လူရယ်လို့ ဖြစ်လာပြီ ဆိုရင်…

blank
၁။ သင့်မှာ ခန္ဓာတစ်ခုရမယ်။

သင်ကြိုက်သည် ဖြစ်စေ၊ မကြိုက်သည် ဖြစ်စေ တစ်ဘဝလုံး အတွက်တော့ အဲ့ဒီခန္ဓာက သင့်ကိုယ်ပိုင်ပါပဲ။

၂။ သင်ခန်းစာတွေ သင်ယူရမယ်။

သင်ဟာ ဘဝဆိုတဲ့ လက်တွေ့ကျောင်းတော်ကြီးမှာ တစ်ဘဝလုံးစာ ကျောင်းအပ်ထားရမယ်။ တစ်နေ့စီမှာ မရိုးနိုင်တဲ့ အတွေ့အကြုံတွေရမယ်။ သင် အဲ့ဒီ အတွေ့အကြုံတွေကနေ သင်ခန်းစာတွေ သင်ယူရမယ်။ တစ်ချို့ကို သင်နှစ်သက်သလို တစ်ချို့ကိုတော့ မဆီမဆိုင်ပါ ဆိုတာမျိုး ရူးကြောင်ကြောင်တွေပါ ဆိုတာမျိုးတွေ တွေးမိနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီသင်ခန်းစာတွေဟာ ကိုယ့်ဘဝရပ်တည်ရှင်သန်ရာမှာ ကိုယ့်အတွက် တစ်နည်းနည်းနဲ့ အသုံးဝင်ပါလိမ့်မယ်။

၃။ အမှားတွေ ဆိုတာထက် သင်ခန်းစာ ယူဖို့အတွက် ဖြစ်ပါတယ်။

ကြီးပြင်းလာခြင်း ဆိုတာ လက်တွေ့လုပ်ဆောင်မှုတွေ၊ စမ်းသပ်မှုတွေနဲ့ အမှားတွေကနေ ဖြစ်လာတဲ့ ဖြစ်စဉ်တစ်ခုပါ။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၎။ သင်ခန်းစာဆိုတာ ကိုယ် မယူရသေးသ၍ ပုံစံအမျိုးမျိုးနဲ့ ထပ်တလဲလဲ တွေ့ရတတ်တယ်။

သင်ခန်းစာယူစရာတွေက မယူသေးသ၍ သင့်ဆီကို ပုံစံ အမျိုးမျိုးနဲ့ လာနေမှာပါ။ သင်ယူပြီးပြီ ဆိုမှ နောက်သင်ခန်းစာတွေ ထပ်တွေ့ရမှာပါ။

၅။ သင်ယူခြင်းက ဘယ်တော့မှ မပြီးဆုံးနိုင်သော အရာ ဖြစ်ပါတယ်။

သင်ယူစရာ မရှိတော့တဲ့ ဘဝ ဆိုတာ မရှိပါဘူး။ အသက်ရှင်နေသမျှတော့ သင်ယူစရာတွေ အများကြီး ရှိပါတယ်။

၆။ လက်ရှိနေရာ ဒီနေရာ ဆိုတာထက် ကောင်းတာ မရှိပါဘူး။

သင်အရင်က အဲ့ဒီနေရာ ဆိုပြီး မျှော်ကြည့်ခဲ့ရတဲ့ နေရာက ဒီနေရာ ဆိုတဲ့ သင့်နေရာ ဖြစ်လာတဲ့အခါမှာ သင့်အတွက် အရင်ကလိုပဲ လက်ရှိထက် ကောင်းတဲ့ မျှော်ကြည့်စရာ အဲ့ဒီနေရာ ဆိုတာ ထပ်ရှိလာတတ်ပါတယ်။

၇။ သင့်ဘဝက သင့်အပေါ်မှာပဲ မူတည်ပါတယ်။

သင်လိုအပ်တဲ့ အရာတွေက သင့်မှာ ရှိနေပါတယ်။ အဓိကကတော့ သင်ဘယ်လို အသုံးချလဲ ဆိုတာမှာ မူတည်ပါတယ်။ သင့်မှာ ရွေးချယ်ခွင့်ရှိပါတယ်။

၈။ အဖြေဆိုတာ သင့်ဆီမှာပဲ ရှိနေတာပါ။

ဘဝရဲ့ မေးခွန်းတွေအတွက် အဖြေတွေက သင့်ဆီမှာ ရှိပါတယ်။ သင်လုပ်ရမှာက သေချာ မြင်အောင်ကြည့်၊ သေချာနားစွံ့ပြီး သေချာပြီ ဆိုမှ ချင့်ချိန် ယုံကြည်ဖို့ပါ။

ဗဟုသုတရလိုက်တယ် ဆိုရင် သူငယ်ချင်းတွေလည်း သိနိုင်အောင် Share ပါ။