အင်္ဂါနေ့လေးအတွက် ဖျော်ဖြေစရာလေးများ – အပိုင်း (၉)

blank
၁။ သေမှာထက်တောင် ကြောက်သေး… ။

လူတစ်ယောက်ဟာ ကင်ဆာရောဂါကြောင့် သေဆုံးခါနီး အချိန်ထိကို သူ့ရောဂါကို AIDS ရောဂါ ဆိုပြီး တစ်ခြားလူတွေကို အသိပေးထားတယ်။

ဒါကို သိတဲ့ သူ့သားက ဘာကြောင့်လဲ ဆိုတာ မေးတော့တာပေါ့။ ဒီတော့ အဲ့ဒီလူ ပြန်ပြောလိုက်တာက “ ညံ့ပါ့ ငါ့သားရာ ဒီလိုပြောမှ ငါသေသွားရင် ဘယ်သူမှ မင်းအမေအနား မကပ်ရဲမှာပေါ့ကွ “တဲ့လေ။

၂။ သိသွားလား… ။

        ဇနီးမောင်နှံ ပန်းချီပြပွဲ တစ်ခုကို သွားကြတယ်။ အဲ့ဒီက ပန်းချီကားတွေထဲက တစ်ခုမှာ မိန်းကလေးတစ်ယောက် ပုံကို တွေ့ကြတယ်။ ထူးဆန်းတာက အဲ့ဒီပုံထဲက မိန်းကလေးမှာ ဘာအဝတ်အစားမှာ မပါဘဲ သစ်ရွက်လေးတွေပဲ အုပ်ထားတယ်။

မိန်းမဖြစ်သူက ပန်းချီပြခန်းတစ်ခုလုံး လိုက်ကြည့်နေပေမယ့် ယောင်္ကျားဖြစ်သူကတော့ ခုနက ပန်းချီကားကို ကြည့်ရင်းပဲ ပါးစပ်အဟောင်းသား ဖြစ်နေတယ်။ ဒီတော့ မိန်းမဖြစ်သူ သူ့အနားလာပြီး မေးလိုက်တာက “ ဒီမယ် ကိုဟဝှာ… ရှင် ဒီနေ့ အိမ်ရော ပြန်ဖို့စိတ်ကူးရှိသေးရဲ့လား… ဘာလဲ ရှင်က ပန်းချီပြခန်းထဲ လေမုန်တိုင်းဝင်ပြီး အဲ့ဟာမဆီက သစ်ရွက်တွေများ ကွာကျသွားမလားလို့ စောင့်နေတာလား … ဟုတ်လား ” တဲ့လေ။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၃။ ဘာအခုမှ ကြောက်ပါပြီလဲ… ။

ဇနီးမောင်နှံနှစ်ယောက် အပန်းဖြေခရီးထွက်လာကြတယ်။ ဒါပေမယ့် ဇနီးသည်မှာက အလုပ်ကိစ္စ ခရီးစဉ်ကလည်း ရှိနေတော့ ယောင်္ကျားဖြစ်သူကပဲ သွားမယ့် နေရာကို ကြိုထွက်လာလိုက်တယ်။ နောက်နေ့မှ သူတို့ဆုံကြမယ့်ပေါ့။ ယောင်္ကျားဖြစ်သူ တည်းမယ့် ဟိုတယ် ရောက်တဲ့အခါမှာ သူက မိန်းမဆီတော့ အကြောင်းကြား လိုက်ဦးမဟ ဆိုပြီး အီးမေးလ် တစ်စောင် ခက်သွက်သွက် ရေးပို့လိုက်တယ်။

ကံဆိုးချင်းကြီးစွာနဲ့ သူ့မိန်းမ အီးမေးလ်လိပ်စာအစား မနေ့ကမှ ယောင်္ကျားသေလို့ အသုဘပို့ခဲ့တဲ့ ဘရမ်းနယူး(brand new) မုဆိုးမဆီ မှားရောက်သွားပါလေရော… ။

အဲ့ဒီမုဆိုးမက သူမရဲ့ အီးမေးလ်ကို စစ်တဲ့အခါမှာတော့ ခုနက ဟိုတစ်ယောက် မှားပို့တဲ့ စာကိုလည်း ဖတ်ပြီးရော စူးစူးဝါးဝါး အော်ပြီး ကြမ်းပြင်ပေါ် မေ့လဲ သွားပါတော့တယ်။

အဲ့ဒီအချိန် သူမရဲ့ မိသားစုတွေ ရောက်လာပြီး လဲနေတဲ့သူမနဲ့ ကွန်ပျူတာမျက်နှာပြင်မှာ မြင်လိုက်ရတာက…

ရှုမငြီးတဲ့ ချစ်ဇနီးလေးရေ…

အခုမှပဲ နေရာတကျ ဖြစ်တယ်ကွာ။ မနက်ဖြန် မောင့်ချစ်ဇနီးလေး ရောက်လာရင် အဆင်ပြေအောင်လည်း အားလုံး အဆင်သင့် လုပ်ထားတယ် သိလား… ။

စာကြွင်း။ သေချာတာကတော့ ဒီမှာအရမ်းပူတာပဲကွာ။

၎။  ရွှီးပုံက ကမ်းကုန်… ။

သားအဖနှစ်ယောက် ပြတိုက်တစ်ခုကို လာကြတယ်။ အဲ့ဒီနောက် သားဖြစ်သူက အရိုးခေါင်းတစ်ခုကို မြင်ပြီး မေးတယ်။

သား။ ဖေဖေ ဒါက ဘယ်သူ့ အရိုးခေါင်းကြီးလဲဟင်… ။

အဖေ။ သြော် ဒါက ဂန္ဓီ(Gandhiji) အရိုးခေါင်းလေ။

သားအဖ နှစ်ယောက် ဆက်ပြီး လှည့်ပတ် ကြည့်နေကြတုန်း ခုနကထက် သေးတဲ့ အရိုးခေါင်းအသေးတစ်ခု ထပ်တွေ့ပြန်ရော။

သား။ ဖေဖေ ဒါကရော ဘယ်သူ့ အရိုးခေါင်းလဲဟင်… ။

အဖေ။ သြော်… ဒီအရိုးခေါင်းကလည်း ဂန္ဓီငယ်ငယ်တုန်းက ခေါင်းပေါ့ ငါ့သားရ… ။

၅။ ဆံဖြူသွားကျိုးမှများ သိရလေမလား… ။

ကြင်စဦး မောင်နှံစကားပြောနေကြတယ်။

အမျိုးသား။ ချစ်ရေ… မောင်နဲ့ လက်မထပ်ခင်ထိ ရည်းစားဘယ်နှယောက်ထားခဲ့ဘူးလဲ ပြောပြပါဦး ကွ… ။

သူ့အမျိုးသမီးဆီက ဘာသံမှ မကြားရတော့…

အမျိုးသား။ ဟေ့… ချစ် ဘာလဲ မပြောပြချင်ဘူးလား… ။

အမျိုးသမီး။ ဟာ မောင်ကလည်း လောလိုက်တာ ချစ်က ရေလို့မှ မပြီးသေးတာ… ပြီးရင်ပြောမှာပေါ့။

သဘောကျနှစ်သက်တယ် ဆိုရင် သူငယ်ချင်းတွေလည်း သိနိုင်အောင် Share ပါ။