“အရှုံးပေးရင် နှလုံးအေးတယ်” ဆိုတာ ဘဝကြီးတစ်ခုလုံးအတွက်မဟုတ်ပါဘူး။

blank

ဘဝမှာ မျှော်လင့်ထားတဲ့အရာတွေက တက်တက်စင်လွဲသွားတဲ့အခါ…

ဆက်လျှောက်ရမယ့် ဘဝခရီးလမ်းက ကြမ်းတမ်းနေတဲ့အခါ…

အကြွေးတွေလည်ပင်းနစ်နေတဲ့အခါ…

ပြုံးချင်ပေမယ့် သက်ပြင်းရှည်ကြီးတွေ အခါခါချနေရတဲ့အခါ…

နေ့ရက်တိုင်းက သောကမျိုးစုံနဲ့ ပြည့်နှက်နေတဲ့အခါ…

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ပင်ပန်းနေတဲ့ သင့်ရဲ့ စိတ်နဲ့ကိုယ်ကို ခဏအနားပေးလိုက်ပါ။ ဘဝရဲ့ အလှည့်အပြောင်းတွေကြား နေသားတကျဖြစ်အောင်နေပါ။ သင်ယူတတ်မယ်ဆိုရင် အခက်အခဲတိုင်းဟာ သင်ခန်းစာတွေဆိုတာကို မမေ့ပါနဲ့။

လောကဓံရဲ့ ရိုက်ချက်ပြင်းပြင်းတွေကို တန်ပြန်တိုက်ခိုက်ရင်းနဲ့ စိတ်ဓာတ်ခိုင်မာလာတတ်တယ်ဆိုတာ မြဲမြဲမှတ်ထားပါ။

ဆိုးရွားတဲ့ကိစ္စတွေနဲ့ ကြုံရတဲ့အချိန်ဟာ လောကကြီးကနေ သင်လက်မြှောက်အရှုံးပေးပြီး ထွက်သွားရမယ့်အချိန်မဟုတ်ဘူးဆိုတာကိုလည်း နားလည်ထားပါ။