စာဖတ်ပရိသတ်ကြီးတို့ အနည်းနှင့်အများ မိတ်ဆွေတွေရဲ့ နာရေးတွေကို လိုက်ပို့ဖူးကြမှာပါ။
သူ့အုတ်ဂူ ကဗ္ဗည်းပေါ်က ခုနှစ်တွေကိုကြည့်ရင်း ရှိုက်ကြီးတငင်ငွေကြွေးဖူးကြမှာပါ။
သူနဲ့ကိုယ့်ကြားက အမှတ်ရစရာတွေကိုတွေးရင်း ကြေကွဲဖူးကြမှာပါ။
ကိုယ့်ရဲ့ ပူဆွေးမှုတွေက သေဆုံးသူရဲ့ ပိုင်ဆိုင်မှုတွေကြောင့်လား။ ဒါမှမဟုတ် သူအသက်ရှင်စဉ်ကလုပ်ခဲ့တဲ့ ကောင်းမွန်တဲ့လုပ်ရပ်တွေကြောင့်လား။ သူနဲ့အတူ ဖြတ်သန်းခဲ့တဲ့ အမှတ်ရစရာအခိုက်အတန့်တွေကြောင့်လား။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။
တကယ်တော့ စာဖတ်ပရိသတ်ကြီးရေ…
ဘဝဆိုတာ မွေးဖွားချိန်ကနေ ကွယ်လွန်ချိန်အထိ ဖြတ်သန်းရတဲ့ အင်မတန်တိုတောင်းလှတဲ့ အချိန်ကာလလေးပါ။
ကျွန်မတို့ သေဆုံးသွားတဲ့တစ်နေ့မှာ…
ကျွန်မတို့ရဲ့ သေမိန့်ပြန်တမ်းစာကို ဖတ်နေချိန်မှာ…
ကျွန်မတို့ကို ကောင်းချီးပေး အမျှဝေနေချိန်မှာ…
ကျွန်မတို့ဝိဥာဉ်ဟာ တစ်နေရာကလှမ်းကြည့်ပြီး ဂုဏ်ယူနေမလား။
ကိုယ်ချစ်တဲ့လူတွေကို နာကျင်စေခဲ့မိတာတွေအတွက် နောင်တရနေမလား။
ကျွန်မတို့ မွေးဖွားခြင်းနှင့် သေဆုံးခြင်းခုနှစ်သက္ကရာဇ်နှစ်ခုကြားက မျဉ်းတိုလိုကာလလေးအတွင်း
ကိုယ့်ပတ်ဝန်းကျင်ကို တစ်ထောင့်တစ်နေရာကနေ အကျိုးပြုခဲ့လေသလား။
မေတ္တာတွေဘယ်လောက်ပွားနိုင်ခဲ့လဲ ဆိုတာတွေကတော့ ကျွန်မတို့ရဲ့ရွေးချယ်မှုပါ။
စာဖတ်ပရိသတ်ကြီးရော…
ကမ္ဘာမြေကိုနှုတ်ဆက်မသွားခင် ဘယ်လိုမျိုးခြေရာတွေ ထားခဲ့ချင်လဲ။
Comment box မှာ ရေးခဲ့ပါဦး။
ဒီ စာလေးဖတ်ရင်း ဆုံးရှုံးဖူးတဲ့ လူတွေနဲ့ သူတို့ထားခဲ့တဲ့ အမှတ်တရတွေကို သတိရသွားတယ်ဆိုရင် SHARE လိုက်ပါဦး။