အသိဥာဏ် မြင့်လာစေဖို့ ဖတ်သင့်သော စာစုလေးများ- အပိုင်း(၁)

blank

၁။ နေထွက်ပြီ ဆိုတာနဲ့ အိပ်ယာထပြီး ဘုရားရှိခိုး။ တစ်ယောက်တည်း ဖြစ်စေ၊ မကြာခဏ ဖြစ်စေ ဘုရားစာရွတ်။ ဒါတွေကို နတ်ကောင်း နတ်မြတ်တွေ ကြားသိမှာပါ။

၂။ ဘဝမှာ လမ်းပျောက်နေတဲ့ သူတွေကို စိတ်ရှည်သည်းခံပေးပါ။ လျစ်လျူရှုတာတွေ၊ ဘဝင်မြင့်တာတွေ၊ ဒေါသကြီးတာတွေ၊ ပြီးတော့ အစားကျူးတာတွေကို အတတ်နိုင်ဆုံး ခွင့်လွှတ်ပေးလိုက်ပါ။ ပြီးတော့ သူတို့ကို လမ်းမှန်ပြနိုင်မယ့်သူ တွေ့ပါစေလို့လည်း ဆုတောင်းပေးလိုက်ပါ။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၃။ သင့်စိတ်ကိုယ်သင် မြင်အောင်ကြည့်ပါ။ သင့်လမ်းကြောင်းကို သူများက ဖောက်ပေးတာမျိုး မဖြစ်ပါစေနဲ့။ သင့်ဘဝလမ်းကြောင်းကို တစ်ခြားသူတွေ ဆိုတာ သင်နဲ့ အတူလိုက် လျှောက်ပေးလို့ ရပေမယ့် သင့်အတွက် ကူပြီး လျှောက်ပေးဖို့တော့ မဖြစ်နိုင်ပါဘူး။

၎။ သင့်အိမ်ကို ဧည့်သည်လာရင်လည်း ဧည့်ဝတ်ကျေပါ။ သင်တတ်နိုင်သလောက် အကောင်းဆုံး အစားအစာ၊ နေရာထိုင်ခင်းတွေနဲ့ ဧည့်ခံပေးပါ။ ပြီးတော့ သူတို့အပေါ် လေးစားမှုနဲ့ ရိုးသားစွာ ဆက်ဆံပါ။

၅။ သင့်ပစ္စည်းမဟုတ်ရင် လူတစ်ယောက်ဆီက ဖြစ်စေ၊ အဖွဲ့အစည်း ဆီက ဖြစ်စေ၊ တောထဲက ဖြစ်စေ ဘာတစ်ခုမှ မယူမိပါစေနဲ့။ သင့်ကို ပေးတာ သို့မဟုတ် သင်ကိုယ်တိုင် ကြိုးစားရယူထားတာ မဟုတ်ရင် အဲ့ဒါက သင့်ဟာ လုံးဝ မဟုတ်ပါဘူး။
သဘောကျနှစ်သက်တယ် ဆိုရင် သူငယ်ချင်းတွေလည်း သိနိုင်အောင် Share ပါ။