သင် လုံးဝ မကျင့်သုံးသင့်တဲ့ အပျက်စိတ် ၅ ခု

blank

ကိုယ်မြင်လိုက်တဲ့ အရာတစ်ခုကို ဘယ်လိုခံယူလဲဆိုတာအပေါ် မူတည်ပြီး အဆိုးမြင်စိတ်တွေ၊ အကောင်းမြင်စိတ်တွေဆိုတာ ဖြစ်လာရတာပါ။ ဒါပေမယ့် ဒါကို မိမိကိုယ်တိုင် သတိထားမိမယ်ဆိုရင်တော့ အဆိုးမြင်စိတ်တွေကနေ ကျွန်မတို့ အတွက် အထောက်အကူ ဖြစ်စေမယ့် အပြုသဘောဆောင်တဲ့ အတွေးအမြင်လေးတွေ ဖြစ်လာမှာပါ။

အောက်ဖက်မှာ ဖော်ပြထားတာတွေကတော့ ကျွန်မတို့သတိမထားမိဘဲ ကျွန်မတို့ စိတ်ထဲမှာ နေ့စဉ်လွှမ်းမိုးနေတဲ့ အဆိုးမြင်စိတ်လေးတွေပဲ ဖြစ်ပါတယ်။ သတိထားရှောင်ကြဉ်ရမယ့် အပျက်သဘောဆောင်တဲ့ အတွေးလေးတွေကတော့…

၁။ ငါ့မှာ အချိန်မရှိဘူး။

“ငါက အရမ်းအလုပ်များတယ်” ပြီးတော့ “ငါ့မှာ အချိန်မရှိဘူး” ဆိုတာတွေက လူသုံးများတဲ့ ဆင်ခြေတွေပါ။ တစ်ကယ် အရေးကြီးမှန်း သိနေတဲ့ အရာအတွက် ဆိုရင်တော့ ပေးစရာ အချိန်ဆိုတာ ရှိလာမှာပါ။ ဒီတော့ အထက်ပါ ဆင်ခြေတွေကို တတ်နိုင်သမျှ မသုံးမိအောင် ကြိုးစားပါ။

၂။ ဒါကို လုပ်နိုင်မယ့် အရည်အချင်းမျိုး ငါ့မှာ မရှိဘူး။

ဒီလိုအတွေးမျိုးက ကျွန်မတို့ ရရှိဖို့ အလားအလာရှိတဲ့ အောင်မြင်မှုတွေကိုတောင် နောက်ဆုတ်သွားစေပါတယ်။ ကျွန်မတို့ဟာ ကျွန်မတို့ရဲ့ လုပ်နိုင်စွမ်းတွေကို သံသယ ထားနေမယ် ဆိုရင် အခက်အခဲတွေကို ကျော်ဖြတ်ပြီး ရှေ့ဆက်မယ့်အစား ခေါင်းရှောင်ဖို့ပဲ ကြိုးစားနေမိတော့မှာပါ။ တစ်ကယ်လို့ ကျွန်မတို့သာ ကိုယ့်ဘဝမြင့်မားလာဖို့ ရှေးရှုပြီး ဘယ်လို အခက်အခဲပဲရှိပါစေ ဖြတ်ကျော်မယ်ဆိုတဲ့ အတွေးမျိုး ရှိနေရင် ဘာကိုမှ ချီတုံချတုံ ဖြစ်နေစရာမလိုတော့ပါဘူး။ ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို ဇွဲရှိရှိနဲ့ လျှောက်လှမ်းသွားလိုက်ရုံပါပဲ။

၃။ ငါဒါတွေ ပြောနေလည်း အပိုပါပဲ။

လူတွေက စိတ်ပျက်သွားမလား ဆိုပြီး မိမိဆုံးဖြတ်ထားတာတွေကို မပြောဘဲ၊ မလုပ်ဘဲ နေတာမျိုးက မဖြစ်သင့်ပါဘူး။ ကိုယ့်အတွက် အကောင်းဆုံး ဖြစ်မယ်လို့ ထင်ပြီး စဉ်းစားထားတဲ့ ဆုံးဖြတ်ချက်တွေအတွက် ဘယ်တော့မှ နောင်တမရပါနဲ့။ ကျွန်မတို့ ဆုံးဖြတ်ချက်ကို မှန်ကန်မှန်း သိတဲ့သူတွေကတော့ နားလည်ပေးတဲ့ အပြင် အထောက်အပံ့တွေတောင် ပေးနိုင်ပါတယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၎။ ငါအဆင်သင့် မဖြစ်သေးဘူး။

ဘယ်သူမှတော့ အစကတည်းက အဆင်သင့်ဖြစ်နေတယ်ဆိုတာ မရှိပါဘူး။ ဘာမှမလုပ်ဘဲ အဆင်သင့်ဖြစ်ဖို့ ထိုင်စောင့်နေလို့ကတော့ ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။ အစီအစဉ်ဆွဲပါ၊ ပြင်ဆင်မှုတွေ လုပ်ပါ၊ ပြီးတော့ တစ်ချို့နေရာတွေမှာ တစ်ဆင့်ချင်း ခွဲပြီး လုပ်ဆောင်ပါ။ ပထမဆုံး ခြေလှမ်းကတော့ အမြဲ အခက်ခဲဆုံး ဖြစ်နေတတ်ပါတယ်။ အဲ့ဒီ အခက်အခဲတွေကို ကျော်ဖြတ်ပါ၊ အမှားတွေ ကနေ သင်ယူပါ၊ ပြီးတော့ သင်တွေ့ကြုံခဲ့သမျှတွေကနေ သင်ခန်းစာတွေ ယူပါ။

၅။ ငါ့မှာ လုပ်နိုင်စွမ်း မရှိဘူး။

ငါ့မှာ လုပ်နိုင်တဲ့ အင်အားမရှိဘူး လို့တွေးနေမိတာကလည်း အဖျက်သဘောဆောင်တဲ့ အတွေးအမြင်တစ်ခုပါပဲ ။ တစ်ကယ်တော့ ဘယ်သူမှ ဘဝကို လွယ်လွယ်နဲ့ ဖြတ်သန်းနေကြရတာ မဟုတ်ပါဘူး။ ကျွန်မတို့အားလုံး လက်ခံသင့်တာကတော့ ပျော်ရွှင်စရာကောင်းတဲ့ ဘဝဆိုတာ ကိုယ်တိုင်ဖန်တီး ယူရတယ်ဆိုတာပါပဲ။

အဆိုးမြင်တတ်တဲ့ အတွေးတွေကို ပြောင်းလဲဖို့ ဆိုတာ လွယ်တော့ မလွယ်ကူပါဘူး။ အပြုသဘောမြင်တတ်တဲ့ လူအများစုတောင် အဆိုးမြင်တတ်တဲ့သူတွေနဲ့ နေရတာများလာတဲ့အခါ ကိုယ့်မှာရှိနေတဲ့ ယုံကြည်မှုတွေ၊ တန်ဖိုးထားမှုတွေတောင် လျော့နည်းသွားတတ်ပါတယ်။ ဒါကြောင့် အဆိုးမြင်ခြင်းက အရမ်းကို ကြောက်စရာကောင်းလှပါတယ်။ ဒီတော့ ဂန္တဝင် ပရိတ်သတ်ကြီးလည်း အမြဲ အပြုသဘော ဆောင်တဲ့ အတွေးတွေ တွေးပြီး အောင်မြင်ပျော်ရွှင်တဲ့ ဘဝတွေ ရရှိကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

သဘောကျနှစ်သက်တယ် ဆိုရင် သူငယ်ချင်းတွေလည်း သိနိုင်အောင် Share ပါ။