အင်္ဂါနေ့လေးအတွက် ရယ်မောစရာ ဟာသလေးများ – အပိုင်း – ၈

blank
၁။ ကလေး… ကလေး ပြောတာပါရှင့်…ကျ… ကျ… ကျွန်မ မပြောရဲပါဘူး… ။

ဆရာမ။ အခု လက်ရှိနိုင်ငံ့ခေါင်းဆောင်က ဘယ်သူလဲ။

ကျောင်းသား။ မသိပါဘူး ခင်ဗျ။

ဆရာမ။ ကြက်အစ်မက ဘာလုပ်လဲ။

ကျောင်းသား။ မသိပါဘူး ခင်ဗျ။

ဆရာမ။ ကားတွေရဲ့ ပျမ်းမျှ အမြန်နှုန်းက ဘယ်လောက်လဲ။

ကျောင်းသား။ မသိပါဘူး ခင်ဗျ။

ဆရာမ။ အေး အိမ်ရောက်ရင် မိဘတွေဆီကနေ မေးခဲ့၊ မနက်ဖြန် ဆရာမကို ပြန်ပြောပြ ကြားလား။

ကျောင်းသားလေးက မိဘတွေကို မေးမြန်းပြီး နောက်နေ့မှာ ဖြေလိုက်တာက…

ကျောင်းသား။ ဦးသိန်းစိန် တစ်နာရီကို ၄၅ ကီလို (45km/hour) နှုန်း ကြက်ဥများ ဥပါသည်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၂။ ဖြစ်ရဦးမယ်… ။

သူဌေး။ မင်းမနေ့က ဘာလို့ သစ်ပင်တွေ ရေမလောင်းတာလဲ… ။

အလုပ်သမား။ မိုးရွာလို့ပါ သူဌေး ခင်ဗျ။

သူဌေး။ ဟာ မင်းရူးနေလား၊ မင်း မိုးစိုမှာ ကြောက်လည်း ထီးဆောင်းပြီး သွားပေါ့ဟ။

၃။ ကောင်းလိုက်တဲ့ ဆင်ခြေ… ။

ဆရာကြီး။ ဂျိမ်းစ် (James)… မင်းဘာလို့ ကျောင်းနောက်ကျတာလဲကွ။

ဂျိမ်းစ်။ ဟို… ဟို… ကျွန်တော် ဘောလုံးပွဲ တစ်ပွဲကို အိပ်မက် မက်နေလို့ပါ ဆရာကြီး… ဘောလုံးပွဲက အချိန်ပိုတွေ အကြာကြီး ကန်နေရတော့ ပြီးတော့မလား ပြီးတော့မလားနဲ့ စောင့်အိပ်ရင်း နောက်ကျသွားတာပါ။

၎။ နောက်တောင်ကျနေပြီ… ။

ယာဉ်ထိန်းရဲတစ်ယောက်က တစ်လမ်းမောင်းကို ပြောင်းပြန်မောင်းဝင်လာတဲ့ ကားသမားကို တားပြီး စစ်ဆေးတယ်။ “ခင်ဗျား ဘာလုပ်မိလဲ သိလား။”

ဒီတော့ ကားသမားက “ကျွန်တော်သေချာတော့ မသိဘူးဗျ၊ ဒါပေမယ့် ကျွန်တော် တော် တော်နောက်ကျနေတာတော့ သိတယ်၊ သူများတွေဆို ပြန်တောင်လာနေကြပြီ” ။

၅။ သေတောင် ချက်မကျွေးတော့ဘူး… ။

စုံတွဲ တစ်တွဲဟာ စားသောက်ဆိုင်တစ်ခုမှာ ညစာစားဖို့ ရောက်နေကြတယ်။ အစားအစာတွေ ရောက်လာတော့…

အမျိုးသား။ အစားအသောက် တွေကတော့ စားလို့ကောင်းမယ့်ပုံပဲဟေ့… စားကြစို့… ။

အမျိုးသမီး။ ယောင်္ကျား ရှင် အိမ်မှာဆို မစားခင် ဆုတောင်းတယ်လေ… ။

အမျိုးသား။ အဲ့ဒါအိမ်မှာမို့ပေါ့ မိန်းမရာ… ဒီဆိုင်က စားဖိုမှုးက လက်ရာကောင်းလောက်တယ် ဟ… ။

သဘောကျနှစ်သက်တယ် ဆိုရင် သူငယ်ချင်းတွေလည်း သိနိုင်အောင် Share ပါ။