နေ့စဉ်ဘဝ အဆင်ပြေစေဖို့ တွန်းလှန်ပစ်ရမယ့် စိတ်အစွဲများ

blank

ကျွန်မတို့ဟာ တစ်ခါတစ်လေ ကိုယ့်အတွေးတွေနဲ့ကိုယ် ပိတ်နေမိတတ်ပါတယ်။ ကျွန်မတို့ အတွေးတွေ ကို မပြောင်းလဲနိုင်သေးသရွေ့ ဘာကိုမှ ပြောင်းလဲလို့ မရနိုင်ပါဘူး။

ကျွန်မတို့ စိတ်ထဲမှာ တစ်ဝဲလည်လည်စိုးမိုးနေတဲ့ အတွေးတွေကတော့

၁။ အရာအားလုံး အဆင်ပြေပြေ ဖြစ်နေစေဖို့ မျှော်လင့်နေခြင်း။

ကြီးမားတဲ့ အောင်မြင်မှုတွေအားလုံးက အချိန်နဲ့ အားစိုက်ထုတ်မှု အသင့်အတင့် လိုအပ်ပါတယ်။ ဘယ်တော့မှ အလွယ်တကူ ရမလာတတ်ပါဘူး။ ဇွဲရှိရှိနဲ့ လျှောက်လှမ်းမယ်ဆိုရင် “မဖြစ်နိုင်ဘူးဆိုတာ ဘာမှ မရှိဘူး” ဆိုတာကို နှလုံးသွင်းထားဖို့ လိုအပ်ပါတယ်။

၂။ ကိုယ်သိသလောက်အတွေးလေးတွေနဲ့ ကျေနပ်နေတာကြောင့် ကိုယ့်တက်လမ်းတွေကို ပိတ်မိနေခြင်း။

ကျွန်တော်တို့ရဲ့ အတိတ်က လုပ်ရပ်တွေက ကျွန်တော်တို့ကို ပုံဖော်လိုက်တာ ဖြစ်ပါတယ်။ ဒါပေမယ့် အတိတ်ထဲမှာ ပိတ်မိနေလို့ မဖြစ်ပါဘူး။ တတ်နိုင်သလောက် ဆက်လေ့လာနေရမှာ ဖြစ်ပါတယ်။ လေ့လာနေတာတွေ ရပ်လိုက်မယ်ဆို အဓိပ္ပါယ်ရှိတာတွေကို ရပ်ပစ်လိုက်တာနဲ့ အတူတူပါပဲ။ အောင်မြင်မှုတွေဆိုတာ ကိုယ်ကျင်လည်နေကျ ပတ်ဝန်းကျင်မှာပဲ သက်တောင့်သက်သာနဲ့ ရနိုင်တဲ့ အရာပဲ မဟုတ်ပါဘူး။ ဒါကြောင့် သင့်တင့်တဲ့ စွန့်စားမှုလေးတွေနဲ့ ဘဝကို ရုန်းကန်လှုပ်ရှားလိုက်ပါ။ ဘဝက ပိုမို သက်ဝင်လာပါလိမ့်မယ်။

၃။ ကိုယ့်ကိုယ်ကို တခြားသူတွေနဲ့ အမြဲလိုလို နှိုင်းယှဉ်မိနေခြင်း။

ကိုယ့်ကိုယ်ကို အခြားသူတွေနဲ့ နှိုင်းယှဉ်နေမယ့်အစား ကိုယ့်ဘဝကို ကိုယ်ခံယူတဲ့ အတိုင်း ကိုယ်တန်ဖိုးထားတဲ့ အတိုင်း ရပ်တည်နိုင်အောင် ကြိုးစားလိုက်ပါ။ လူအမျိုးမျိုး စိတ်အထွေထွေမို့ အခြားသူတွေ လုပ်တိုင်းကိုယ်လိုက်လုပ်ဖို့ မဖြစ်နိုင်ပါဘူး။ သူများဒါလုပ်လို့ လိုက်လုပ်တယ်ဆိုတာ လူညံ့တွေရဲ့ အလုပ်ပဲ ဖြစ်ပါတယ်။

၎။ အခြားသူတွေရဲ့ ထောက်ခံမှုရမှ ကိုယ်အောင်မြင်မယ်လို့ ယုံကြည်နေခြင်း။

တစ်ခါတစ်လေ ကျွန်တော်တို့ဟာ ကိုယ့်လုပ်ရပ်တွေကို အခြားသူတွေ ထောက်ခံအားပေးမှ အထမြောက်တယ်ဆိုပြီး ယူဆနေတတ်ကြပါတယ်။ တစ်ကယ်တော့ ကိုယ့်လုပ်ရပ်တွေ မှန်ကန်နေပြီး ကိုယ့်ကိုယ်ကို လိပ်ပြာလုံနေဖို့ပဲ လိုတာပါ။

၅။ အခြားသူတွေရဲ့ ဝေဖန်သံတွေရဲ့ လွှမ်းမိုးမှု ခံနေရခြင်း။

တစ်ခါတစ်လေ ကျွန်တော်တို့ဟာ အခြားသူတွေရဲ့ ဝေဖန်မှုတွေကို ခံရတဲ့အခါ အရမ်းခံစားတတ်ကြပါတယ်။ တစ်ကယ်တော့ အဲ့ဒီလိုဝေဖန်တာတွေဟာ တစ်နည်းအားဖြင့် သူတို့ရဲ့ မပြည့်စုံမှုတွေ လိုအပ်ချက်တွေကို ကိုယ့်အပေါ် ရမယ်ရှာလိုက်တဲ့သဘော ဖော်ပြနေတာပါပဲ။

၆။ အခြားသူတွေကို ဂရုစိုက်ရင်း ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့ မေ့နေခြင်း။

သင်ဒီလိုဖြစ်ရတာတစ်ခြားသူတွေကို ကူညီချင်လို့ဆိုတာ မှန်ပါတယ်။ သို့ပေမယ့်လည်း ကိုယ့်ကိုယ်ကို လုံလောက်တဲ့ ဂရုစိုက်မှုမျိုးမပေးဘဲ ကိုယ့်လိုအပ်ချက်တွေ မဖြည့်ဆည်းဘဲ အခြားသူတွေကိုချည်း အာရုံရောက်နေမယ်ဆိုရင်တော့ ကြာလာတာနဲ့အမျှ အသက်ရှုရတာ ခက်ခဲသွားပါလိမ့်မယ်။

၇။ ကိုယ်သိထားသမျှ မျှဝေဖို့ မတွန့်ဆုတ်ပါနဲ့။ ကိုယ့်မှာရှိတဲ့အရာတွေကို မျှဝေခံစားတာဟာ တစ်ဖက်လူကို အကျိုးပြုရုံတင်မကဘဲ ကိုယ်တိုင်လည်း စွန့်ကျဲပေးကမ်းရတာ နှစ်သက်လာပြီး အစွဲအလမ်းတွေကနေ လွတ်မြောက်လာပါလိမ့်မယ်။

၈။ အတွေးလွန်နေတတ်ခြင်း။

တစ်ခုခုဆို အလွန်အမင်း စိုးရိမ်တာမျိုးတွေ ကျွန်တော်တို့ တော်တော်များများ ဖြစ်တတ်ကြပါတယ်။ စိုးရိမ်နေရုံနဲ့ ပြဿနာတွေက ပြီးသွားမှာမဟုတ်ပါဘူး။ ဒါကြောင့် အချိန်အနည်းငယ်ယူပြီး စိတ်တွေကို တည်ငြိမ်အောင် မွေးမြူလိုက်ပါ။ တည်ငြိမ်တဲ့ စိတ်အခြေအနေတွေက ပြသနာတစ်ခုကို အကောင်းဆုံး ဖြေရှင်းနိုင်ဖို့ အထောက်အပံ့ ဖြစ်စေပါလိမ့်မယ်။

၉။ ကိုယ်ရဲ့ အတိတ်က လုပ်ရပ်တွေအတွက် နောင်တရနေတတ်ခြင်း။

တစ်ခါတစ်လေ ကျွန်တော်တို့ဟာ ကျွန်တော်တို့ လုပ်ခဲ့တဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး “ဒီလိုတော့ မလုပ်ခဲ့သင့်ဘူး။ ငါဒီလို တုန့်ပြန်လိုက်ရင်ကောင်းမှာ၊ အစကတည်းက ဒီလိုစဉ်းစားမိရင် ဘယ်လောက် ကောင်းမလဲ”ဆိုတာမျိုးတွေ တွေးမိပြီး အချိန်တွေ ဖြုန်းတီးနေတတ်ပါတယ်။ တစ်ခု နှလုံးသွင်းထားရမှာက အတိတ်ဆိုတာ ကျွန်တော်တို့ ဘယ်လိုမှ ပြောင်းလဲလို့ မရတော့တဲ့အရာဖြစ်ပါတယ်။ ဒါကြောင့် အတိတ်ကို အတိတ်မှာပဲ ထားခဲ့ပြီး အနာဂတ်အတွက် တက်ကြွတဲ့ ခြေလှမ်းတွေ စတင်ဖို့ လိုအပ်ပါတယ်။

အချုပ်အားဖြင့်ပြောရရင် လောကမှာ ပြောင်းလဲဖို့ နောက်ကျနေပြီဆိုတာ မရှိပါဘူး။ အကယ်လို့ သင့်မှာ အထက်က အချက်တွေ စွဲကပ်နေပြီဆိုရင်တော့ အခုပဲ ရုန်းထဖို့ ကြိုစားလိုက်ပါတော့ ပရိသတ်ကြီးရေ။