ကျန်းမာရေးကို အထောက်အကူပြုမယ့် သံပုရာပူစီနံဖျော်ရည်

blank

သံပုရာနဲ့ ပူစီနံရွက်ဖျော်ရည်က ဗီတာမင်စီဓာတ်အကြွယ်ဝဆုံး သဘာဝဖျော်ရည်ဖြစ်ပြီး သင့်ကို လန်းဆန်းတက်ကြွစေပါတယ်။ ဒီဖျော်ရည်ကို သောက်သုံးခြင်းဖြင့် အစာခြေစနစ်ကို ကောင်းမွန်စေမှာဖြစ်ပြီး အအေးမိဖျားနာခြင်းကို ကာကွယ်ပေးပါတယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ဖျော်ရည်အတွက် လိုအပ်သောပစ္စည်းများ
  • သကြား ၁ဝဝ ဂရမ်
  • ရေ ၉ဝဝ မီလီလီတာ
  • လတ်ဆတ်တဲ့ သံပုရာရည်ရည် ၁ဝဝ မီလီလီတာ
  • လတ်ဆတ်တဲ့ ပူစီနံရွက် ၁၃ဝ ဂရမ်
ဖျော်ရည်ပြုလုပ်နည်း

သကြားနဲ့ရေကို ဇလုံတစ်ခုထဲတွင်ထည့်ပြီး အပူပေးပါ။ ပူစီနံရွက် ၅၀ ဂရမ်ကို ရေနွေးထဲကို ထည့်ပါ။ သကြား၊ ရေနှင့် ပူစီနံရွက်တို့ ရောပြုတ်ထားသော ပြုတ်ရည်ကို ဖျော်စက်ထဲမထည့်ခင် အအေးခံပါ။ ထို့နောက် သံပုရာရည်၊ ပူစီနံအရွက်အကျန်နှင့် ပြုတ်ရည်တို့ကို ဖျော်စက်ထဲထည့်ဖျော်ပြီး သုံးဆောင်လို့ရပါပြီ။

ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေပြီး ပြုလုပ်ရလွယ်တဲ့ သံပုရာနဲ့ ပူစီနံ ဖျော်ရည်လေးကို အခုပဲ ဖျော်သောက်ကြည့်ရအောင်။