၅ နှစ်အတွင်းမှာ ဒီထက်အဆပေါင်းများစွာ ကောင်းမွန်သော ဘဝကို ပိုင်ဆိုင်လိုပါသလား။ ဒါတွေကို လုပ်ကြည့်ပါ။

၁။ မနက်ခင်းအစမှာ (၅) မိနှစ်လောက် စိတ်ပါလက်ပါ ရယ်မောလိုက်ပါ။

၂။ ကိုယ့်အယူအဆတွေကို အမြဲတူးဖော်နေပြီး ချရေးထားပါ။ ဆန်းသစ်တဲ့ အတွေးအခေါ်တွေကို လက်တွေ့ကျင့်သုံးလိုက်ပါ။

၃။ အားလပ်ချိန်တိုင်းမှာ စာဖတ်ပါ။ ကိုယ်နှစ်သက်တဲ့ စာအုပ်မျိုးကို အနည်းဆုံး တစ်ပတ် တစ်အုပ်လောက်တော့ ဖတ်ပါ။

၎။ စိတ်ကူးဥာဏ်ရင့်သန်စေတဲ့ ဥာဏ်စမ်းမေးခွန်းတွေ၊ သင်္ချာပုစ္ဆာတွေကို ဖြေရှင်းပါ။ နေ့စဉ်ကြုံတွေ့ရတဲ့ အခက်အခဲတွေကို တွေးတောဖြေရှင်းခြင်းကလည်း ဥာဏ်ရည်ထက်သန်စေပါတယ်။

၅။ နေ့စဉ်မှတ်တမ်းစာအုပ်ထားရှိခြင်းဟာ ကိုယ့်ဘဝရဲ့ အခက်အခဲတွေ ကျော်လွှားနိုင်ခဲ့တာကို မှတ်မိနေစေပါတယ်။ ကိုယ်ကျော်လွှားနိုင်ခဲ့တဲ့ အဖြစ်အပျက်တွေကို ပြန်ဖတ်တိုင်း အနာဂတ်အတွက် အားဖြစ်စေမှာပါ။

၆။ မိမိဘေးမှာ မိတ်တွေစစ်တွေ ဝန်းရံထားရှိပါ။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၇။ ကိုယ်ရေးအတ္ထုပ္ပတ္တိ ဇာတ်လမ်းတွေ များများကြည့်ပါ။

၈။ ပြဿနာတွေကို မရှုပ်ထွေးခင်ကတည်းက ရှင်းထားပါ။

၉။ ငါးနှစ်အတွင်းမှာ အပတ်တကုပ်နဲ့ ကြိုးစားပါ။

၁၀။ ဘာသာစကားအသစ်တစ်ခုကို သင်ယူပါ။

၁၁။ အချစ်ရေးနဲ့ စီးပွားရေးကို ဂရုစိုက်သလို ကျန်းမာရေးကို ဂရုစိုက်ပါ။ ကျန်းမာရေးကို ထိခိုက်စေတဲ့ အကျင့်ဆိုးတွေ၊ ဓာတုဆေးဆိုး အစာတွေ၊ ဆေးလိပ်သောက်တာတွေကို ရှောင်ကြဉ်ပါ။

၁၂။ စာရင်းဇယားတွေကို သေသေချာချာ ရှင်းလင်းထားပါ။ စာရင်းဇယားတွေကို သေချာမလုပ်နိုင်ခဲ့ရင် အငြင်းပွားမှုတွေ ဖြစ်နိုင်ပါတယ်။

၁၄။ ကြောက်ရွံ့မှုတွေကို မစွန့်လွတ်နိုင်တာဟာ သူရဲဘောကြောင်နည်း တစ်မျိုးပါ။

၁၅။ သင်ရှာဖွေသမျှရဲ့ ၁၅% ကိုစုပြီး ရင်းနှီးမြှပ်နှံထားပါ။ ငါးနှစ်လောက်ကြာတဲ့ အခါ သင်အများကြီး စုမိ၊ ဆောင်းမိသွားတာ တွေ့ပါလိမ့်မယ်။

၁၆။ တစ်ပတ်ကို တစ်နာရီလောက်တော့ အလုပ်တွေ၊ တီဗွီ၊ ကွန်ပျူတာ အသုံးပြုတာကို ရပ်ထားပြီး ပြည့်ပြည့်ဝဝ အနားယူပါ။

၁၇။ ကိုယ်တိုင်ဖတ်ဖို့ အမေး မေးခွန်း စာတစ်စောင်ကို ရေးပါ။ နောက် ငါးနှစ် အကြာမှာ အဲဒီစာကို ဖတ်ကြည့်ပါ။

၁၈။ ကိုယ်ကျိုးမဖက်ဘဲ အခြေအနေတိုင်းမှာ အရမ်းချစ်တတ်အောင်နေပါ။

၁၉။ နေရာအသစ်တစ်ခုကို နေ့စဉ်သွားပါ။

၂ဝ။ တစ်မိနစ်လောက် ငြိမ်ငြိမ်သက်သက်နေပြီး ဖြစ်ပေါ်လာတဲ့ စိတ်ခံစားမှုတွေကို စာရွက်တစ်ရွက်မှာ ချရေးထားပါ။ သင့်ကို အံ့သြစေတဲ့ စိတ်ကူးတွေ တွေ့ရှိပါလိမ့်မယ်။