အုန်းရည် သောက်သုံးခြင်း၏ အကျိုးကျေးဇူးများ

blank
၁။ အဆီကျ လှပစေပါတယ်။

အုန်းရည်မှာ အဆီပါဝင်မှု နည်းပါးခြင်း၊ မလိုအပ်ဘဲ အစား ခဏခဏ စားချင်စိတ်ကို လျှော့ချပေးခြင်း တို့ကြောင့် သင့်ကို အဆီကျ လှပစေမှာပါ။

၂။ ဆီးချို ဖြစ်ပွားမှု အန္တရာယ်မှ ကာကွယ်ပေးပါတယ်။

အုန်းရည်မှာ အချိုဓါတ်ပါဝင်မှု နည်းပါးခြင်းကြောင့် ဆီးချိုရောဂါတွက် စိုးရိမ်စရာ မလိုပါဘူး။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၃။ အစာချေစနစ်ကို အထောက်အပံ့ ဖြစ်စေပါတယ်။

ရိုးရိုးရေထက် ရေဓါတ်ပါဝင်မှု များတာကြောင့် အုန်းရည် သောက်သုံးခြင်းက အစာခြေဖျက်မှုကိုလဲ အထောက်အပံ့ ဖြစ်စေပါတယ်။ ဒါ့အပြင် အဟာရ စုပ်ယူမှု အားကိုလည်း ပိုမို ကောင်းမွန်စေပါတယ်။

၎။ ဗိုင်းရပ်စ်ပိုးမွှားတွေရဲ့ အန္တရာယ်ကနေ ကာကွယ်ပေးပါတယ်။

အအေးမိခြင်း၊ ရေယုန်စွဲခြင်း စတာတွေဟာ ဗိုင်းရပ်စ်ပိုးတွေကြောင့် ဖြစ်ပွားရတာပါ။ အုန်းရည်မှာ အန်တီဗိုင်းရပ်စ် ပါဝင်တာကြောင့် ရောဂါပိုးတွေကို သေစေပြီး ဗိုင်းရပ်စ် ကြောင့်ဖြစ်ပွားတဲ့ ရောဂါတွေကို ကာကွယ်ပေးပါတယ်။

၅။ ခန္ဓာကိုယ်မှာရှိတဲ့ ဆဲလ်တွေနဲ့ ဇီဝလည်ပတ်မှုကို အားဖြည့်တင်းပေးပါတယ်။

ပိုတက်ဆီယမ်နဲ့ ဆိုဒီယမ် ပါဝင်မှု နည်းပါတာကြောင့် လက်ရှိဈေးကွက်ဝင် အသင့်သောက် ဖျော်ရည်တွေနဲ့စာရင် သောက်သုံးသင့်တဲ့ သဘာဝအားဖြည့် အရည် တစ်မျိုးဖြစ်ပါတယ်။

တစ်ခုခုမှတ်သားစရာ ရခဲ့မယ်ဆို Share ပေးဖို့မမေ့နဲ့နော်။