ဘဝအောင်မြင်ဖို့ မရှိမဖြစ် လိုအပ်သောအရာတစ်ခုက…

blank

ဘဝမှာ အောင်မြင်ဖို့ ဘာတွေ လိုအပ်ပါသလဲ။ ကျွန်မတို့ အောင်နိုင်သူတစ်ယောက်ဖြစ်ဖို့ ရောက်တဲ့နေရာကနေ ရှိတဲ့အစွမ်းအစနဲ့ တတ်နိုင်သလောက် ကြိုးစားရမှာဖြစ်ပါတယ်။ အောင်မြင်မှုဆီသွားတဲ့လမ်းဟာ ချောမွေ့နိုင်သလို ကြမ်းလည်းကြမ်းတမ်းနိုင်တယ်။ အချိန်တိုတိုနဲ့ ရောက်နိုင်သလို အချိန်အကြာကြီးပေးမှ ရောက်နိုင်တာလည်းရှိတယ်။ ဒါပေမယ့် အချိန်ဆိုတာ တစ်နေ့ပြီးတစ်နေ့၊ တစ်နှစ်ပြီးတစ်နှစ် သူ့အလိုလို ကုန်ဆုံးနေတာပါ။

အောင်မြင်ဖို့ ငါးနှစ်ကြာမှာလား။ မပူနဲ့။ ငါးနှစ်ဆိုတာ ဒီလိုပဲ ကုန်ဆုံးသွားမှာပဲ။ အရေးကြီးတာက “အချိန်ဘယ်လောက်ကြာမှာလဲ” ဆိုတဲ့ မေးခွန်းမဟုတ်ဘူး။ “အဲဒီ့အချိန်အတွင်းမှာ ဘယ်လိုကြိုးစားမလဲ” ဆိုတဲ့ မေးခွန်းပါ။ လူတိုင်းမှာ တူညီတဲ့ အချိန်အတိုင်းအတာ တစ်ခုစီရှိကြတယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

သင်ဘယ်နေရာရောက်နေနေ၊ ဘယ်သူပဲဖြစ်နေနေ သင့်ဆီမှာ တစ်ရက်မှာ ၂၄ နာရီပဲရှိပါတယ်။ ထို ၂၄ နာရီကို အသုံးပြုပုံပေါ်မူတည်ပြီး သင်ဟာ အောင်မြင်တဲ့သူလား၊ ကျရှုံးတဲ့သူလားဆိုတာ ကွဲပြားသွားမှာပါပဲ။”

အားလုံးအတူတူရကြတဲ့ အချိန်လေးအတွင်းမှာ ကိုယ်လျှောက်ချင်တဲ့လမ်းကနေ ကိုယ်ရောက်ချင်တဲ့ နေရာကိုရောက်အောင်သွားဖို့ သူများထက်သာအောင် ကြိုးစားရပါမယ်။

မနက်အိပ်ရာထတဲ့အချိန် အိပ်ရာထချင်လား၊ ဆက်အိပ်နေမလား။ ဒါသင့်ရွေးချယ်မှုပါ။ သင်ကြိုက်သလိုရွေးချယ်နိုင်ပါတယ်။ တစ်နေ့လုံး သင်လုပ်သမျှဟာ သင့်ရွေးချယ်မှုပါ။ ထို့အတူ တစ်နေ့လုံးမှာ ကိုယ့်လုပ်ရပ်တွေကနေ ဘာအကျိုးတွေရနေသလဲဆိုတာကလည်း သင့်ရွေးချယ်မှုရဲ့ ရလဒ်တွေပါ။ ဘဝအောင်မြင်မှုရလဒ်ဆိုတာ သင့်ရဲ့ ရွေးချယ်မှုတွေအပေါ်မှာ မူတည်နေပါတယ်။

ဒါ့ကြောင့် အောင်မြင်မှုရဖို့ အချိန်ဘယ်လောက်ကြာမယ်ဆိုတာကို တွေးပူနေမယ့်အစား လက်ရှိမှာ ကိုယ်လုပ်နေတဲ့ အလုပ်ကို အာရုံစိုက်ပြီး အကောင်းဆုံးကြိုးစားသင့်ပါတယ်။ ကိုယ်ဖြစ်ချင်တဲ့ ဘဝရောက်အောင် ဘယ်လိုကြိုးစားရမယ်ဆိုတာ ကိုယ်တိုင်ဆုံးဖြတ်ပါ။ တစ်နေ့နေ့မှာ သင့်ရဲ့ နောက်ဆုံးနေ့ရက်ဆိုတာရောက်လာဦးမှာပါ။ အဲဒီ့နောက်ဆုံးအချိန် သင့်အတွေးထဲမှာ သင်လုပ်ခဲ့တဲ့အလုပ်တွေ၊ ကြိုးစားခဲ့တဲ့ အရာတွေနဲ့ ပတ်သတ်ပြီး ပြန်လည်တမ်းတဂုဏ်ယူနိုင်သလို၊ သင်ကြုံခဲ့ရတဲ့ မဟာကျရှုံးမှုတွေကိုလည်း ပြန်တွေးပြီး ပြုံးနိုင်ပါလိမ့်မယ်။

နေ့ရက်တိုင်းကို အဓိပ္ပာယ်ရှိစွာ ဖြတ်သန်းပါ။ အောင်မြင်မှုရဖို့ အချိန်နဲ့ အင်အား ဘယ်လောက်စိုက်ထုတ်ရမယ်ဆိုတာ အရေးမကြီးပါဘူး။ အောင်မြင်မှုရဖို့ အာရုံစိုက်လုပ်ဆောင်ဖို့ပဲလိုအပ်တာပါ။ သင်ဟာ ကမ္ဘာလောကကြီးရဲ့ တန်ဖိုးရှိတဲ့ သူတစ်ယောက်ပါ။ လောကကြီးကလည်း သင့်အောင်မြင်မှုကို စောင့်ကြည့်ဂုဏ်ယူနေတယ်ဆိုတာ မမေ့ပါနဲ့။