစ်အောင် အကောင်းဆုံးကြိုးစားပါ။

၁၄။ တကယ့်အားကစားသမားတစ်ယောက်လို ကျန်းမာကြံ့ခိုင်အောင် အကောင်းဆုံးကြိုးစားပါ။

၁၅။ နည်းလမ်းအသစ်တွေကို ရှာဖွေပြီး သူများတွေကို လမ်းစဉ်ချမှတ်ပေးခြင်းဖြင့် အကောင်းဆုံးကြိုးစားပါ။

       ပရိသတ်ကြီးတို့ရဲ့ အမြင်တွေကိုလည်း Comment Box မှာ မျှဝေပေးဖို့ ဂန္ထဝင်မှ ဖိတ်ခေါ်ပါရစေရှင်။