မြတ်ဗုဒ္ဓ၏ ဘဝနေထိုင်မှုဆိုင်ရာ အဆိုအမိန့်များ

၁။ ကိုယ့်ထက်နိမ့်ကျသူတွေကို ကိုယ့်ဆီမှာရှိတဲ့ အရာတွေထဲကနေပြီး ရက်ရက်ရောရော မျှဝေလှူဒါန်းလိုက်ပါ။

၂။ ကိုယ့်ကိုယ်ကို အမြဲနှိမ့်ချ ဆက်ဆံပါ။

၃။ ပြည့်တဲ့ အိုးက ဘောင်မခတ်ပါဘူး။ မပြည့်တဲ့အိုးကပဲ ဘောင်ဘင်ခတ်တတ်တာပါ။

၎။ ကျောက်တုံးကျောက်ခဲတွေက လေယူရာ မယိမ်းသလိုမျိုး။ ချီးကျူးစကားတွေ၊ အပြစ်တင်ဝေဖန်စကားတွေကြားရုံနဲ့ စိတ်မယိုင်တတ်တဲ့ ပညာရှိမျိုး ဖြစ်အောင် ကြိုးစားနေထိုင်ပါ။

၅။ ကိုယ့်စိတ်ကို အောင်နိုင်ဖို့က ရန်သူတစ်ထောင်ကို အောင်နိုင်ဖို့ထက် ပိုခဲယဉ်းပါတယ်။

၆။ ကြောက်စိတ်၊ အမုန်းတရားတွေနဲ့ အာဃာတတွေကို တတ်နိုင်သမျှ ဖယ်ခွာနိုင်အောင်ကြိုးစားပါ။

၇။ အနှိုင်းမဲ့တဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ တစ်ကမ္ဘာလုံးကို အလှဆင်လိုက်ပါ။ အမုန်းကင်းစင်တဲ့ ကမ္ဘာတစ်ခုကို ကိုယ်က အစပြုနိုင်အောင် ကြိုးစားပါ။

၈။ နာကျင်မှုတိုင်းက အတူတူပါ။ ခုခံတိုက်ခိုက်ပုံပဲ ကွာသွားတာပါ။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၉။ ဖြေရှင်းလို့ရနိုင်လောက်တဲ့ ပြဿနာ တစ်ခုအတွက် စိုးရိမ်ကြောင့်ကြမနေပါနဲ့။ မဖြေရှင်းနိုင်တဲ့ ပြဿနာကို ထိုင်စိုးရိမ်းကြောင့်ကြနေလို့ရော ဘာထူးလာမှာလဲ။

၁ဝ။ ဘာပဲလုပ်လုပ် ဘယ်ပဲသွားသွား လက်ရှိအချိန်တွေကို အတတ်နိုင်ဆုံး ခံစားပျော်ရွှင်ပါ။

၁၁။ မနက်တိုင်းက ကိုယ့်ဘဝကို အကောင်းဆုံး ပြန်လည်ထူထောင်ဖို့ အခွင့်အရေး ကောင်းတစ်ခုပါပဲ။

၁၂။ သင့်ဘဝ ဇာတ်ခုံအတွက် သင်က ဇာတ်ညွှန်းရေးဆရာဖြစ်သလို၊ သင်ကိုယ်တိုင်ကပဲ ဇာတ်လိုက်အဖြစ် ပွဲပြီးသည်အထိ ကရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အကောင်းဆုံးဖြစ်အောင် ရပ်တည်နေထိုင်လိုက်ပါ။

၁၃။ သင့်ခန္ဓာကိုယ်အတွက် သင့်တင်မျှတတဲ့ အစားအသောက်တွေကို ရွေးချယ်စားသောက်ပါ။ သင့်ရဲ့ နာမကျန်းမှုတွေနဲ့ ကျန်းမာရေးကောင်းမွန်မှုကလည်း သင့်ရဲ့ ရွေးချယ်မှုပါပဲ။

၁၄။ လူသားတိုင်း အချိန်တန်ရင် သေဆုံးကြရတာ ဓမ္မတာပါပဲ။ သဘာဝတရားကြီးကို ဘယ်သူမှ ဆန့်ကျင်လို့ မရပါဘူး။ ဒါကြောင့် တစ်စုံတစ်ယောက်ကို ဆုံးရှုံးလိုက်ရရင် တစ်နေ့ကိုယ်လည်း ဒီလမ်း လိုက်သွားရမှာပဲဆို နှလုံးသွင်းလိုက်ပါ။

၁၅။ ဘဝရဲ့ အနှစ်သာရကို ကိုယ့် ကိုယ်တွင်းမှာပဲ ရှာလို့ ရတာပါ။

သဘောကျ နှစ်သက်ခဲ့ရင် Share ဖို့မမေ့နဲ့နော်။