အမျိုးသမီးတိုင်းမှာရှိတဲ့ ထူးခြားသော super power များ။

blank

မင်္ဂလာပါ ဂန္ထဝင်ပရိသတ်ကြီးရေ…

၁။ လူတွေရဲ့ အတွင်းစိတ်ကို တစ်ချက်ကြည့်တာနဲ့ ကျွန်မတို့ အကဲခတ်နိုင်တယ်။

၂။ မြင့်မားချွန်ထက်တဲ့ ဒေါက်ဖိနပ်တွေကိုစီးပြီး ဟန်ချက်ညီညီနဲ့ ကြွကြွရွရွလေး လမ်းလျှောက်နိုင်တယ်။

၃။ ကျွန်မတို့ ရာသီစက်ဝန်း ဘယ်နေ့စမလဲဆိုတာ ကျွန်မတို့ခန္ဓာကိုယ်ကနေတဆင့် သိနိုင်ကြတယ်။

၎။ ကျွန်မတို့ခန္ဓာကိုယ်ကနေ အခြား လူသားတစ်ယောက်ကို မွေးထုတ်ပေးနိုင်ကြတယ်။

၅။ လူသားတစ်ယောက်ရဲ့ ငယ်ရွယ်စဉ်ဘဝအာဟာရကို ကျွန်မတို့ခန္ဓာကိုယ်ကနေပဲ တာဝန်ယူပေးနိုင်တယ်။

၆။ မျက်ခွံပေါ်မှာ သပ်ရပ်ပြီး ကော့တက်နေတဲ့ လိုင်နာဆွဲချက်လေးရဖို့၊ လက်သည်းခွံလေးတွေကို အလှဆင်ဖို့ဆိုတာ ခက်ခဲပေမယ့် ကျွန်မတို့အားလုံး လွယ်လွယ်ကူကူပဲ လုပ်တတ်ကြတယ်။

၇။ ကျွန်မတို့ ခန္ဓာကိုယ်ထက် သေးတဲ့ အသားကပ်ဆွဲသားဘောင်းဘီတွေကိုလည်း သက်တောင့်သက်သာ ဝတ်နိုင်ကြတယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၈။ အဝတ်အစားဒီဇိုင်းနာမည်တွေ၊ ကကွက်နာမည်တွေနဲ့ အနုပညာရှင်နာမည်တွေကို အစအဆုံးမှတ်မိနေတဲ့ စွမ်းရည်လည်း ကျွန်မတို့မိန်းမသားတွေ ပိုင်ဆိုင်ထားကြပါတယ်။

၉။ ကျွန်မတို့မိန်းမသားတွေဟာ ချွေတာဈေးဆစ်တတ်တဲ့နေရာမှာလည်း ပြိုင်ဘက်ကင်းပါတယ်။

၁ဝ။ တန်ဖိုးကြီး ရေမွှေးတွေ တကူးတကဆွတ်နေစရာမလိုဘဲ မိန်းမတွေရဲ့ သဘာဝကိုယ်သင်းနံ့က ယောက်ျားတွေကို ဆွဲဆောင်နိုင်ပါတယ်။

၁၁။ အဝတ်အစားဘီဒိုကို ဖွင့်ကြည့်စရာမလိုဘဲ မနက်ဖြန် ဘာဝတ်စုံဝတ်မယ်ဆိုတာကို စာသင်ခန်း၊ ရုံးခန်းထဲကနေတောင် ထိုင်စဉ်းစားပြီး ဆုံးဖြတ်လို့ရပါတယ်။

၁၂။ ကျွန်မတို့ဟာ တစ်ချိန်တည်းမှာ အလုပ်တွေကို တစ်ပြိုင်နက်လုပ်နိုင်ပါတယ်။

၁၃။ ကျွန်မတို့ကို ပြောလာသမျှ စကားလုံးတွေကိုလည်း အံ့သြစရာကောင်းလောက်အောင် သည်းခံနိုင်ကြတယ်။

၁၄။ ရေချိုးတဲ့အခါ တစ်ကိုယ်လုံးသန့်စင်အောင် ပွတ်တိုက်ဆေးကြောနိုင်ဖို့ ကျွန်မတို့ သူမတူအောင်ကွေးနိုင်ဆန့်နိုင်ကြတယ်လေ။

၁၅။ ယောက်ျားလေးတွေဟာ သူတို့မျက်ခုံးမွေး၊ ခြေသလုံးမွေးကို ရုတ်တရက်နှုတ်ခံရရင် သေလောက်အောင် နာကျင်တတ်ကြပါတယ်။ ကျွန်မတို့ကတော့ လှချင်စိတ်ကြောင့် ဒီလိုနာကျင်မှုတွေကို သည်းခံနိုင်ကြတယ်လေ။

၁၆။ အဝေးမှာရှိတဲ့ ယောက်ျားတစ်ယောက်ကိုတောင် ဆွဲဆောင်မှုရှိတဲ့ အလှဆုံးဓာတ်ပုံတစ်ပုံနဲ့ ကျွန်မတို့ဆီပြေးလာအောင် စွမ်းဆောင်နိုင်ကြတယ်။

ဂန္ထဝင်ပရိသတ်ကြီးရေ… ဒီလိုအစွမ်းတွေ ပိုင်ဆိုင်ထားတဲ့ သင့်ကိုယ်သင် အထင်မသေးလိုက်ပါနဲ့နော်။ မိန်းမတစ်ယောက်ရဲ့ တန်ဖိုးကို ယောက်ျားကောင်းတွေကသာ နားလည်နိုင်ပါတယ်။ သင့်တန်ဖိုးကိုနားလည်ပြီး လေးစားချစ်ခင်ပေးနိုင်တဲ့ ချစ်သူကောင်းပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။