အိပ်မပျော်တဲ့ ညများအတွက် လွယ်ကူသောဆေးစွမ်းကောင်းတစ်လက်

blank

ဂန္ထဝင်ပရိသတ်ကြီးရေ

ညညအိပ်မပျော်လို့ စိတ်ညစ်နေပါသလား။ လွယ်ကူတဲ့ အိမ်သုံးပစ္စည်းလေးဖြစ်တဲ့ နွားနို့နဲ့ပျားရည်တွေကိုရောပြီး သောက်ကြည့်လိုက်ပါလား။ ပျားရည်မှာ ပါဝင်တဲ့ သကြားဓာတ်ဟာ သွေးတွင်းအင်ဆူလင် ညီမျှအောင် ထိန်းချုပ်ပေးနိုင်ပါတယ်။ ဦးနှောက်ကို တည်ငြိမ်စေရုံသာမက စိတ်ဖိစီးမှုတွေကို လျှော့ကျပေးတဲ့အတွက် သင့်ကို ကလေးတစ်ယောက်လို နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေမှာပါ။ ဆေးနည်းလေးကို ပြုလုပ်ပုံကတော့ အလွန်ကို လွယ်ကူပါတယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ပါဝင်ပစ္စည်းများ။

၁။ နွားနို့ (၆) အောင်စ

၂။ ပျားရည် (၁) ဇွန်း

၃။ ဗနီလာရည် (Vanilla) (၁) စက်

ပြင်ဆင်ပုံအဆင့်ဆင့်
  • နွားနို့ကို နွေးရုံသာအပူပေးပြီး ဖန်ခွက်တစ်လုံးထဲလောင်းထည့်လိုက်ပါ။
  • ထို့နောက်ပျားရည်နှင့် ဗနီလာရည်တစ်စက်ကိုထည့်ပြီး ရောမွှေလိုက်ပါ။
  • ညအိပ်ယာဝင်ခါနီးတိုင်းသောက်ပေးခြင်းဖြင့် အိပ်ရေးဝဝအိပ်ပျော်စေပါတယ်။