အချင်းချင်းလှောင်ပြောင်ခြင်းကင်းတဲ့ လူမှုအဖွဲ့အစည်းဆီသို့

  • သင် ဖက်တီးမလို့ ခေါ်ခေါ်ပြီးလှောင်ပြောင်နေတဲ့ ကောင်မလေးဟာ ဝိတ်လျှော့ဖို့ အတွက် အစာငတ်ခံနေရတယ်ဆိုတာသင် သိရဲ့လား။
  • ဒီနေ့အတန်းထဲမှာ မိန်းမပျက်လို့ သင်ပြောလိုက်တဲ့ မိန်းကလေးဟာ ယင်ဖိုတောင် မသမ်းဖူးဘူးဆိုတာသင်သိရဲ့လား။
  • လူတွေကြားထဲငိုနေလို့ သင်ဟားတိုက်ခဲ့တဲ့ ကောင်လေးဟာ သူ့အမေဆုံးသွားလို့ ငိုနေတယ် ဆိုတာသင်သိရဲ့လား။ ဤဆောင်းပါးကိုဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။
  • အသားမဲပတ္တမြားခဲလို့ သင်လိုက်စနေတဲ့ ကောင်မလေးဟာ မင်္ဂလာဆောင်ဖို့ အကြိမ်ကြိမ် ငြင်းဆန်ခံနေရတယ်ဆိုတာ သင်သိရဲ့လား။
  • ဒီနေ့ မနက် လူလယ်ခေါင်ကြီးမှာ သင်လက်သီးနဲ့ ဆွဲထိုးလိုက်တဲ့ မိန်းမလျာလေးကိုယ့်ကိုကိုယ် သတ်သေလိုက်တာ သင်သိရဲ့လား။
  • ဆင်းရဲသားလို့ သင်ပြောပြောနေတဲ့ ကောင်လေးဟာသူ့မိသားစုကိုထောက်ပံ့ဖို့ ညတိုင်းအလုပ်လုပ်နေရတယ်ဆိုတာ သင်သိရဲ့လား။
  • အမာရွတ်တွေ ဗလပွကြောင့် သင်ဟာသလုပ်ခဲ့တဲ့ လူကြီးဟာ တိုင်းပြည်ကိုကာကွယ်ပေးခဲ့တဲ့ စစ်သားကြီးဆိုတာ သင်သိရဲ့လား။
  • သင်တွန်းချလိုက်လို့ ချော်လဲသွားခဲ့တဲ့ ကောင်လေးဟာအိမ်ကဆူလို့ စိတ်ညစ်နေခဲ့တယ်ဆိုတာ သင်သိရဲ့လား။

တကယ်တော့ လူတွေမှာသင်မသိနိုင်တဲ့ နာကျင်ကြေကွဲစရာတွေ ရှိနေနိုင်တာမို့ အခြေအနေအစစ်အမှန်ကို မသိဘဲနဲ့ သူတို့ရဲ့ အားနည်းချက်တွေကို လှောင်ပြောင်ခြင်းမပြုပါနဲ့။ လှောင်ပြောင်၊ အနိုင်ကျင့်တာတွေကို သင်ကန့်ကွက်တယ်ဆိုရင် ဒီစာလေးကို SHARE ပေးပါ။