အသေးအဖွဲမှသည် မေ့ဖျောက်မရနိုင်တဲ့ အမှတ်တရဆီသို့

တစ်ခါတစ်လေ ဘာမှ မပြောပလောက်တဲ့ အရာလေးတွေကနေတစ်ဆင့် ကြီးမားတဲ့ အကျိုးရလဒ်တွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။

ဥပမာ – တစ်စုံတစ်ယောက်ကို သူဒီနေ့ အရမ်းလှနေတဲ့အကြောင်း ချီးကျူးလိုက်တာမျိုး။ သူငယ်ချင်းအတွက် သူ့မွေးနေ့မှာ သူ မမျှော်လင့်ထားတဲ့ အမှတ်တရလေး ဖန်တီးပေးတာမျိုး။ ဈေးဝယ်တုန်း ကိုယ့်နောက်မှာ တန်းစီနေတဲ့သူကို ကိုယ့်ထက်အရင် ဦးစားပေး ဝင်ခိုင်းလိုက်တာမျိုး။ အစရှိသဖြင့်ပေါ့။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ဒီလို အခိုက်အတန့်လေးတွေကပဲ ကျွန်မတို့ဘဝရဲ့ မေ့မရနိုင်တဲ့ အမှတ်တရတွေ ကို ဖန်တီးသွားတာပါ။ ဒါကြောင့် ဒီနေ့ကစပြီး ကိုယ့်ရဲ့ အပြုအမူ သေးသေးလေးတွေကနေတစ်ဆင့် ကိုယ့်ပတ်ဝန်းကျင်ကလူတွေကို တတ်နိုင်သမျှ စိတ်ချမ်းသာအောင် လုပ်ဆောင်လိုက်ကြပါစို့ စာဖတ်ပရိတ်သတ်ကြီးရေ။

  • မယ်လီစာ မိုလိုမို (Melissa Molomo)