သင့်ဘဝအဓိပ္ပာယ်ဆိုတာ သင့်လက်ထဲမှာ…

blank

သင့်ဘက်က အဆင်သင့်ဖြစ်ဖြစ်မဖြစ်ဖြစ် တစ်နေ့မှာ သင့်ဘဝမီးစာကုန်ဆီခန်းမယ့်အချိန်ကို ရောက် လာဦးမယ်။ အဲ့ဒီအချိန်မှာ တရွေ့ရွေ့ထွက်ပေါ်လာတဲ့နေမင်းကြီးကို သင်မခံစားနိုင်တော့ဘူး။ မိနစ်၊ နာရီ၊ နေ့ ရက်တွေ ထပ်မရှိတော့ဘူး။ သင်စုဆောင်းပိုင်ဆိုင်ခဲ့သမျှ တန်ဖိုးရှိတာတွေကော၊ မရှိတာတွေပါ ကျန်ရစ်သူတွေ ရဲ့လက်ထဲမှာ ထားခဲ့ရတော့မယ်။

သင့်ချမ်းသာအောင်မြင်မှုတွေမှာ တန်ခိုးအာဏာတွေ မရှိတော့ဘူး။ သင်ပိုင်ဆိုင်ခဲ့တဲ့၊ ပိုင်ဆိုင်နေတဲ့ အ ရာအားလုံးဟာ သင်ရှင်သန်အောင် ဘာမှလုပ်မပေးနိုင်တော့ဘူး။ ရန်ငြှိုးတွေ၊ ခံပြင်းနာကျည်းစိတ်တွေ၊ မနာလို ဝန်တိုမှုတွေ ချုပ်ငြိမ်းသွားပြီး သင့်ဘဝ ငြိမ်းချမ်းသွားလိမ့်မယ်။

တစ်ပြိုင်နက်တည်းမှာပဲ မျှော်လင့်ချက်တွေ၊ ရည်မှန်းချက်တွေ၊ အလုပ်အစီအစဉ်တွေအားလုံး ပျက်စီး သွားမယ်။ တစ်ချိန်က သင့်အတွက် အရေးကြီးခဲ့တဲ့အနိုင်အရှုံးတွေဆိုတာ ပျောက်ကွယ်သွားလိမ့်မယ်။ သင် ဘယ်လိုဘဝအခြေအနေကလာတာလဲဆိုတာလည်း အဲ့ဒီအချိန်မှာ အရေးမကြီးတော့ပါဘူး။

သင်ဉာဏ်ကောင်းလား၊ ချောမောလှပလားဆိုတာတွေကလည်း အဲ့ဒီအချိန်မှာ အသုံးမဝင်တော့ပါဘူး။ သင်ယောက်ျားလား၊ မိန်းမလား၊ အသားမည်းလား၊ ဖြူလားဆိုတာတွေကလည်း အရေးမပါတော့ပါဘူး။

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

သင်ဝယ်ယူပိုင်ဆိုင်ထားခဲ့တဲ့အရာတွေထက် သင်ပြုလုပ်ဖန်တီးခဲ့တဲ့ကုသိုလ်ကံတွေက အဲ့ဒီအချိန်မှာပို အရေးကြီးလာမယ်။ သင်ရယူနိုင်ခဲ့တဲ့အရာတွေထက် အများအကျိုးအတွက် သင်စွန့်လွှတ်လှူဒါန်းခဲ့တဲ့အရာ တွေက ပိုအရေးကြီးလာမယ်။

သင်ဘယ်လောက်အောင်မြင်ခဲ့လဲဆိုတာထက် တခြားသူတွေအတွက် သင်ဘယ်လောက်အရေးပါခဲ့လဲ ဆိုတာ ပိုအရေးကြီးလာလိမ့်မယ်။
သင်ယူခဲ့ရတဲ့အရာတွေထက် သင်ပေးခဲ့တဲ့အရာတွေက ပိုစကားပြောလာမယ်။

ရိုးသားမှန်ကန်ခဲ့တဲ့ လုပ်ဆောင်ချက်တွေ၊ ကြင်နာမှုတွေ၊ ဇွဲသတ္တိတွေ၊ သူတစ်ပါးအကျိုးအတွက် သင် ဆောင်ရွက်ခဲ့တဲ့ စွန့်လွှတ်အနစ်နာခံမှုတွေအားလုံးဟာ အဲ့ဒီအချိန်မှာ အရေးပါလာလိမ့်မယ်။

သင့်မှတ်ဉာဏ်တွေထက် သင်ချစ်ရသူတွေရဲ့မှတ်ဉာဏ်တွေထဲမှာ သင်ရှိနေဦးမလားဆိုတာ ပိုအရေး ကြီးလာမယ်။

အဓိပ္ပာယ်ရှိတဲ့ ဘဝတစ်ခုဆိုတာ မတော်တဆ ဖြစ်လာတာမဟုတ်ပါဘူး၊ သင့်ရွေးချယ်မှုကြောင့်ပဲ ဖြစ် လာတာပါ။ ဒါကြောင့် သင့်အတွက် အဓိပ္ပာယ်ရှိတဲ့ဘဝကို အသက်ရှင်နေတုန်း သင်ကိုယ်တိုင် တည်ဆောက်ယူ လိုက်ပါ။

ဒီစာစောင်လေးဖတ်ပြီး သင်တစ်ခုခုရလိုက်ရင် SHARE လိုက်ပါဦးနော်။