ပြည့်စုံပျော်ရွှင်တဲ့ဘဝဆိုတာ ဒါတွေနဲ့ ဖွဲ့စည်းထားတာပါ

blank
၁။ အလုပ်တွင်မှု

ဘယ်လောက်ပဲ အလုပ်ကိုကြိုးစားလုပ်နေပါစေ၊ အလုပ်မတွင်ရင် ဘယ်သူမှမပျော်ရွှင်ကြပါဘူး။ ဘဝကစားပွဲမှာ အမြဲတမ်းရုန်းကန်လှုပ်ရှားနေရတာကမှန်ပေမယ့် ကိုယ်လုပ်နေတဲ့အရာတွေက ထိရောက်ရဲ့လားဆိုတာကိုလည်း မကြာခဏစမ်းစစ်သင့်ပါတယ်။ အလုပ်တွင်ဖို့အတွက် တစ်ခါတစ်လေ “Working hard” ထက် “Working smart” လုပ်သင့်ပါတယ်။

၂။ မိတ်ဆွေကောင်းများ

မိတ်ဆွေကောင်းတွေဆိုတာ ဘဝရဲ့အကောင်းဆုံးအထောက်အပံ့တွေပါ။ ဒါ့ကြောင့် မိတ်ဆွေသစ်တွေတိုးပွားဖို့ ဘယ်တော့မှ မငြင်းဆန်လိုက်ပါနဲ့။ မိတ်ဆွေကောင်းရှိခြင်းရဲ့ ကောင်းကျိုးက ဘယ်အရာနဲ့မှ ယှဉ်လို့မရပါဘူး။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၃။ ယဉ်ကျေးမှုဓလေ့

ရှင်သန်ရာဘဝထဲမှာ ဘာသာစကား၊ ဂီတ၊ ပွဲတော်၊ ရိုးရာဓလေ့နဲ့ ရိုးရာဝတ်စုံစတဲ့ ယဉ်ကျေးမှုဆိုင်ရာတွေက အရမ်းကို အရေးပါပါတယ်။ ဒီယဉ်ကျေးမှုကပဲ ကျွန်မတို့ကို လမ်းမှန်ပြပေးတယ်၊ စိတ်ခွန်အားတွေပေးတယ်၊ ပြီးတော့ ပြိုင်ဘက်ကင်းသူတစ်ယောက်ဖြစ်အောင် လှုံ့ဆော်ပေးတယ်။

၎။ ဘာသာတရားကိုင်းရှိုင်းမှု

လူတစ်ယောက်ရဲ့ စိတ်ဓာတ်တိုးတက်မှုကိုအခြေတည်ပေးတဲ့ အဓိက အုတ်မြစ်တစ်ခုဖြစ်ပါတယ်။ ဘယ်လောက်ပဲခေတ်မီတဲ့ပညာတွေကို လေ့လာနေပါစေ၊ ဘာသာရေးကိုင်းရှိုင်းမှုကို မဆုတ်ယုတ်ပါစေနဲ့။ ဘယ်ဘာသာတရားမဆို ဘာသာရေးအသိအမြင်ကပဲ လူတွေနဲ့ တိရစ္ဆာန်တွေကို ခွဲခြားပေးတာပါ။

၅။ စူးစမ်းလေ့လာစိတ်

တိုတောင်းတဲ့ ဘဝအချိန်ခဏလေးမှာ လုပ်နိုင်သမျှအရာအားလုံးကို အတတ်နိုင်ဆုံးဆောင်ရွက်ပါ။ ပြဇာတ်အသစ်တွေသွားကြည့်ပါ။ မရောက်ဖူးသေးတဲ့နေရာတွေကို ခရီးထွက်ပါ။ အတွေ့အကြုံအသစ်တွေရယူပါ။ ဒါကသင့်ဘဝကိုပြည့်စုံစေပါတယ်။

၆။ မိသားစုနဲ့ အတွင်းလူတွေ

သင်ကသူတို့ကိုယုံကြည်စိတ်ချရင် သူတို့ကလည်း သင့်ကိုအကြွင်းမဲ့ ယုံကြည်ကြလိမ့်မယ်။ ပြီးတော့ ဒီသူတွေက ကိုယ့်အနားမှာ အေးအတူ၊ ပူအမျှရှိနေကြမယ့်သူတွေပါ။ ဒီတော့ သူတို့လေးတွေကိုလည်း ကိုယ်တတ်နိုင်သလောက် အသေးစိတ်ကအစ ဂရုစိုက်ပေးပါ။

ဂန္ထဝင်စာဖတ်ပရိသတ်ကြီးရေ… နေ့ရက်တိုင်းမှာ သင်လုပ်နေတဲ့အလုပ်ရဲ့ ရည်ရွယ်ချက်နဲ့အကြောင်းရင်းကို သေချာနားလည်နိုင်အောင်ကြိုးစားပါ။ ဆန္ဒနဲ့ဘဝ တစ်ထည်တည်းကျပြီး ဘဝရဲ့ ချိုမြိန်တဲ့အသီးအပွင့်တွေ ခံစားနိုင်ပါစေရှင်။