လေးနက်တဲ့ဘဝတစ်ခုကိုတည်ဆောက်ဖို့ ဒီအချက်တွေကို လုပ်ကြစို့။

blank

၁။ ကိုယ်လက်လေ့ကျင့်ခန်း နေ့စဉ်လုပ်ပါ။

၂။ ကျေးဇူးသိတတ်တဲ့ စိတ်မွေးပါ။

၃။ သင့်ရဲ့ အလုပ်ကို အနုပညာတစ်ရပ်အဖြစ် ရှုမြင်ပါ။

၎။ အကောင်းဆုံးကို မျှော်လင့်ထားသလို အဆိုးဆုံးအတွက်လည်း ပြင်ဆင်ထားပါ။

၅။ ကိုယ်ပိုင်မှတ်တမ်းစာအုပ်တစ်အုပ်ထားပါ။

၆။ ဘင်ဂျမင် ဖရန်ကလင် (Benjamin Franklin) ရဲ့ ကိုယ်ရေးအထုပ္ပတ္တို ကိုဖတ်ပါ။

၇။ တစ်ပတ်စာအတွက် အချိန်ဇယားဆွဲထားပါ။

၈။ ဘဝမှာ ဦးစားပေးရမယ့် အရာ ၅ခုကို သတ်မှတ်ထားပါ။

၉။ စိတ်တွေ ပျံ့လွင့်မသွားအောင် ဂရုစိုက်ပါ။

၁၀။ ရေများများသောက်ပါ။

၁၁။ နေ့တိုင်း အလုပ်ကို ပိုမိုတိုးတက်အောင် ကြိုးစားပါ။

၁၂။ အကြံဉာဏ်ကောင်းပေးနိုင်သူထံ ချဉ်းကပ်ပါ။

၁၃။ သင့်ဘဝအတွက် လမ်းပြကောင်းတစ်ယောက် ထားရှိပါ။

၁၄။ မနက်တိုင်း ၅နာရီထပါ။

၁၅။ အစားလျှော့စားပါ။

၁၆။ ဘဝမှာ အားကျအတုယူရမယ့်သူ များများရှာပါ။

၁၇။ တစ်စုံတစ်ယောက်ရဲ့ သူရဲကောင်းဖြစ်အောင် ကြိုးစားပါ။

၁၈။ သူစိမ်းတွေကိုတောင် ပြုံးပြပါ။

၁၉။ လူ့ကျင့်ဝတ်ကို လေးစားလိုက်နာပါ။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၂ဝ။ အကောင်းဆုံးမဟုတ်တဲ့ အရာတွေအတွက် နေရာမပေးပါနဲ့။

၂၁။ ဘဝရဲ့ အရိုးရှင်းဆုံးအနှစ်သာရတွေကို ခံစားပါ။

၂၂။ လစဉ်ဝင်ငွေရဲ့ ၁ဝ% ကို စုထားပါ။

၂၃။ အနုပညာပြခန်းတွေမှာ အချိန်ဖြုန်းပါ။

၂၄။ သစ်ပင်တွေကြားမှာ လမ်းလျှောက်ပါ။

၂၅။ သင့်ကို ကူညီခဲ့ဖူးတဲ့သူဆီ ကျေးဇူးတင်ကြောင်းစာရေးပါ။

၂၆။ သင့်အပေါ် မှားခဲ့တဲ့သူကို ခွင့်လွှတ်ပေးပါ။

၂၇။ ခေါင်းဆောင်တစ်ယောက်ရဲ့ အရှိန်အဝါနဲ့ ခေါင်းဆောင်နိုင်မှုကို မက်မောပါ။ အာဏာနဲ့ ဘွဲ့ထူးဂုဏ်ထူးကို မမက်မောပါနဲ့။

၂၈။ သင်ချစ်ရသူတွေနဲ့ မမေ့နိုင်စရာ အမှတ်တရတွေ ဖန်တီးပါ။

၂၉။ သူငယ်ချင်းကောင်း ၅ ယောက်ထားပါ။

၃၀။ ယဉ်ကျေးစွာ ပြောဆိုနေထိုင်ပါ။

၃၁။ သင့် TV ကို ပလပ်ဖြုတ်ထားပါ။

၃၂။ သင့် TV ကို ရောင်းလိုက်ပါ။

၃၃။ နေ့စဉ်စာဖတ်ပါ။

၃၄။ မဟုတ်မမှန်သတင်းတွေကို ရှောင်ပါ။

၃၅။ ရှိတာလေးနဲ့ပဲ တင်းတိမ်ရောင့်ရဲတတ်ပါ။

၃၆။ စိတ်ကူးအိပ်မက်တွေကို အကောင်အထည်ဖော်ပါ။

၃၇။ စစ်မှန်စွာနေထိုင်ပါ။

၃၈။ စိတ်အားထက်သန်စွာ ပြုမူဆောင်ရွက်ပါ။

၃၉။ တောင်းပန်စကားပြောသင့်တယ်ထင်ရင် ချက်ချင်းတောင်းပန်လိုက်ပါ။

၎ဝ။ ပျော်စရာတွေရှာဖွေဖို့လည်း မမေ့ပါနဲ့။

၄၁။ သင့်ဘဝအပေါ် ကိုယ်တိုင်သုံးသပ်နိုင်စွမ်းရှိပါ။

၄၂။ သင့်ရဲ့ ကြံ့ခိုင်သန်စွမ်းမှုတွေကို နားလည်ထားပါ။

၄၃။ ကောင်းတဲ့အရာနဲ့ ဘာမှမရှိခြင်းကြားထဲက ခြားနားမှုကို သိပါ။

၄၄။ စိတ်ရှည်သည်းခံပါ။

၄၅။ ဘယ်တော့မှ အရှုံးမပေးပါနဲ့။

၄၆။ သင့်စိတ်ထဲက အမှိုက်တွေကို ရှင်းထုတ်ပစ်လိုက်ပါ။

၄၇။ အပြစ်မဖြစ်စေတဲ့ စကားလုံးတွေကို သုံးပြီး ပြောဆိုပါ။

၄၈။ ခရီးများများသွားသွားပါ။

၄၉။ As You Think ဆိုတဲ့ စာအုပ်ဖတ်ပါ။

၅၀။ မိဘကျေးဇူးကို သိတတ်ပါ။

၅၁။ တက္ကစီမောင်းသူတွေကို ကောင်းကောင်းဆက်ဆံပါ။

၅၂။ အားကိုးရတဲ့ လုပ်ဖော်ကိုင်ဖက်ဖြစ်ပါစေ။

၅၃။ သင့်ကို တစ်ဖက်သတ်ဝေဖန်နေသူတွေကို လျစ်လျူရှုထားပါ။

၅၄။ တောင်တက်ခြင်းဖြင့် အချိန်ဖြုန်းပါ။

၅၅။ သင့်ရဲ့ တန်ဖိုးအရှိဆုံး အချက် ၅ချက်ကို သိထားပါ။

၅၆။ အလုပ်များများလုပ်ပြီး ရလဒ်ကောင်းတွေထွက်အောင် ကြိုးစားပါ။

၅၇။ အသစ်တွေဖန်တီးပါ။ မကျွမ်းကျင်မခြင်း ထပ်ကာထပ်ကာ လုပ်ပါ။

၅၈။ နည်းနည်းပြောပြီး များများနားထောင်ပါ။

၅၉။ သင်တွေ့ဖူးသမျှလူတွေထက် ပိုတော်အောင် ကြိုးစားပါ။

၆၀။ အဓိပ္ပာယ်ရှိတဲ့ ဘဝဖြစ်အောင် ကြိုးစားဖန်တီးပါ။